Read ၂ ရာမူ Chapter 14 Online
Read ၂ ရာမူ Chapter 14 online from the Holy Bible. This chapter is part of the Book of ၂ ရာမူ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ၂ ရာမူ and the Holy Bible online.
Choose a Chapter
၂ ရာမူ 14
အခန်း 14
1. ထိုသို့ရှင်ဘုရင်၏ စိတ်နှလုံးသည် အဗရှလုံသို့ ပါသွားကြောင်းကို ဇေရုယာသားယွာဘသည် ရိပ်မိသော အခါ၊
2. တေကောမြို့သို့ စေလွှတ်၍ ပညာရှိသောမိန်းမကို ခေါ်ပြီးလျှင်၊ သင်သည် ဆီမလိမ်းပါနှင့်။ စိတ်မသာ ညည်းတွားဟန်ပြု၍ မသာအဝတ်ကို ဝတ်ပါတော့။ လူသေအတွက် ကြာမြင့်စွာ ငိုကြွေးသောမိန်းမယောင် ဆောင်လျက်၊
3. ရှင်ဘုရင်ထံတော်သို့ဝင်၍ ဤသို့လျှောက်ရမည်ဟု သွန်သင်လေ၏။
4. ထိုတေကောမြို့သူမိန်းမသည် အထံတော်သို့ ဝင်၍ မြေပေါ်မှာ ပြပ်ဝပ်ရှိခိုးလျက်၊ အရှင်မင်းကြီး၊ ကယ်မသနားတော်မူပါဟု လျှောက်လေ၏။
5. ရှင်ဘုရင်ကလည်း၊ အဘယ်အမှုရှိသနည်းဟု မေးတော်မူလျှင် မိန်းမက၊ ကျွန်တော်မသည် လင်သေ သော မုတ်ဆိုးမဖြစ်ပါ၏။
6. ကိုယ်တော်ကျွန်မ၌သားနှစ်ယောက်ရှိပါ၏။ ထိုသားနှစ်ယောက်တို့သည် ခိုက်ရန်ပြုကြပါ၏။ ဖျန်ဖြေ သောသူမရှိသောကြောင့် တယောက်သည် တယောက်ကို သေသည်တိုင်အောင် လုပ်ကြံပါ၏။
7. ယခုမှာ အဆွေအမျိုးအပေါင်းတို့သည် ကိုယ်တော်ကျွန်မတဘက်၌ထကြ၍ အစ်ကိုကို သတ် သောသူကိုသေစားသေစေခြင်းငှါ အပ်ရမည်။ အမွေခံကိုလည်း ငါတို့ပယ်ရှင်းမည်ဟုဆိုကြပါ၏။ ထိုသို့ပြုလျှင်၊ ကျွန်တော်မ၌ ကျန်ကြွင်းသေးသောမီးခဲကို သူတို့သည် သတ်ကြပါလိမ့်မည်။ ကျွန်တော်မလင်၏အမည်ကို၎င်း၊ အကျန်အကြွင်းကို၎င်း၊ မြေကြီးပေါ်က သုတ်သင် ပယ်ရှင်းကြပါလိမ့်မည်ဟု လျှောက်လေသော်၊
8. ရှင်ဘုရင်က သင့်အိမ်သို့ ပြန်သွားလော့။ သင့်အမှုကို ငါစီရင်မည်ဟု မိန်းမအား မိန့်တော်မူ၏။
9. တေကောမြို့သူမိန်းမကလည်း၊ အိုအရှင်မင်းကြီး၊ ကျွန်တော်မနှင့် ကျွန်တော်မအဆွေအမျိုး၌ အပြစ်ရောက်ပါစေ။ ရှင်ဘုရင်နှင့် ရာဇပလ္လင်တော်သည် အပြစ်လွတ်ပါစေဟုလျှောက်လျှင်၊
10. ရှင်ဘုရင်က၊ သင်၌အပြစ်တင်သောသူကို ငါ့ထံသို့ခေါ်ခဲ့လော့။ နောက်တဖန်သင့်ကို မနှောင့်ရှက်ရဟု မိန့်တော်မူသော်၊
11. မိန်းမက၊ သေစားသေစေသောသူတို့သည် ကျွန်တော်မ၏သားကို သတ်မည်ဟု စိုးရိမ်ပါသည်ဖြစ်၍၊ သူတို့သည်အထူးသဖြင့် မဖျက်ဆီးစေခြင်းငှါ အရှင်မင်းကြီးသည် ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားကို အောက်မေ့တော်မူပါဟု လျှောက်ပြန်သော်၊ ရှင်ဘုရင်က၊ ထာဝရဘုရား အသက်ရှင်တော်မူသည်အတိုင်း၊ သင့်သား ၏ဆံပင်တပင်မျှ မြေပေါ်သို့ မကျရဟု မိန့်တော်မူ၏။
12. တဖန် မိန်းမကလည်း၊ ကိုယ်တော်ကျွန်မသည် အရှင်မင်းကြီးအား စကားတခွန်းလျှောက်ရသော အခွင့် ကို ပေးတော်မူပါဟု တောင်းပန်လျှင်၊ လျှောက်လော့ဟု မိန့်တော်မူ၏။
13. မိန်းမကလည်း၊ သို့ဖြစ်လျှင် ကိုယ်တော်သည် ဘုရားသခင်၏ လူတို့တဘက်၌ အဘယ်ကြောင့် ကြံစည် တော်မူသနည်း။ အရှင်မင်းကြီးနှင်ထုတ်သော သူကို တဖန်ခေါ်တော်မမူသဖြင့်၊ ကိုယ်ကို အပြစ်တင်၍ စီရင် တော်မူပါပြီတကား။
14. ငါတို့သည် သေအံ့သော သူဖြစ်ကြ၏။ မြေပေါ် မှာသွန်းပြီးလျှင် နောက်တဖန်ကျုံး၍ မယူနိုင်သောရေနှင့် တူကြပါ၏။ ဘုရားသခင်သည် လူမျက်နှာကို မထောက်သော်လည်း၊ နှင်ထုတ်ခြင်းကိုခံရသော သူသည် အစဉ် နှင်ထုတ်ခြင်းကို ခံ၍ မနေရမည်အကြောင်း ကြံစည် တော်မူ၏။
15. သို့ဖြစ်၍ ကျွန်တော်မသည် လာ၍ဤအမှုကို အရှင်မင်းကြီးအား လျှောက်ရသည်အကြောင်းမှာ၊ ကျွန်တော်မကြောက်အောင် လူများတို့သည်ပြုကြပါ၏။ ကိုယ်တော်ကျွန်မကလည်း၊ ရှင်ဘုရင်ကို ငါလျှောက်မည်။ ရှင်ဘုရင်သည် ငါတောင်းပန်သည်အတိုင်း ပြုကောင်း ပြုတော်မူမည်။
16. ငါနှင့်ငါ့သားကိုဘုရားသခင်၏ အမွေတော်မြေပေါ်က သုတ်သင်ပယ်ရှင်းသော သူ၏လက်မှ ငါ့ကို နှုတ်အံ့သောငှါ နားထောင်တော်မူလိမ့်မည်ဟု ဆိုပါ၏။
17. ကိုယ်တော် ကျွန်မကလည်း၊ ငါ့သခင်အရှင်မင်းကြီး၏ အမိန့်တော်ကြောင့် ချမ်းသာရမည်။ ဘုရားသခင် ၏ကောင်းကင်တမန်ကဲ့သို့ ငါ့သခင်အရှင်မင်းကြီးသည် ကောင်းမကောင်းကို ပိုင်းခြား၍ သိတော်မူ၏ဟု အောက်မေ့ပါ၏။ ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် ကိုယ်တော်နှင့်အတူ ရှိတော်မူလိမ့်မည်ဟု လျှောက်လေ၏။
18. ထိုအခါရှင်ဘုရင်က၊ ငါမေးမြန်းသည်အမှုကို မထိမ်မဝှက်ပါနှင့် ဟုအမိန့်ရှိသော်၊ မိန်းမက အရှင် မင်းကြီးအမိန့်ရှိတော်မူပါဟု လျှောက်လေ၏။
19. ရှင်ဘုရင်ကလည်း၊ ဤအမှု၌ ယွာဘသည် သင့်အားအကြံပေးသည်မဟုတ်လောဟုမေးသော်၊ မိန်းမ က အိုအရှင်မင်းကြီး၊ ကိုယ်တော်အသက်ရှင်တော်မူသည်အတိုင်း၊ အရှင်မင်းကြီးမိန့်တော်မူသော စကားလမ်းမှ လက်ျာဘက်လက်ဝဲဘက်သို့ အဘယ်သူမျှမလွှဲနိုင်ရာ။ အကယ်စင်စစ် ကိုယ်တော်ကျွန်ယွာဘသည် ကျွန်တော် မကို မှာထား၍ ဤစကားအလုံးစုံတို့ကို သွန်သင်ပါ၏။
20. ပရိယာယ်ပြု၍ ဤသို့အယောင်ဆောင်စေခြင်းငှါ ကိုယ်တော်ကျွန်ယွာဘသည် စီရင်ပါ၏။ အရှင်သခင် သည်လည်း မြေကြီးပေါ်မှာ ရှိသမျှတို့ကို သိနိုင်သည် တိုင်အောင် ဘုရားသခင်၏ ကောင်းကင်တမန်သည် ပညာရှိသကဲ့သို့ ပညာရှိတော်မူသည်ဟု ပြန်လျှောက် လေ၏။
21. ထိုအခါရှင်ဘုရင်က၊ ဤအမှုကို ငါစီရင်ရ၏။ သင်သွား၍ ထို လုလင်အဗရှလုံကို တဖန်ခေါ်ရမည်ဟု ယွာဘအား မိန့်တော်မူ၏။
22. ယွာဘသည်လည်း မြေပေါ်မှာ ဦးချပြပ်ဝပ်လျက်၊ ကျွန်တော်သခင်အရှင်မင်းကြီး၊ ကိုယ်တော်ကျွန် အသနားတော်ခံသည်အတိုင်း အရှင်မင်းကြီးပြုတော်မူသောကြောင့်၊ ကိုယ်တော်ကျွန်သည် ရှေ့တော်၌ မျက်နှာ ရကြောင်းကို ကျွန်တော်သိပါသည်ဟု ကျေးဇူးတော်ကို ဝန်ခံလေ၏။
23. ထိုနောက် ယွာဘသည်ထ၍ ဂေရှုရမြို့သွားသဖြင့်၊ အဗရှလုံကို ယေရုရှလင်မြို့သို့ဆောင်ခဲ့လေ၏။
24. ရှင်ဘုရင်ကလည်း၊ မိမိအိမ်သို့ သွားစေ။ ငါ့မျက်နှာကို မမြင်စေနှင့်ဟု အမိန့်တော်ရှိသည်အတိုင်း၊ အဗရှလုံသည် မိမိအိမ်သို့သွား၍ ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရ။
25. ဣသရေလအမျိုး တမျိုးလုံးတွင် အဗရှလုံကဲ့သို့ အဆင်းလှ၍ ချီးမွမ်းရသော သူတယောက်မျှမရှိ။ ခြေဘဝါးမှသည် ဦးထိပ်တိုင်အောင် အပြစ်တခုမျှမရှိ။
26. ဆံပင်လေးသောကြောင့်၊ နှစ်တိုင်းဖြတ်၍ တနှစ်လျှင် အကျပ်တော်အတိုင်း အကျပ်သုံးဆယ်ရတတ်၏။
27. အဗရှလုံသည် သားသုံးယောက်နှင့် တာမာအမည်ရှိသော သမီးတယောက်ကိုမြင်လေ၏။ သမီးသည် အလွန်လှသောသူဖြစ်၏။
28. အဗရှလုံသည် ရှင်ဘုရင်၏ မျက်နှာတော်ကို မမြင်ရဘဲနှစ်နှစ်ပတ်လုံး ယေရုရှလင်မြို့၌ နေပြီးမှ၊
29. ယွာဘကိုရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်အကြံနှင့် ခေါ်သောအခါ ယွာဘသည်မလာ။
30. ဒုတိယအကြိမ်ခေါ်သော်လည်း မလာ။ ထိုကြောင့် ကျွန်တို့အား၊ ယွာဘ၏ လယ်သည် ငါတို့နေရာ နှင့်နီးပြီ။ မုယောစပါးရှိ၏။ သွား၍မီးရှို့ ကြဟု စီရင်သည်အတိုင်း အဗရှလုံ၏ကျွန်တို့သည် မီးရှို့ကြ၏။
31. ထိုအခါ ယွာဘသည် အဗရှလုံအိမ်သို့ထသွား၍၊ ကိုယ်တော်၏ ကျွန်တို့သည် ကျွန်တော်လယ်ကို အဘယ် ကြောင့် မီးရှို့ကြသနည်းဟု မေးသော်၊
32. အဗရှလုံက၊ ငါသည် ဂေရှုရမြို့မှအဘယ်ကြောင့် လာရသနည်း။ ထိုမြို့၌ ယခုတိုင်အောင် နေကောင်းသည်ဟု လျှောက်စေခြင်းငှါ၊ သင့်ကို ရှင်ဘုရင်ထံတော်သို့ စေလွှတ်မည်ဟု ငါခေါ်၏။ ယခုမှာ ရှင်ဘုရင်၏ မျက်နှာတော်ကို ငါမြင်ရပါစေ။ အပြစ်ရှိလျှင် သတ်တော်မူပါစေဟု ယွာဘအား ပြောဆိုသော်၊
33. ယွာဘသည် ရှင်ဘုရင်ထံတော်သို့ သွား၍ လျှောက်သဖြင့်၊ အဗရှလုံကို ခေါ်တော်မူ၏။ အဗရှလုံ သည်လာ၍ ရှင်ဘုရင်ရှေ့တော်၌ ဦးချပြပ်ဝပ်၏။ ရှင်ဘုရင်သည် သူကိုနမ်းတော်မူ၏။
About ၂ ရာမူ Chapter 14
Read ၂ ရာမူ Chapter 14 online from the Holy Bible. This chapter is part of the Book of ၂ ရာမူ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ၂ ရာမူ
Chapter: 14
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ၂ ရာမူ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ၂ ရာမူ Chapter 14 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ၂ ရာမူ Chapter 14?
၂ ရာမူ Chapter 14 is part of the Book of ၂ ရာမူ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ၂ ရာမူ Chapter 14 online for free with easy chapter navigation.
More Chapters from ၂-ရာမူ
- ၂ ရာမူ Chapter 3
- ၂ ရာမူ Chapter 22
- ၂ ရာမူ Chapter 23
- ၂ ရာမူ Chapter 6
- ၂ ရာမူ Chapter 12
- ၂ ရာမူ Chapter 1
- ၂ ရာမူ Chapter 24
Explore More from ဓမ္မဟောင်းကျမ်း
- ယောဘ Chapter 22
- ထွက်မြောက်ရာ Chapter 18
- တရားဟောရာ Chapter 31
- ၂ ရာဇဝင် Chapter 5
- ဆာလံ Chapter 103
- ကမ္ဘာဦး Chapter 19
- ဟောရှေ Chapter 13