Read ဆာလံ Chapter 141 Online
Read ဆာလံ Chapter 141 online from the Holy Bible. This chapter is part of the Book of ဆာလံ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ဆာလံ and the Holy Bible online.
Choose a Chapter
ဆာလံ 141
အခန်း 141
1. အိုထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ် အော်ဟစ်ပါ၏။ အလျင်အမြန် ကြွလာတော်မူပါ။ ကိုယ် တော်ကို အော်ဟစ်သောအခါ၊ အကျွန်ုပ်၏ စကားသံကို နားထောင်တော်မူပါ။
2. အကျွန်ုပ်၏ ပဌနာသည်မီးရှို့သော နံ့သာပေါင်း ကဲ့သို့၎င်း၊ လက်ကိုချီခြင်းသည် ညဦးယံပူဇော်သက္ကာ ကဲ့သို့၎င်း၊ ရှေ့တော်၌ပြင်ဆင်လျက် ရှိပါစေသော။
3. အိုထာဝရဘုရား၊ အကျွန်ုပ်၏နှုတ်ရှေ့မှာ ကင်း ကို ထားတော်မူပါ။ အကျွန်ုပ်၏နှုတ်ခမ်းတံခါးကို စောင့် တော်မူပါ။
4. ဒုစရိုက်ကိုပြုသောသူတို့နှင့် အတူအကျွန်ုပ်ပါ၍၊ မတရားသောအမှု၊ ဒုစရိုက်အမျိုးမျိုး၌ ကျင်လည်စေခြင်း ငှါ၊ အကျွန်ုပ်၏စိတ်နှလုံးကို မကောင်းသောအမှုအရာသို့ သွေးဆောင်တော်မမူပါနှင့်။ ထိုသူတို့၏ ခဲဘွယ်စားဘွယ် တို့ကို အကျွန်ုပ်မစားပါစေနှင့်။
5. ဖြောင့်မတ်သော သူသည်အကျွန်ုပ်ကို ဒဏ်ခတ် ပါစေသော၊ ကျေးဇူးရှိပါလိမ့်မည်။ ဆုံးမပါစေသော၊ အကျွန်ုပ်ဦးခေါင်းကိုလိမ်းသောဆီဖြစ်ပါလိမ့်မည်။ ထပ်၍ ပြုသော်လည်း အကျွန်ုပ်မငြင်းပါ။ ယခုမူကား၊ သူတပါး ပြုသော အဓမ္မအမှုတဘက်၌ ဆုတောင်းရပါ၏။
6. သူတို့၏အကဲအမှုးတို့သည် ကျောက်တွင်းနားမှ လွတ်၍၊ အကျွန်ုပ်၏စကားကို ကြားရကြပါ၏။ ထိုစကား လည်း ချိုပါ၏။
7. မြေပေါ်မှာထင်းကိုခုတ်၍ခွဲသကဲ့သို့၊ မရဏာ နိုင်ငံတံခါးဝမှာ အကျွန်ုပ်တို့၏ အရိုးများတို့သည် ကွဲပြား လျက်ရှိကြပါ၏။
8. အိုဘုရားရှင်ထာဝရဘုရား၊ ကိုယ်တော်ကို အကျွန်ုပ်မျှော်ကြည့်ပါ၏။ ကိုယ်တော်၌ခိုလှုံပါ၏။ အကျွန်ုပ်၏အသက်ကို သွန်ပစ်စေတော်မမူပါနှင့်။
9. အကျွန်ုပ်ဘို့ ထောင်ထားကြသောကျော့ကွင်းမှ ၎င်း၊ ဒုစရိုက်ကို ပြုသောသူတို့၏ညွှတ်မှ၎င်း၊ အကျွန်ုပ်ကို လွတ်စေတော်မူပါ။
10. ထိုသို့အကျွန်ုပ်သည်လွန်သွားသောအခါ၊ မတရားသော သူအပေါင်းတို့သည် မိမိတို့ကျော်ကွင်းထဲသို့ ကျကြပါစေသော။
About ဆာလံ Chapter 141
Read ဆာလံ Chapter 141 online from the Holy Bible. This chapter is part of the Book of ဆာလံ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ဆာလံ
Chapter: 141
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ဆာလံ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ဆာလံ Chapter 141 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ဆာလံ Chapter 141?
ဆာလံ Chapter 141 is part of the Book of ဆာလံ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ဆာလံ Chapter 141 online for free with easy chapter navigation.
More Chapters from ဆာလံ
- ဆာလံ Chapter 32
- ဆာလံ Chapter 25
- ဆာလံ Chapter 17
- ဆာလံ Chapter 28
- ဆာလံ Chapter 26
- ဆာလံ Chapter 15
- ဆာလံ Chapter 37
Explore More from ဓမ္မဟောင်းကျမ်း
- ၁ ရာမူ Chapter 3
- ထွက်မြောက်ရာ Chapter 13
- ဆာလံ Chapter 53
- နေဟမိ Chapter 8
- မာလခိ Chapter 2
- ယေရမိ Chapter 43
- ဆာလံ Chapter 144