Read ဟေရှာယ Chapter 35 Online
Read ဟေရှာယ Chapter 35 online from the Holy Bible. This chapter is part of the Book of ဟေရှာယ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ဟေရှာယ and the Holy Bible online.
Choose a Chapter
ဟေရှာယ 35
အခန်း 35
1. တောနှင့် လွင်ပြင်သည် ဝမ်းမြောက်လိမ့်မည်။ ဆိတ်ညံသော အရပ်သည်လည်း ရွှင်လန်း၍၊ နှင်းပွင့်ကဲ့ သို့အပွင့် ပွင့်လိမ့်မည်။
2. အလွန်ပွင့်လန်း၍ဝမ်းမြောက်ခြင်း၊ သီချင်းဆို ခြင်းနှင့် တကွ မြူးထူးလိမ့်မည်။ လေဗနုန်တောင်၏ ဘုန်း နှင့်၎င်း၊ ကရမေလတောင်၊ ရှာရုန်အရပ်တို့၏ တင့်တယ် ခြင်း အသရေနှင့်၎င်း ပြည့်စုံလိမ့်မည်။ ထာဝရဘုရား၏ ဘုန်းတော်ကို၎င်း၊ ငါတို့ဘုရားသခင်၏ တန်ခိုးအာနု ဘော်တော်ကို၎င်း မြင်ရကြလိမ့်မည်။
3. အားမရှိသောလက်တို့ကို ခိုင်ခံ့စေကြလော့။ လှုပ်တတ်သော ဒူးတို့ကို မြဲမြံစေကြလော့။
4. အားယူကြလော့၊ မစိုးရိမ်ကြနှင့်ဟု ကြောက် တတ်သော သူတို့အား ဆိုကြလော့။ အကြောင်းမူကား၊ သင်တို့၏ ဘုရားသခင်သည် အပြစ်ပေးလျက်၊ ဒဏ်စီ ရင်လျက်ကြွလာတော်မူလိမ့်မည်။ ဘုရားသခင်သည် ကိုယ်တော်တိုင် ကြွလာ၍၊ သင်တို့ကို ကယ်တင်တော်မူ လိမ့်မည်။
5. ထိုအခါ မျက်စိကန်းသောသူတို့သည် မျက်စိပွင့် လင်းကြလိမ့်မည်။ နားပင်းသောသူတို့သည် နားပင်းခြင်း နှင့် လွတ်ကြလိမ့်မည်။
6. ခြေဆွံ့သောသူတို့သည် ဒရယ်ကဲ့သို့ ခုန်ကြလိမ့် မည်။ စကားအသောသူတို့သည် သီချင်းဆိုကြလိမ့်မည်။ အကြောင်းမူကား၊ တော၌စမ်းရေထွက်၍၊ လွင်ပြင်၌မြစ် ရေစီးလိမ့်မည်။
7. တံလျှပ်သည် ရေကန်ဖြစ်လိမ့်မည်။ သွေ့ ခြောက်သောမြေသည် စမ်းရေတွင်းဖြစ်လိမ့်မည်။ မြေခွေး အိပ်ရာနေရာ၌ ကျူပင်နှင့် ဂမာပင်အစား၊ မြက်ပင် ပေါက်လိမ့်မည်။
8. ထိုအရပ်၌ လမ်းမကြီး ရှိလိမ့်မည်။ ထိုလမ်းကို သန့်ရှင်းရာလမ်းဟု သမုတ်ကြလိမ့်မည်။ မစင်ကြယ် သောသူသည် ထိုလမ်းကို မရှောက်မသွားရ။ သွားသော သူတို့နှင့်အတူ ကိုယ်တော်တိုင်ခရီးသွားလျက် ရှိတော်မူ သည်ဖြစ်၍၊ မိုက်သောသူသော်လည်း လမ်းမလွဲရ။
9. ထိုလမ်း၌ ခြင်္သေ့မရှိရ။ သားရဲတကောင်မျှ မ တက်မလာရ။ ရှာ၍ မတွေ့ရ။ ရွေးနှုတ်သောသူတို့သာ လျှင် ခရီးသွားကြလိမ့်မည်။
10. ထာဝရဘုရား ကယ်လွှတ်တော်မူသောသူတို့ သည် ပြန်လာ၍၊ သီချင်းဆိုလျက်၊ ထာဝရဝမ်းမြောက် ခြင်း သရဖူကို ဆောင်းလျက်၊ဇိအုန်မြို့သို့ ရောက်ကြလိမ့် မည်။ ဝမ်းမြောက်ရွှင်လန်းခြင်း အခွင့်ကို ရကြ၍၊ဝမ်း မြောက်ခြင်းနှင့် ညည်းတွားခြင်းသည် ပြေးသွားရလိမ့် မည်။
About ဟေရှာယ Chapter 35
Read ဟေရှာယ Chapter 35 online from the Holy Bible. This chapter is part of the Book of ဟေရှာယ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ဟေရှာယ
Chapter: 35
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ဟေရှာယ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ဟေရှာယ Chapter 35 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ဟေရှာယ Chapter 35?
ဟေရှာယ Chapter 35 is part of the Book of ဟေရှာယ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ဟေရှာယ Chapter 35 online for free with easy chapter navigation.
More Chapters from ဓမ္မဟောင်းကျမ်း
- ယောဘ Chapter 16
- ဧဇရ Chapter 5
- ၂ ရာဇဝင်ချုပ် Chapter 35
- ၂ ရာဇဝင်ချုပ် Chapter 15
- ၂ ရာဇဝင်ချုပ် Chapter 28
- ၂ ရာဇဝင်ချုပ် Chapter 9
- ၂ ရာဇဝင်ချုပ် Chapter 27
Explore More from ဟေရှာယ
- ဟေရှာယ Chapter 42
- ဟေရှာယ Chapter 46
- ဟေရှာယ Chapter 1
- ဟေရှာယ Chapter 20
- ဟေရှာယ Chapter 8
- ဟေရှာယ Chapter 34
- ဟေရှာယ Chapter 60