ကမ္ဘာဦး Chapter 8

For English

Read ကမ္ဘာဦး Chapter 8 Online

Read ကမ္ဘာဦး Chapter 8 online from the Holy Bible. This chapter is part of the Book of ကမ္ဘာဦး in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ကမ္ဘာဦး and the Holy Bible online.

Choose a Chapter

ကမ္ဘာဦး 8

အခန်း 8

1. ဘုရားသခင်သည်၊ နောဧမှစ၍ အသက်ရှင် သမျှသောသတ္တဝါ၊ နောဧနှင့်အတူ သင်္ဘောထဲ၌ရှိသော တိရစ္ဆာန်အပေါင်းတို့ကို အောက်မေ့၍၊ မြေကြီးပေါ်မှာ လေ့လာစေတော်မူသဖြင့် ရေငြိမ်လေ၏။

2. နက်နဲရေပေါက်ရေတွင်းများ မိုဃ်းကောင်းကင် ပြွန်ဝများကို ဆို့ပိတ်၍ မိုဃ်းကို စဲစေတော်မူ၏။

3. ရေသည်လည်း မြေပေါ်မှာ အစဉ်အတိုင်း စီးသွား၍၊ အရက်တရာ့ငါးဆယ်စေ့သောအခါယုတ်လျော့ လေ၏။

4. သတ္တမလ၊ ဆယ်ခုနစ်ရက်နေ့တွင် သင်္ဘောသည် အာရရတ်အမည်ရှိသော တောင်ပေါ်မှာ တင်လေ၏။

5. ဒသမလတိုင်အောင် ရေသည် အစဉ်မပြတ် ယုတ်လျော့၍၊ ထိုလဆန်းတရက်နေ့တွင် တောင်ထိပ် တို့သည် ပေါ်ကြ၏။

6. ထိုအရက်လေးဆယ်ကြာလျှင်၊ နောဧသည် သင်္ဘောထဲ၌ လုပ်ခဲ့သော ပြတင်းပေါကကိုဖွင့်၍၊ ကျီး တကောင်ကို လွှတ်လေ၏။

7. ထိုကျီးအသည် မြေပေါ်မှာ ရေမခန်းမခြောက် မှီတိုင်အောင်၊ သွားလာလျက် နေလေ၏။

8. တဖန် မြေမျက်နှာပေါ်မှာ ရေကုန်သည် မကုန်သည်ကို သိခြင်းငှါ၊ ချိုးတကောင်ကို လွှတ်ပြန်လေ၏။

9. မြေတပြင်လုံး၌ ရေရှိသေးသောကြောင့်၊ ချိုးသည် ခြေဖြင့်နင်း၍ အမောဖြေစရာကို မတွေ့သဖြင့်၊ နောဧရှိရာ သင်္ဘောသို့ပြန်လာလေ၏။ နောဧသည်လည်း လက်ကိုဆန့်၍၊ ချိုးကိုကိုင်ယူပြီးလျှင်၊ မိမိနေရာ သင်္ဘော ထဲသို့သွင်းလေ၏။

10. တဖန်ခုနစ်ရက်နေပြီးမှ ထိုချိုးကို သင်္ဘောထဲက လွှတ်ပြန်၏။

11. ညဦးအချိန်၌ ချိုးသည် နောဧထံသို့ ပြန်လာ၍၊ မိမိဆိတ်ယူသော သံလွင်ရွက်ကို မိမိနှုတ်သီးဖြင့် ဆောင်ခဲ့ သောကြောင့်၊

12. မြေကြီးပေါ်မှာ ရေကုန်ကြောင်းကို နောဧသိလေ၏။ တဖန် ခုနစ်ရက်နေပြီးမှ ထိုချိုးကို လွှတ်ပြန်၏။ နောက်တဖန် ချိုးသည် မပြန်မလာနေ၏။

13. အနှစ်ခြောက်ရာတခု ပဌမလဆန်းတရက်နေ့တွင်၊ မြေကြီးပေါ်မှာ ရေခန်းခြောက်သည်ရှိသော်၊ နောဧသည် သင်္ဘောမိုးကို ပယ်ဖျက်၍ ကြည့်ရှုသောအခါ၊ မြေမျက်နှာသွေ့ခြောက်စရှိသည်ကို မြင်၏။

14. ဒုတိယလ၊ နှစ်ဆယ်ခုနစ်ရက်နေ့တွင် မြေကြီး သွေ့ခြောက်လေ၏။

15. ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။

16. ဘုရားသခင်ကလည်း သင်သည် သားမယား၊ ချွေးမတို့နှင့်တကွ၊ သင်္ဘောထဲက ထွက်ဆင်းလော့။

17. သင်ထံမှာ အသက်ရှင်သော တိရစ္ဆာန်၊ ငှက်များ၊ သားများ မြေပေါ်၌ တွားတတ်သောတိရစ္ဆာန်များ တို့သည်၊ မြေပေါ်မှာသားကိုမွေး၍ အလွန် တိုးပွားများပြားမည်အကြောင်း၊ ထိုတိရစ္ဆာန်ရှိသမျှတို့ကို ကိုယ်နှင့်အတူ ထုတ်ဆောင်လော့ဟု၊ နောဧကို မိန့်တော်မူ၏။

18. ထိုအခါနောဧမှစ၍ သား၊ မယား၊ ချွေးမတို့သည် ထွက်ဆင်းကြ၏။

19. သားများ၊ တွားတတ်သော တိရစ္ဆာန်များ၊ ငှက်များ၊ မြေပေါ်မှာ လှုပ်ရှားတတ်သမျှသော အမျိုးမျိုး အပေါင်းတို့သည်လည်း၊ သင်္ဘောထဲက ထွက်ဆင်းကြ၏။

20. နောဧသည်လည်း၊ ထာဝရဘုရားအဘို့ ယဇ်ပလ္လင်ကို တည်ပြီးမှ စင်ကြယ်သောသား၊ စင်ကြယ်သော ငှက်အမျိုးမျိုးထဲကယူ၍၊ ယဇ်ပလ္လင်ပေါ်မှာ မီးရှို့သော ယဇ်ကို ပူဇော်လေ၏။

21. ထာဝရဘုရားသည်လည်း မွှေးကြိုင်သော အနံ့ကို ခံယူ၍၊ ငါသည် နောက်တဖန်လူတို့အတွက် မြေကြီးကို မကျိန်။ အကြောင်းမူကား၊ လူတို့သည် ငယ်သောအရွယ်မှ စ၍၊ စိတ်နှလုံးအကြံအစည်ဆိုးကြ၏။ ငါသည် ယခုတခါ ပြုပြီးသကဲ့သို့၊ အသက်ရှင်သောအရာရှိသမျှတို့ကို နောက်တဖန် ဒဏ်မခတ်။

22. မြေကြိးမကုန်မှီတိုင်အောင် မျိုးစေ့ကြဲရသော ကာလ၊ အသီးအနှံကို သိမ်းရသောကာလ၊ ချမ်းသော ကာလ၊ ပူသောကာလ၊ နွေကာလ၊ ဆောင်းကာလ မပြတ်ရဟု အမိန့်တော်ရှိ၏။

About ကမ္ဘာဦး Chapter 8

Read ကမ္ဘာဦး Chapter 8 online from the Holy Bible. This chapter is part of the Book of ကမ္ဘာဦး in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ကမ္ဘာဦး
Chapter: 8
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ကမ္ဘာဦး. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ကမ္ဘာဦး Chapter 8 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ကမ္ဘာဦး Chapter 8?

ကမ္ဘာဦး Chapter 8 is part of the Book of ကမ္ဘာဦး in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ကမ္ဘာဦး Chapter 8 online for free with easy chapter navigation.

More Chapters from ကမ္ဘာဦး

  1. ကမ္ဘာဦး Chapter 7
  2. ကမ္ဘာဦး Chapter 39
  3. ကမ္ဘာဦး Chapter 16
  4. ကမ္ဘာဦး Chapter 10
  5. ကမ္ဘာဦး Chapter 44
  6. ကမ္ဘာဦး Chapter 42
  7. ကမ္ဘာဦး Chapter 40

Explore More from ဓမ္မဟောင်း‌ကျမ်း

  1. ဟောရှေ Chapter 3
  2. ဇာခရိ Chapter 8
  3. ဟေရှာယ Chapter 17
  4. ၁ ရာဇဝင်ချုပ် Chapter 25
  5. နာဟုံ Chapter 2
  6. ကမ္ဘာဦး Chapter 49
  7. ဆာလံ Chapter 136

Related Chapters & Readings

  1. လုကာ Chapter 20
  2. တမန်တော် Chapter 5
  3. ဆာလံ Chapter 108
  4. တရားဟောရာ Chapter 29
  5. ဟေရှာယ Chapter 52
  6. မာကု Chapter 12
  7. ၂ ပေတရု Chapter 2
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *