၁ ရာမူ Chapter 21

For English

Read ၁ ရာမူ Chapter 21 Online

Read ၁ ရာမူ Chapter 21 online from the Holy Bible. This chapter is part of the Book of ၁ ရာမူ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ၁ ရာမူ and the Holy Bible online.

Choose a Chapter

A+ A A-

၁ ရာမူ 21

အခန်း 21

1. ဒါဝိဒ်သည် ယဇ်ပုရောဟိတ် အဟိမလက် ရှိရာ နောဗမြို့သို့ ရောက်၍၊ အဟိမလက်သည် ဒါဝိဒ်နှင့် တွေ့သောအခါ ကြောက်၍၊ သင်သည် လူတယောက်မျှ မပါဘဲ အဘယ်ကြောင့် တကိုယ်တည်း လာသနည်းဟု မေးသော်၊

2. ဒါဝိဒ်က၊ ရှင်ဘုရင် အမှုတော်တခုကို အပ်၍၊ ငါစေခိုင်းမှာထားသော အမှုကို အဘယ်သူမျှ မသိစေနှင့်ဟု မိန့်တော်မူသောကြောင့်၊ ငါ့ကျွန်တို့ကို ဤမည်သောအရပ် ဤမည်သောအရပ်၌ ဆိုင်းလင့်စေခြင်းငှါ အရင်စေလွှတ်လေပြီ။

3. သို့ဖြစ်၍ ကိုယ်တော်လက်၌ ရှိသော မုန့်ငါးလုံးကိုသော်၎င်း၊ တွေ့သမျှကို သော်၎င်း၊ ကျွန်ုပ်လက်သို့ အပ်ပေးပါဟု ယဇ်ပုရောဟိတ် အဟိမလက်အား တောင်း၏။

4. ယဇ်ပုရောဟိတ်က၊ ငါ့လက်၌ လူတိုင်းစားရသော မုန့်မရှိ။ လုလင်တို့သည် မိန်းမကိုသာ ရှောင်လျှင်၊ သန့်ရှင်းသော မုန့်ရှိသည်ဟု ဒါဝိဒ်အားဆို၏။

5. ဒါဝိဒ်ကလည်း၊ ကျွန်ုပ်ထွက်ကတည်းက အဘယ်သူမျှ မိန်းမနှင့် မပေါင်းဘော်၊ လုလင်တန်ဆာ တို့သည် သန့်ရှင်းပါ၏။ ထိုမုန့်လည်း လူတိုင်းစားရသော မုန့်ကဲ့သို့ ဖြစ်ပါ၏။ အကြောင်းမူကား၊ ယနေ့ သန့်ရှင်းသောမုန့်သစ်ကို တင်ထားလျက်ရှိပါ၏ဟု ယဇ်ပုရောဟိတ် အား ပြန်ပြောသော်၊

6. ယဇ်ပုရောဟိတ်သည် ရှေ့တော်မုန့်မှ တပါးအခြားသော မုန့်မရှိသောကြောင့် သန့်ရှင်းသော မုန့်ကိုပေး၏။ ထိုရှေ့တော်မုန့်စား၌ မုန့်သစ်ကို တင်ထားအံ့သောငှါ ထာဝရဘုရားရှေ့တော်မှ နှုတ်ပယ် နှင့်ပြီ။

7. ထိုနေ့၌ အမှုတော်ထမ်းအဝင် သိုးတော်ထိန်းအုပ် ဧဒုံအမျိုးသား၊ ဒေါဂအမည်ရှိသော သူသည် ထာဝရဘုရားရှေ့တော်၌ စောင့်နေရ၏။

8. ဒါဝိဒ်ကလည်း၊ ကိုယ်တော်၌ ထားလှံရှိသလော။ အမှုတော်ကို အလျင်အမြန် ဆောင်ရသောကြောင့်၊ ထား အစရှိသော လက်နက်တစုံတခုမျှ မပါဟု အဟိမလက်အား ပြောလေသော်၊

