ဆာလံ Chapter 27

For English

Read ဆာလံ Chapter 27 Online

Read ဆာလံ Chapter 27 online from the Holy Bible. This chapter is part of the Book of ဆာလံ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ဆာလံ and the Holy Bible online.

Choose a Chapter

ဆာလံ 27

အခန်း 27

1. ထာဝရဘုရားသည် ငါ၏အလင်း၊ ငါ့ကို ကယ်တင်သော အရှင်ဖြစ်တော်မူ၏။ ငါသည် အဘယ် သူကို ကြောက်ရအံ့နည်း။ ထာဝရဘုရားသည် ငါ့၏ အသက်ခိုလှုံရာဖြစ်တော်မူ၏။ ငါသည် အဘယ်သူကိုမျှ ကြောက်လန့်ရအံ့နည်း။

2. ငါ့ကိုအငြိုးထားသော ရန်သူလူဆိုးတို့သည်၊ ငါ့အသားကို ကိုက်စားမည်ဟု လာကြသောအခါ၊ ခြေ တိုက်မိ၍ လဲကြ၏။

3. ငါတဘက်၌ တပ်ချကြသော်လည်း၊ ငါ့နှလုံး မကြောက်တတ်။ စစ်ချီ၍လာကြသော်လည်း၊ ထိုအမှုတွင် ပင် တည်ကြည်သော စိတ်ရှိလိမ့်မည်။

4. ထာဝရဘုရား၏ တင့်တယ်ခြင်း အသရေတော် ကို ဖူးမြင်၍၊ ဗိမာန်တော်၌ မွေ့လျော်ခြင်းအလိုငှါ၊ ထာဝရဘုရား၏ အိမ်တော်မှာ တသက်လုံးနေရမည် အကြောင်းတည်းဟူသော အခွင့်တခုကို ထာဝရဘုရား၌ ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်။

5. အကြောင်းမူကား၊ ဘေးအန္တရာယ်ရောက်သည့် ကာလ၊ တဲတော်တွင် ငါ့ကို ကိုးကွယ်တော်မူမည်။ ဗိမာန် တော်အတွင်းအရပ်၌၊ ငါ့ကို ဝှက်ထားတော်မူမည်။ ကျောက်ပေါ်မှာလည်း ငါ့ကိုတင်ထားတော်မူမည်။

6. ယခုပင် ငါ့ပတ်လည်၌ရှိသော ရန်သူတို့၏ အပေါ်သို့ ငါ့၏ဦးခေါင်းကို ချီးမြှောက်တော်မူ၏။ ထိုကြောင့် ဗိမာန်တော်မှာ တံပိုးမှုတ်ခြင်းနှင့်တကွ ယဇ် ပူဇော်ပါမည်။ သီချင်းဆိုပါမည်။ ထာဝရဘုရားကို ထောမနာသီချင်းဆိုပါမည်။

7. အိုထာဝရဘုရား၊ အကျွန်ုပ်အောဟစ်သော အသံကိုနားထောင်တော်မူပါ။ အကျွန်ုပ်ကို သနား၍ ထူးတော်မူပါ။

8. ငါ၏မျက်နှာကို ရှာကြလော့ဟူသော အမိန့် တော်ကို ရှေ့တော်၌ အကျွန်ုပ်သည် သတိပြုလျက်၊ အိုထာဝရဘုရား၊ ကိုယ်တော်၏ မျက်နှာကို ရှာပါမည်။

9. အကျွန်ုပ်ကို မျက်နှာလွှဲတော်မမူပါနှင့်။ အမျက် ထွက်၍ ကိုယ်တော်၏ ကျွန်ကိုပယ်တော်မမူပါနှင့်။ အကျွန်ုပ်ကို ကယ်တင်တော်မူသောဘုရား၊ ကိုယ်တော် သည် အကျွန်ုပ်ကို မစတော်မူဘူးသည်ဖြစ်၍၊ အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။

10. ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကို ချီယူတော်မူမည်။

11. အိုထာဝရဘုရား၊ ကိုယ်တော်၏လမ်းကို အကျွန်ုပ်အား ပြသသွန်သင်တော်မူပါ။ အကျွန်ုပ်၏ ရန်သူတို့ကြောင့် ဖြောင့်သောလမ်းထဲ၌ အကျွန်ုပ်ကို ပို့ဆောင်တော်မူပါ။

12. မမှန်သောသက်သေကို ခံသောသူတို့နှင့် ညှဉ်း ဆဲခြင်းငှါ၊ ပြင်းစွာ အသက်ရှူသော သူတို့သည် အကျွန်ုပ် တဘက်၌ ထကြသည်ဖြစ်၍၊ ရန်သူတို့အလိုသို့ အကျွန်ုပ် ကို အပ်နှံတော်မမူပါနှင့်။

13. အကယ်စင်စစ် အသက်ရှင်သောသူတို့၏ နေရာတွင်၊ ထာဝရဘုရား၏ ကျေးဇူးတော်ကို ငါတွေ့မြင် ပြီဟု ယုံမှတ်စွဲလမ်းခြင်းရှိ၏။

14. ထာဝရဘုရားကို မြော်လင့်လော့။ အားယူ၍ ရဲရင့်သော စိတ်နှလုံးရှိလော့။ ထာဝရဘုရားကို မြော်လင့် လျက်နေလော့။

About ဆာလံ Chapter 27

Read ဆာလံ Chapter 27 online from the Holy Bible. This chapter is part of the Book of ဆာလံ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ဆာလံ
Chapter: 27
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ဆာလံ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ဆာလံ Chapter 27 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ဆာလံ Chapter 27?

ဆာလံ Chapter 27 is part of the Book of ဆာလံ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ဆာလံ Chapter 27 online for free with easy chapter navigation.

More Chapters from ဆာလံ

  1. ဆာလံ Chapter 17
  2. ဆာလံ Chapter 32
  3. ဆာလံ Chapter 50
  4. ဆာလံ Chapter 31
  5. ဆာလံ Chapter 26
  6. ဆာလံ Chapter 25
  7. ဆာလံ Chapter 30

Explore More from ဓမ္မဟောင်း‌ကျမ်း

  1. အာမုတ် Chapter 9
  2. ၂ ရာဇဝင် Chapter 23
  3. ဧသတာ Chapter 2
  4. ယောဘ Chapter 4
  5. ယေဇကျေလ Chapter 34
  6. ၂ ရာမူ Chapter 18
  7. ယေဇကျေလ Chapter 18

Related Chapters & Readings

  1. ဆာလံ Chapter 77
  2. ၂ ရာဇဝင်ချုပ် Chapter 6
  3. ၂ ရာဇဝင် Chapter 4
  4. ဆာလံ Chapter 148
  5. ဧဇရ Chapter 4
  6. တမန်တော် Chapter 9
  7. ဟေရှာယ Chapter 35
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *