ဆာလံ Chapter 143

For English

Read ဆာလံ Chapter 143 Online

Read ဆာလံ Chapter 143 online from the Holy Bible. This chapter is part of the Book of ဆာလံ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ဆာလံ and the Holy Bible online.

Choose a Chapter

ဆာလံ 143

အခန်း 143

1. အိုထာဝရဘုရား၊ အကျွန်ုပ်၏ပဌနာကိုကြား၍၊ ဆုတောင်းသော စကားကိုနားထောင်တော်မူပါ။ သစ္စာ စောင့်ခြင်း၊ ဖြောင့်မတ်ခြင်းရှိတော်မူသည်အတိုင်း ပြန် ပြောတော်မူပါ။

2. ကိုယ်တော်၏ကျွန်နှင့် တရားတွေ့တော်မမူပါ နှင့်။ အသက်ရှင်သောသူမည်သည်ကား၊ ရှေ့တော်၌ အပြစ်ကင်းစင်ရာသို့ မရောက်ရပါ။

3. ရန်သူသည်အကျွန်ုပ်၏ဝိညာဉ်ကို ညှဉ်းဆဲ၍၊ အသက်ကိုလည်း မြေတိုင်အောင်နှိပ်နင်း၍၊ ကြာမြင့်စွာ သေနေသောသူကဲ့သို့၊ အကျွန်ုပ်ကို မှောင်မိုက်ထဲမှာ နေစေပါ၏။

4. အကျွန်ုပ်သည်စိတ်ပျက်လျက်၊ ကိုယ်အထဲ၌ နှလုံးကြေကွဲလျက် ရှိပါ၏။

5. ရှေးလွန်လေပြီးသော ကာလကိုအောက်မေ့၍၊ အလုံးစုံသော အမှုတော်တို့ကို၎င်း၊ လက်တော်နှင့်ပြုပြင် သော အရာများကို၎င်း ဆင်ခြင်ပါ၏။

6. ကိုယ်တော်ထံသို့ လက်တို့ကို ဆန့်ပါ၏။ သွေ့ ခြောက်သောမြေကဲ့သို့ အကျွန်ုပ်၏ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါ၏။

7. အိုထာဝရဘုရား၊ အလျင်အမြန် နားထောင် တော်မူပါ။ အကျွန်ုပ်သည် စိတ်ပျက်ပါပြီ။ မျက်နှာလွှဲ တော်မူသဖြင့်၊ တွင်းထဲသို့ဆင်းသောသူကဲ့သို့ အကျွန်ုပ်ကို ဖြစ်စေတော်မမူပါနှင့်။

8. ကရုဏာတော်စကားသံကို အလျင်အမြန်ကြား စေတော်မူပါ။ ကိုယ်တော်၌ကိုးစားပါ၏။ ကိုယ်သွားရမည် လမ်းကိုသိစေတော်မူပါ။ ကိုယ်တော်ကို အကျွန်ုပ်တသ ပါ၏။

9. အိုထာဝရဘုရား၊ ရန်သူတို့လက်မှ အကျွန်ုပ်ကို ကယ်နှုတ်တော်မူပါ။ ကိုယ်တော်ကိုခိုလှုံပါ၏။

10. အလိုတော်သို့လိုက်စေမည်အကြောင်း သွန်သင် တော်မူပါ။ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင် ဖြစ်တော်မူ၏။ ကောင်းမြတ်သောဝိညာဉ်တော်သည် ဖြောင့်သောလမ်း၌ အကျွန်ုပ်ကိုသွေးဆောင်တော်မူပါ စေသော။

11. အိုထာဝရဘုရား၊ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်ကို အသက်ရှင်စေတော်မူပါ။ ဖြောင့်မတ်တော်မူ သည်နှင့်အညီ၊ အကျွန်ုပ်၏ ဝိညာဉ်ကိုဆင်းရဲဒုက္ခအထဲက နှုတ်ယူတော်မူပါ။

12. ကရုဏာတော်ရှိသည်အတိုင်း၊ အကျွန်ုပ်၏ ရန်သူတို့ကို ပယ်ရှင်း၍၊ အကျွန်ုပ်ကို ညှဉ်းဆဲသော သူအပေါင်းတို့ကို ဖျက်ဆီးတော်မူပါ။ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်ပါ၏။

About ဆာလံ Chapter 143

Read ဆာလံ Chapter 143 online from the Holy Bible. This chapter is part of the Book of ဆာလံ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ဆာလံ
Chapter: 143
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ဆာလံ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ဆာလံ Chapter 143 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ဆာလံ Chapter 143?

ဆာလံ Chapter 143 is part of the Book of ဆာလံ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ဆာလံ Chapter 143 online for free with easy chapter navigation.

More Chapters from ဆာလံ

  1. ဆာလံ Chapter 32
  2. ဆာလံ Chapter 25
  3. ဆာလံ Chapter 17
  4. ဆာလံ Chapter 26
  5. ဆာလံ Chapter 19
  6. ဆာလံ Chapter 16
  7. ဆာလံ Chapter 28

Explore More from ဓမ္မဟောင်း‌ကျမ်း

  1. ဆာလံ Chapter 79
  2. ယောဘ Chapter 18
  3. ၂ ရာဇဝင် Chapter 10
  4. တောလည်ရာ Chapter 15
  5. ဆာလံ Chapter 72
  6. ယောဘ Chapter 25
  7. ဆာလံ Chapter 111

Related Chapters & Readings

  1. ၁ ရာဇဝင်ချုပ် Chapter 24
  2. ရောမ Chapter 13
  3. ၁ ပေတရု Chapter 5
  4. ဆာလံ Chapter 21
  5. ဗျာဒိတ် Chapter 8
  6. ၂ ရာဇဝင်ချုပ် Chapter 8
  7. ယောရှု Chapter 17
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *