Read ၂ ရာဇဝင်ချုပ် Chapter 6 Online
Read ၂ ရာဇဝင်ချုပ် Chapter 6 online from the Holy Bible. This chapter is part of the Book of ၂ ရာဇဝင်ချုပ် in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ၂ ရာဇဝင်ချုပ် and the Holy Bible online.
Choose a Chapter
၂ ရာဇဝင်ချုပ် 6
အခန်း 6
1. ရှောလမုန်ကလည်း၊ ထာဝရဘုရားသည်၊ ထူထပ်သော မှောင်မိုက်ထဲမှာ နေတော်မူသည်ဟု စကား တော်ရှိ၏။
2. သို့ရာတွင် ကိုယ်တော်ကျိန်းဝပ်တော်မူရာအိမ်၊ အစဉ်အမြဲနေတော်မူရာ ဌာနတော်ကို အကျွန်ုပ်တည် ဆောက်ပါပြီဟု မြွက်ဆို၏။
3. တဖန်ရှင်ဘုရင်သည် လှည့်ကြည့်၍ ဣသရေလ အမျိုးပရိသတ်အပေါင်းကို ကောင်းကြီးပေးတော်မူ၏။ ဣသရေလအမျိုးပရိသတ်အပေါင်းတို့သည် မတ်တတ် နေကြ၏။
4. ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး၊ ငါ၏လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး။ ယခုမူ ကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎င်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။
5. ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး၊ ငါ၏လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး။ ယခုမူ ကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎င်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။
6. ရှင်ဘုရင်ကလည်း၊ ထာဝရဘုရား၏ ဗျာဒိတ် တော်စကားဟူမူကား၊ ငါ၏လူဣသရေလအမျိုးသားတို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော နေ့ကစ၍။ ငါ့နာမ တည်ရာအိမ်ကို ဆောက်စေခြင်းငှါ၊ ဣသရေလခရိုင် များတို့တွင် မြို့ကို ငါမရွေး၊ ငါ၏လူဣသရေလအမျိုးသား တို့ကို အုပ်စိုးရသော်သူကိုလည် ငါမရွေးသေး။ ယခုမူ ကား၊ ငါ့နာမတည်ရာ ယေရုရှလင်မြို့ကို၎င်း၊ ငါ၏လူ ဣသရေလအမျိုးသားတို့ကို အုပ်စိုးစေခြင်းငှါ ဒါဝိဒ်ကို ၎င်း၊ ငါရွေးပြီဟု ငါ့ခမည်းတော်ဒါဝိဒ်အား ဗျာဒိတ် တော်ရှိသည်အတိုင်း၊ ပြုတော်မူသော ဣသရေလအမျိုး ၏ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေ သတည်း။
7. ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား ၏နာမတော်အဘို့ အိမ်တော်ကို တည်ဆောက်ခြင်းငှါ၊ ငါ့ခမည်းတော်ဒါဝိဒ်သည် အကြံရှိသောအခါ၊
8. ထာဝရဘုရားက၊ သင်သည် ငါ့နာမအဘို့ အိမ်ကို တည်ဆောက်ခြင်းငှါ အကြံရှိသောကြောင့်၊ ကောင်းသောအမှုကိုပြုပြီ။
9. သို့သော်လည်း သင်သည် အိမ်တော်ကို မဆောက်ရ။ သင်၏သားရင်းသည် ငါ့နာမအဘို့ အိမ်တော်ကို ဆောက်ရမည်ဟု ငါ့ခမည်းတော်ဒါဝိဒ်အား မိန့်တော်မူ၏။
10. ထာဝရဘုရားသည် အမိန့်တော်ရှိသည်အတိုင်း ပြုတော်မူသဖြင့်၊ ငါသည် ငါ့ခမည်းတော်ဒါဝိဒ်၏ အရိပ် အရာကိုခံရ၍၊ ထာဝရဘုရားဂတိတော်ရှိသည်အတိုင်း ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်လျက်၊ ဣသ ရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား၏ နာမတော် အဘို့ အိမ်တော်ကို တည်ဆောက်လေပြီ။
11. ဣသရေလအမျိုးသားတို့နှင့် ထာဝရဘုရား ဖွဲ့တော်မူသော ပဋိညာဉ်ကျောက်စာပါသော သေတ္တာ တော်ကို ထိုအိမ်တော်၌ တင်ထားလေပြီဟု မြွက်ဆို၏။
12. ထိုအခါရှောလမုန်သည် အလျားငါးတောင်၊ အနံငါးတောင်၊
13. အမြင့်သုံးတောင်ရှိသောပလ္လင်ကိုလုပ်၍၊ တန်တိုင်းအလယ်၌ ထားနှင့်သော ထိုပလ္လင်ပေါ်သို့ တက်ပြီးလျှင်၊ ထာဝရဘုရား၏ယဇ်ပလ္လင်ရှေ့၊ ဣသရေလ အမျိုးပရိသတ်အပေါင်းတို့ အလယ်မှာဒူးထောက်၍၊ လက်ဝါးတို့ကို ကောင်းကင်သို့ဖြန့်လျက်၊
14. အိုဣသရေလအမျိုး၏ ဘုရားသခင်ထာဝရ ဘုရား၊ ကောင်းကင်ပေါ်မြေကြီးပေါ်မှာကိုယ်တော်နှင့် တူသောဘုရားတဆူမျှ မရှိပါ။ ရှေ့တော်၌ စိတ်နှလုံး အကြွင်းမဲ့ ကျင့်သောကိုယ်တော်၏ ကျွန်တို့အဘို့ ပဋိညာဉ်တရားနှင့် ကရုဏာတရားကို စောင့်ရှောက် တော်မူပြီ။
15. အကျွန်ုပ်အဘဒါဝိဒ်၌ ထားတော်မူသော ဂတိ တော်ကိုမဖျက်၊ မိန့်တော်မူသည်အတိုင်း ယနေ့ပြုတော် မူပြီ။
16. အိုဣသရေလအမျိုး၏ ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်က၊ သင်သည်ငါ့ရှေ့မှာ ကျင့်သကဲ့သို့ သင်၏သားမြေးတို့သည်ငါ့တရားကို ကျင့်လိုသောငှါ၊ မိမိတို့သွားရာလမ်းကို သတိပြုလျှင်၊ ငါ့မျက်မှောက်၌ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ ထိုင်ရသော သင် ၏အမျိုး မင်းရိုးမပြတ်ရဟု ကိုယ်တော်ကျွန် အကျွန်ုပ် အဘဒါဝိဒ်၌ ထားတော်မူသော ဂတိတော်ကို ယခု စောင့်တော်မူပါ။
17. အိုဣသရေလအမျိုး၏ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်ကျွန်အကျွန်ုပ်အဘ ဒါဝိဒ်အား မိန့်တော်မူသော စကားတော်ကို ယခုပြည့်စုံစေတော် မူပါ။
18. သို့ရာတွင်ဘုရားသခင်သည် မြေကြီးပေါ်မှာ လူတို့တွင် ဧကန် အမှန်ကျိန်းဝပ်တော်မူမည်လော။ ကောင်းကင်နှင့် ကောင်းကင်တကာတို့၏အထွဋ်၊ အမြင့် ဆုံးသော ကောင်းကင်သည်ကိုယ်တော်ကို မဆံ့မခံနိုင် သည်ဖြစ်၍၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်ကို အဘယ်ဆိုဘွယ်ရာ ရှိပါသနည်း။
19. သို့သော်လည်း အိုအကျွန်ုပ်ဘုရားသခင် ထာဝရ ဘုရား၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ ယနေ့ကြွေး ကြော်လျက် ပဌနာပြု၍ တောင်းလျှောက်သော စကားကို နားခံနာယူတော်မူပါ။
20. ဤမည်သောအရပ်၌ ငါ့နာမတည်ရမည်ဟု မိန့် တော်မူသည်အတိုင်း၊ ဤအရပ်ဌာနနှင့် ဤအိမ်တော်ကို နေ့ညဉ့်မပြတ်ကြည့်ရှု၍ ကိုယ်တော်ကျွန်သည် ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ။
21. ကိုယ်တော်ကျွန်မှစ၍ကိုယ်တော်၏ လူဣသ ရေလအမျိုးသားတို့သည် ဤအရပ်ဌာန၌ ဆုတောင်း ပဌနာပြုကြသောအခါ၊ ကျိန်းဝပ်တော်မူရာကောင်းကင် ဘုံ၌နားထောင်၍ အပြစ်မှလွှတ်တော်မူပါ။
22. လူသည်မိမိအိမ်နီးချင်းကို ပြစ်မှားသောကြောင့်၊ အကျိန်ခံရမည်ဟုအိမ်နီးချင်းဆိုလျက်၊ ဤအိမ်တော်၌ ကိုယ်တော်၏ ယဇ်ပလ္လင်ရှေ့မှာ အကျိန်တိုက်လျှင်၊
23. ကောင်းကင်ဘုံ၌ နားထောင်တော်မူပါ။ မတရားသော သူသည် မိမိအပြစ်နှင့်အလျောက် ရှုံးစေ ခြင်းငှါ၎င်း၊ ဖြောင့်မတ်သောသူသည် မိမိဖြောင့်မတ်ခြင်း နှင့် အလျောက်အကျိုးကိုခံရ၍ အပြစ်မှ လွတ်စေခြင်း ငှါ၎င်း၊ ကိုယ်တော်ကျွန်တို့ကို တရားစီရင်တော်မူပါ။
24. ကိုယ်တော်၏လူ ဣသရေလ အမျိုးသားတို့သည် ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့်၊ ရန်သူရှေ့မှာ ရှုံးရသောအခါ၊ ကိုယ်တော်ထံသို့ပြန်လာ၍ နာမတော်ကို ဝန်ခံလျက်၊ ဤအိမ်တော်ကိုမှီခိုလျက်၊ ဆုတောင်းပဌနာ ပြုလျှင်၊
25. ကောင်းကင်ဘုံ၌နားထောင်၍၊ ကိုယ်တော်၏လူ ဣသရေလအမျိုးသားတို့ကို အပြစ်မှလွှတ်တော်မူပါ။ ဘိုးဘေးတို့အား ပေးသနားတော်မူသော ပြည်သို့ တဖန် ပို့ဆောင်တော်မူပါ။
26. ကိုယ်တော်ကို ပြစ်မှားသောအပြစ်ကြောင့် မိုဃ်းမရွာ၊ မိုဃ်းခေါင်သဖြင့်၊ ကိုယ်တော်သည် ဆုံးမ တော်မူသောအခါ၊ သူတို့သည် ဤအရပ်ဌာနတော်ကို မှီခိုလျက် ဆုတောင်း၍၊ နာမတော်ကို ဝန်ခံလျက် မိမိ ဒုစရိုက်ကို စွန့်ပယ်လျှင်၊
27. ကောင်းကင်ဘုံ၌နားထောင်၍ ကိုယ်တော်၏ ကျွန်၊ ကိုယ်တော်၏လူဣသရေလအမျိုးတို့ကို အပြစ်မှ လွှတ်တော်မူပါ။ သူတို့လိုက်ရသော လမ်းကောင်းကို ပြညွှန်၍၊ ကိုယ်တော်၏ လူတို့အား အမွေပေးသော မြေ ပေါ်မှာ မိုဃ်းရွာစေတော်မူပါ။
28. ပြည်တော်၌ အစာအာဟာရ ခေါင်းပါးသော် ၎င်း၊ လေထိ၍ အပင်သေသော်၎င်း၊ အရည်ယို၍သေ သော်၎င်း၊ အရာဘကျိုင်း၊ ခါသိလကျိုင်းကိုက်စား သော်၎င်း၊ ရန်သူတိုက်လာ၍ မြို့ကိုဝိုင်းထားသော်၎င်း၊ ဘေးဥပဒ် အနာရောဂါ တစုံတခုရောက်သောခါ၊
29. ကိုယ်တော်၏လူ ဣသရေလအမျိုးသားအချို့တို့ သည် အသီးအသီးခံရသောဘေးဒဏ်ကိုသိလျက်၊ ဤအိမ် တော်သို့ မိမိတို့လက်ဝါးကို ဖြန့်၍ တစုံတခုသော ပဌနာ စကားအားဖြင့် ဆုတောင်းလျှင်၊
30. ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌၊ နား ထောင်တော်မူပါ။
31. ဘိုးဘေးတို့အားပေးသနားတော်မူသော ပြည်၌ သူတို့သည် အသက်ရှင်သောကာလပတ်လုံး ကိုယ်တော် ကို ကြောက်ရွံ့၍၊ တရားတော်လမ်းသို့ လိုက်ပါမည် အကြောင်း၊ ကိုယ်တော်သာလျှင် လူသတ္တဝါအပေါင်း တို့၏စိတ်နှလုံးသဘောကို သိလျက် သူတို့အပြစ်ကို လွှတ်တော်မူပါ။ အသီးအသီးပြုကြသည်အတိုင်း စီရင်တော် မူပါ။
32. ကိုယ်တော်၏လူဣသရေလအမျိုးမဟုတ်၊ တပါးအမျိုးသားတို့ သည်ကြီးမြတ်သောနာမတော်နှင့် တန်ခိုးကြီး၍ ဆန့်တော်မူသော လက်ရုံးတော်ကို ထောက် သဖြင့်၊ ဝေးသောပြည်မှ ရောက်လာ၍ ဤအိမ်တော်ကို မှီခိုလျက်ဆုတောင်းလျှင်၊
33. ကျိန်းဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နား ထောင်တော်မူပါ။ ကိုယ်တော်၏ လူဣသရေလ အမျိုးသားတို့သည်ကိုယ်တော်ကို ကြောက်ရွံ့သကဲ့သို့၊ မြေကြီးသားအပေါင်းတို့သည် ကြောက်ရွံ့လျက် နာမ တော်ကို သိစေခြင်းငှါ၎င်း၊ အကျွန်ုပ်တည်ဆောက်သော ဤအိမ်တော်ကို နာမတော်ဖြင့် သမုတ်ကြောင်းကို သိစေ ခြင်းငှါ၎င်း၊ ထိုတပါးအမျိုးသားတို့သည် ဆုတောင်းသမျှ အတိုင်း ကျေးဇူးပြုတော်မူပါ။
34. ကိုယ်တော် စေခိုင်းတော်မူသည်အတိုင်း၊ ကိုယ် တော်၏လူတို့သည် ရန်သူတို့ရှိရာသို့ စစ်ချီသောအခါ ရွေးတော်မူသောမြို့၊ နာမတော်အဘို့ အကျွန်ုပ် တည် ဆောက်သော အိမ်တော်ကို မှီခိုလျက် ကိုယ်တော်အား ဆုတောင်းကြလျှင်၊
35. သူတို့ ဆုတောင်းပဌနာပြုသော စကားကို ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့အမှုကို စောင့် တော်မူပါ။
36. မပြစ်မှားတတ်သော သူတယောက်မျှမရှိသည် ဖြစ်၍၊ ကိုယ်တော်၏လူတို့သည် ကိုယ်တော်ကို ပြစ်မှား သောကြောင့်၊ အမျက်တော်ထွက်၍ ရန်သူလက်သို့ အပ်တော်မူသဖြင့်၊ ရန်သူတို့သည် ဝေးသောပြည်၊ နီး သောပြည်၊ အခြားတပါးသော ပြည်သို့သိမ်းသွားလျှင် ၎င်း၊
37. ထိုပြည်၌အချုပ်ခံစဉ်၊သူတို့သည် သတိရ၍ အကျွန်ုပ်တို့သည် ပြစ်မှားပါပြီ။ မဖြောင့်သောအမှု၊ ဆိုးညစ်သောအမှုကို ပြုမိပါပြီဟု စိတ်ပြောင်းလဲ၍ တောင်းပန်သဖြင့်၊
38. သိမ်းသွားသော ရန်သူတို့၏ ပြည်၌နေစဉ်၊ စိတ်နှလုံးအကြွင်းမဲ့အထံတော်သို့ပြန်လာ၍၊ ဘိုးဘေးတို့ အား ပေးတော်မူသောပြည်၊ ရွေးတော်မူသောမြို့၊ နာမ တော်အဘို့ အကျွန်ုပ်တည်ဆောက်သော အိမ်တော်ကို မှီခိုလျက် ဆုတောင်းလျှင်၎င်း၊
39. သူတို့ဆုတောင်း ပဌနာပြုသောစကားကို ကျိန်း ဝပ်တော်မူရာ ကောင်းကင်ဘုံ၌ နားထောင်၍ သူတို့ အမှုကို စောင့်တော်မူပါ။ ကိုယ်တော်ကို ပြစ်မှားသော ကိုယ်တော်လူတို့၏အပြစ်ကို ဖြေရှင်းတော်မူပါ။
40. အိုအကျွန်ုပ်ဘုရားသခင် ကြည့်ရှုတော်မူပါ။ ဤအရပ်ဌာန၌ ဆုတောင်းသော စကားကို နားထောင် တော်မူပါ။
41. အိုထာဝရအရှင် ဘုရားသခင်၊ ကျိန်းဝပ်တော်မူ ရာသို့ တန်ခိုးတော်နှင့်ယှဉ်သော ဓမ္မသေတ္တာနှင့်တကွ တတ်တော်မူပါ။ အိုထာဝရအရှင်ဘုရားသခင်၊ ကိုယ်တော် ၏ ယဇ်ပုရောဟိတ်တို့သည် ကယ်တင်ခြင်းတန်ဆာကို ဆင်၍၊ ကိုယ်တော်၏ သန့်ရှင်းသူတို့သည် ကျေးဇူးတော်၌ ဝမ်းမြောက်ကြပါစေသော၊
42. အိုထာဝရ အရှင်ဘုရားသခင်၊ ဘိသိက်ပေး တော်မူသော သူ၏မျက်နှာကို လွှဲစေတော်မမူပါနှင့်။ ကိုယ်တော်ကျွန်ဒါဝိဒ်ခံရသော ကျေးဇူးတော်ကို အောက် မေ့တော်မူပါဟု ပဌနာပြုလေ၏။
About ၂ ရာဇဝင်ချုပ် Chapter 6
Read ၂ ရာဇဝင်ချုပ် Chapter 6 online from the Holy Bible. This chapter is part of the Book of ၂ ရာဇဝင်ချုပ် in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ၂ ရာဇဝင်ချုပ်
Chapter: 6
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ၂ ရာဇဝင်ချုပ်. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ၂ ရာဇဝင်ချုပ် Chapter 6 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ၂ ရာဇဝင်ချုပ် Chapter 6?
၂ ရာဇဝင်ချုပ် Chapter 6 is part of the Book of ၂ ရာဇဝင်ချုပ် in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ၂ ရာဇဝင်ချုပ် Chapter 6 online for free with easy chapter navigation.
More Chapters from ၂ ရာဇဝင်ချုပ်
- ၂ ရာဇဝင်ချုပ် Chapter 35
- ၂ ရာဇဝင်ချုပ် Chapter 15
- ၂ ရာဇဝင်ချုပ် Chapter 9
- ၂ ရာဇဝင်ချုပ် Chapter 28
- ၂ ရာဇဝင်ချုပ် Chapter 7
- ၂ ရာဇဝင်ချုပ် Chapter 27
- ၂ ရာဇဝင်ချုပ် Chapter 33
Explore More from ဓမ္မဟောင်းကျမ်း
- ၂ ရာဇဝင်ချုပ် Chapter 36
- ဧဇရ Chapter 9
- ဟောရှေ Chapter 7
- ဆာလံ Chapter 120
- ကမ္ဘာဦး Chapter 32
- ယေရမိ Chapter 18
- ၁ ရာဇဝင် Chapter 1