9. ယဇ်ပုရောဟိတ်က၊ ဧလာချိုင့်၌ သင်လုပ်ကြံခဲ့သော ဖိလိတ္တိလူ ဂေါလျတ်၏ ထားသည် အဝတ်နှင့် ထုပ်ရစ်လျက် သင်တိုင်းတော်နောက်မှာ ရှိ၏။ ယူချင်လျင် ယူတော့။ အခြားသော ထားမရှိဟု ဆိုလျှင်၊ ဒါဝိဒ်က ထိုထားနှင့်တူသော ထားမရှိ။ ပေးပါတော့ဟု ဆို၏။

10. ထိုနေ့၌ ဒါဝိဒ်သည် ရှောလုကို ကြောက်သောကြောင့် ထ၍ ဂါသမင်းကြီးအာခိတ်ထံသို့ ပြေးသွား၏။

11. အာခိတ်မင်း၏ ကျွန်တို့က၊ ဒါဝိဒ်သည် ဣသရေလရှင်ဘုရင် ဖြစ်သည်မဟုတ်လော။ ရှောလု အထောင်ထောင်၊ ဒါဝိဒ် အသောင်းသောင်း သတ်လေစွတကားဟု ဤသူရှေ့မှာ အလှည့်လှည့်ကလျက် သီချင်းဆိုကြသည် မဟုတ်လောဟု လျှောက်ကြ၏။

12. ထိုစကားကို ဒါဝိဒ်သည် မှတ်မိ၍၊ ဂါသမင်းကြီး အာခိတ်ကို အလွန်ကြောက်သောကြောင့်၊-

13. ရူးသွပ်ဟန်ဆောင်၍ သူတို့ရှေ့မှာ အရူးကဲ့သို့ ပြုလျက်၊ တံခါးရွက်ပေါ်၌ ရေးသား၍ မိမိ တံထွေးကို မုတ်ဆိတ်တွင် ယိုစေ၏။

14. အာခိတ်မင်းကလည်း ကြည့်ကြလော့။ ဤသူသည် အရူးဖြစ်၏။ အဘယ်ကြောင့် ငါ့ထံသို့ သွင်းကြ သနည်း။

15. အရူးကို ငါအသုံးလိုသည်ဟု သင်တို့သည် ထင်လျက် ငါ့ရှေ့မှာ အရူးလုပ်စေခြင်းငှါ ဤသူကို သွင်းကြသလော။ ဤသူသည် နန်းတော်ထဲသို့ ဝင်ရမည်လောဟု ကျွန်တို့အား ဆို၏။

About ၁ ရာမူ Chapter 21

Read ၁ ရာမူ Chapter 21 online from the Holy Bible. This chapter is part of the Book of ၁ ရာမူ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ၁ ရာမူ
Chapter: 21
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ၁ ရာမူ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ၁ ရာမူ Chapter 21 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ၁ ရာမူ Chapter 21?

၁ ရာမူ Chapter 21 is part of the Book of ၁ ရာမူ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ၁ ရာမူ Chapter 21 online for free with easy chapter navigation.

More Chapters from ၁-ရာမူ

  1. ၁ ရာမူ Chapter 15
  2. ၁ ရာမူ Chapter 28
  3. ၁ ရာမူ Chapter 10
  4. ၁ ရာမူ Chapter 5
  5. ၁ ရာမူ Chapter 3
  6. ၁ ရာမူ Chapter 29
  7. ၁ ရာမူ Chapter 25

Explore More from ဓမ္မဟောင်း‌ကျမ်း

  1. ယေဇကျေလ Chapter 42
  2. ယေရမိ Chapter 23
  3. ၂ ရာမူ Chapter 11
  4. ဟေရှာယ Chapter 40
  5. ဆာလံ Chapter 41
  6. ဧဇရ Chapter 7
  7. ၁ ရာဇဝင် Chapter 19

Related Chapters & Readings

  1. တရားသူကြီး Chapter 13
  2. ဒေသနာ Chapter 1
  3. ၂ ရာဇဝင် Chapter 19
  4. နေဟမိ Chapter 7
  5. ၂ ရာဇဝင်ချုပ် Chapter 4
  6. ၂ ရာဇဝင် Chapter 18
  7. မာကု Chapter 1
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *