ဟောရှေ Chapter 1

For English

Read ဟောရှေ Chapter 1 Online

Read ဟောရှေ Chapter 1 online from the Holy Bible. This chapter is part of the Book of ဟောရှေ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ဟောရှေ and the Holy Bible online.

Choose a Chapter

ဟောရှေ 1

အခန်း 1

1. ယုဒရှင်ဘုရင်ဩဇိမင်း၊ ယောသံမင်း၊ အာခတ် မင်း၊ ဟေဇကိမင်း၊ ဣသရေလရှင်ဘုရင်ယောရှသား ယေရောဗောင်မင်းတို့လက်ထက်၊ ဗေရိ၏ သားဟောရှေ သို့ ရောက်လာသောထာဝရဘုရား၏ နှုတ်ကပတ်တော် အစအဦးဟူမူကား၊

2. သင်သွား၍ ပြည်တန်ဆာမိန်းမနှင့်တကွ သူဘွား မြင်သော သားသမီးတို့ကို သိမ်းပိုက်လော့။ အကြောင်း မူကား၊ ပြည်သားတို့သည် ထာဝရဘုရားကုစွန့်ပစ်၍ အထပ်ထပ်မှားယွင်းကြပြီဟု ဟောရှေအား မှာထားတော်မူ သည်အတိုင်း၊

3. ဟောရှေသည်သွား၍ ဒိဗလိမ်သမီးဂေါမာကို သိမ်းပိုက်သဖြင့်၊ သူသည် ပဋိသန္ဓေယူ၍ ဟောရှေ၌ သားယောက်ျားကို ဘွားမြင်လေ၏။

4. ထာဝရဘုရားကလည်း၊ ထိုသားကို ယေဇရ အမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ခဏကြာပြီးမှ ယေဇရေလ အသက်ကိုသတ်သောအပြစ်ကြောင့်၊ ယေဟု အမျိုးကို ငါသည် ဒဏ်ပေး၍ ဣသရေလအမျိုး၏ နိုင်ငံ ကို ဆုံးစေမည်။

5. ဣသရေလလေးကို ယေဇရေလချိုင့်၌ ငါချိုး သော နေ့ခြင်းတွင် ထိုအမှုပြည့်စုံလိမ့်မည်ဟု မိန့်တော် မူ၏။

6. တဖန်ပဋိသန္ဓေယူ၍ သမီးကိုဘွားမြင်လေ၏။ ထိုသမီးကို လောရုဟာမာအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ ငါသည် ဣသရေလအမျိုးကို နောက် တဖန် မသနားမစုံမက်ဘဲ ဧကန်အမှန်ပယ်ရှင်းမည်။

7. ယုဒအမျိုးကိုကား သနားစုံမက်ဦးမည်။ သို့ရာ တွင် လေး၊ ထား၊ စစ်တိုက်၊ လက်နက်၊ မြင်း၊ မြင်းစီးသူရဲ အားဖြင့် မကယ်တင်၊ သူတို့၏ ဘုရားသခင် ထာဝရ ဘုရားအားဖြင့် ကယ်တင်မည်ဟု မိန့်တော်မူ၏။

8. လောရုဟာမာကို နို့ခွါသောအခါ၊ အမိသည် ပဋိသန္ဓေယူပြန်၍ သားယောက်ျားကို ဘွားမြင်လေ၏။

9. ထိုသားကိုလောအမ္မိအမည်ဖြင့် မှည့်လော့။ အကြောင်းမူကား၊ သင်တို့သည် ငါ၏လူမဟုတ်။ ငါသည် လည်း သင်တို့၏ ဘုရားသခင်မဟုတ်။

10. သို့ရာတွင်၊ ဣသရေလ အမျိုးသားတို့သည် မခြင်နိုင်၊ မရေတွက်နိုင်သော သမုဒ္ဒရာသဲလုံးနှင့်အမျှ များကြလိမ့်မည်။ သင်တို့သည် ငါ၏ လူမဟုတ်ဟု ထိုသူတို့အား ပြောဆိုရာ အရပ်၌ပင်လျှင်၊ သူတို့သည် အသက်ရှင်တော်မူသော ဘုရားသခင်၏သားဟု ခေါ် ဝေါ်ခြင်းကို ခံရကြလိမ့်မည်။

11. ထိုအခါ ယုဒအမျိုးသားတို့နှင့် ဣသရေလ အမျိုးသားတို့သည် စုဝေးပေါင်းတော်၍ မင်းတဦး တည်းကို ချီးမြှောက်သဖြင့် ထိုပြည်ထဲက ထွက်လာကြ လိမ့်မည်။ ယေဇရေလနေ့သည် ကြီးမြတ်သောနေ့ ဖြစ်ရလိမ့်မည်ဟု မိန့်တော်မူ၏။

About ဟောရှေ Chapter 1

Read ဟောရှေ Chapter 1 online from the Holy Bible. This chapter is part of the Book of ဟောရှေ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ဟောရှေ
Chapter: 1
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ဟောရှေ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ဟောရှေ Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ဟောရှေ Chapter 1?

ဟောရှေ Chapter 1 is part of the Book of ဟောရှေ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ဟောရှေ Chapter 1 online for free with easy chapter navigation.

More Chapters from ဓမ္မဟောင်း‌ကျမ်း

  1. ၂ ရာဇဝင်ချုပ် Chapter 15
  2. ယောဘ Chapter 16
  3. ၂ ရာဇဝင်ချုပ် Chapter 35
  4. ဧဇရ Chapter 5
  5. ၂ ရာဇဝင်ချုပ် Chapter 28
  6. ၂ ရာဇဝင်ချုပ် Chapter 27
  7. ၂ ရာဇဝင်ချုပ် Chapter 9

Explore More from ဟောရှေ

  1. ဟောရှေ Chapter 4
  2. ဟောရှေ Chapter 7
  3. ဟောရှေ Chapter 8
  4. ဟောရှေ Chapter 14
  5. ဟောရှေ Chapter 13
  6. ဟောရှေ Chapter 3
  7. ဟောရှေ Chapter 9

Related Chapters & Readings

  1. ယေရမိ Chapter 9
  2. မာလခိ Chapter 2
  3. ကမ္ဘာဦး Chapter 19
  4. ဟေဗြဲ Chapter 2
  5. ဂလာတိ Chapter 4
  6. ယေဇကျေလ Chapter 26
  7. ဆာလံ Chapter 28
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *