ကမ္ဘာဦး Chapter 30

For English

Read ကမ္ဘာဦး Chapter 30 Online

Read ကမ္ဘာဦး Chapter 30 online from the Holy Bible. This chapter is part of the Book of ကမ္ဘာဦး in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ကမ္ဘာဦး and the Holy Bible online.

Choose a Chapter

A+ A A-

ကမ္ဘာဦး 30

အခန်း 30

1. ရာခေလသည် ယာကုပ်အား သားမဘွား ကြောင်းကို မိမိသိမြင်သောအခါ၊ အစ်မကို ငြူစူသော စိတ်ရှိ၍၊ ငါ့အား သားကို ပေးပါ။ သို့မဟုတ် ငါသေတော့ အံ့ဟု ယာကုပ်ကို ဆိုလေ၏။

2. ယာကုပ်ကလည်း၊ ငါသည် သင့်အား သားဘွား သောအခွင့်ကို ပေးတော်မမူသော ဘုရားသခင် ကိုယ်စား တော်ဖြစ်သလောဟု၊ ရာခေလကို အမျက်ထွက်၍ ပြန်ဆို ၏။

3. ရာခေလကလည်း၊ အကျွန်ုပ်၌ ကျွန်မဗိလဟာ ရှိပါ၏။ သူ့ထံသို့ ဝင်ပါ။ သူသည် အကျွန်ုပ်ဒူးပေါ်မှာ သားဘွား၍၊ သူ့အားဖြင့် အကျွန်ုပ်သည် တည်ဆောက် ခြင်းရှိပါလိမ့်မည်ဟု ဆိုလျက်၊

4. ကျွန်မဗိလဟာကို ယာကုပ်၏မယားဖြစ်စေခြင်း ငှါ အပ်၍၊ သူ့ထံသို့ ယာကုပ်ဝင်လေ၏။

5. ဗိလဟာသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား သားကို ဘွားမြင်သည်ရှိသော်၊

6. ရာခေလက၊ ဘုရားသခင်သည် ငါ့ဘက်၌ တရားစီရင်တော်မူပြီ။ ငါ့စကားကိုကြား၍ သားကို ပေးသနားတော်မူပြီဟု ဆိုသည်နှင့်အညီ၊ ထိုသားကို ဒန် အမည်ဖြင့် မှည့်လေ၏။

7. တဖန် ရာခေလ၏ကျွန်မ ဗိလဟာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား နှစ်ကြိမ်မြောက်သော သားကိုဘွားမြင်သည်ရှိသော်၊

8. ရာခေလက၊ ငါသည် ငါ့အစ်မနှင့် ကျပ်ကျပ် လုံးထွေး၍ နိုင်ခဲ့ပြီဟု ဆို၍၊ ထိုသားကို နဿလိအမည်ဖြင့် မှည့်လေ၏။

9. လေအာသည် သားပြတ်၍ မဘွားဘဲနေ ကြောင်းကို မိမိသိမြင်သောအခါ၊ မိမိကျွန်မ ဇိလပကို ယူ၍၊ ယာကုပ်၏မယားဖြစ်စေခြင်းငှါ အပ်လေ၏။

10. လေအာ၏ ကျွန်မဇိလပသည်လည်း ယာကုပ် အား သားကိုဘွားမြင်သည်ရှိသော်၊

11. လေအာက၊ ကောင်းကျိုးလာသည်ဟု ဆို၍၊ ထိုသားကို ဂဒ်အမည်ဖြင့် မှည့်လေ၏။

12. တဖန်လေအာ၏ ကျွန်မဇိလပသည် ယာကုပ် အား နှစ်ကြိမ်မြောက်သောသားကို ဘွားမြင်သည် ရှိသော်၊

13. လေအားက၊ ငါ၌ မင်္ဂလာရှိ၏။ လူသမီးတို့သည် ငါ့ကိုမင်္ဂလာရှိသောသူဟူ၍ ခေါ်ကြလိမ့်မည်ဟု ဆိုသဖြင့်၊ ထိုသားကို အာရှာအမည်ဖြင့် မှည့်လေ၏။

14. ထိုနောက်၊ ဂျုံစပါးကို စုသိမ်းသော အချိန် ကာလ၌၊ ရုဗင်သည် လယ်ပြင်သို့ထွက်သွားပြီးလျှင်၊ အနု ဆေးသီးကိုတွေ့၍၊ မိမိအမိလေအာထံသို့ ဆောင်ခဲ့လေ ၏။ ရာခေလကလည်း၊ သင်၏သား ရခဲ့သော အနုဆေးသီး အချို့ကို ပေးပါလော့ဟု၊ လေအာကိုတောင်းလျှင်၊

15. လေအာက၊ သင်သည် ငါ့လင်ကိုယူ၍ အတွက် မရှိထင်သလော။ ငါ့သား၏ အနုဆေးသီးကိုလည်း ယူချင် သေးသည်တကားဟု ဆိုလေသော်၊ ရာခေလက၊ သို့ဖြစ် လျှင်၊ သင့်သား၏ အနုဆေးသီးအတွက်၊ လင်သည် ယနေ့ ညဉ့်တွင် သင်နှင့်အိပ်ရမည်ဟု ဆို၏။

16. ညဦးအချိန်၌၊ လယ်ပြင်မှယာကုပ်လာသော အခါ၊ လေအာသည် ခရီးဦးကြိုပြုခြင်းငှါ သွား၍၊ သင် သည် အကျွန်ုပ်ထံသို့ ဝင်ရမည်။ အကျွန်ုပ် ၏သားရခဲ့ သော အနုဆေးသီးနှင့် သင့်ကို အကျွန်ုပ်ငှါးသည် မှန်ပါ ၏ဟုဆိုသဖြင့်၊ ထိုနေ့ညဉ့်တွင် သူနှင့်အိပ်ရလေ၏။

17. လေအာစကားကို ဘုရားသခင်နားထောင် တော်မူသဖြင့်၊ သူသည် ပဋိသန္ဓေယူ၍၊ ယာကုပ်အား ပဥ္စမသားကို ဘွားမြင်လေသော်၊

18. ငါ့ကျွန်မကို ငါ့လင်အား ပေးသောကြောင့်၊ ဘုရားသခင်သည် ငါ့အား အခကို ပေးတော်မူပြီဟုဆို၍၊ ထိုသားကို ဣသခါအမည်ဖြင့် မှည့်လေ၏။

19. တဖန် လေအာသည် ပဋိသန္ဓေယူပြန်၍၊ ယာကုပ်အား ဆဌမသားကို ဘွားမြင်လေသော်၊

20. ဘုရားသခင်သည် ကောင်းသောလက်ဖွဲ့ကို ပေးသနားတော်မူပြီ။ ငါ့လင်အား သားခြောက်ယောက်ကို ဘွားမြင်သောကြောင့်၊ ယခုငါနှင့် အမြဲနေလိမ့်မည်ဟု ဆို၍၊ ထိုသားကို ဇာဗုလုန် အမည်ဖြင့် မှည့်လေ၏။

21. ထိုနောက်မှ သမီးကိုဘွား၍၊ ဒိနအမည်ဖြင့် မှည့်လေ၏။

22. ထိုအခါ ဘုရားသခင်သည် ရာခေလကို အောက်မေ့တော်မူ၏။ သူ၏စကားကို နားထောင်၍၊ သားဘွားသောအခွင့်ကို ပေးတော်မူသဖြင့်၊

23. သူသည် ပဋိသန္ဓေယူ၍ သားကိုဘွားမြင်လျှင်၊ ငါခံရသော ကဲ့ရဲ့ခြင်းအကြောင်းကို ဘုရားသခင်သည် ပယ်တော်မူပြီဟူ၍၎င်း၊

24. ထာဝရဘုရားသည် အခြားသောသားကို ထပ်၍ ပေးတော်မူပါစေသောဟူ၍၎င်းဆိုလျက်၊ ထိုသားကို ယောသပ်အမည်ဖြင့် မှည့်လေ၏။

25. ရာခေလသည် ယောသပ်ကို ဘွားမြင်ပြီးသော နောက်၊ ယာကုပ်က၊ အကျွန်ုပ်သည် ကိုယ်နေရင်းပြည်သို့ သွားမည်အကြောင်း အကျွန်ုပ်ကို လွှတ်ပါလော့။

26. ကျွန်ုပ်သည် အစေခံ၍ရသော မယားနှင့်သား တို့ကို ဆောင်ယူ၍၊ သွားရသောအခွင့်ကို ပေးပါလော့။ ကျွန်ုပ်အစေခံသည်အကြောင်းကို အဘသိပါသည်ဟု လာဗန်အားဆိုလျှင်၊

27. လာဗန်က၊ သင်၏စိတ်နှင့် တွေ့ပါစေ။ ထာဝရ ဘုရားသည် သင်၏အကြောင်းကြောင့် ငါ့အား ကောင်း ကြီးပေးတော်မူသည်ကို ငါရိပ်မိပြီ။

28. ငါပေးရမည်အခကို ပြောပါ၊ ငါပေးမည်ဟု ဆိုလေသော်၊

29. ကျွန်ုပ်သည် အဘ၌ အဘယ်သို့ အစေခံသည် ကို၎င်း အဘ၏တိရစ္ဆာန်တို့သည် ကျွန်ုပ်၌အဘယ်သို့ ရှိနေသည်ကို၎င်း အဘသိပါ၏။

30. အထက်က အဘ၏ဥစ္စာနည်းလှ၏။ ယခု တိုးပွါး၍ များပြားလျက်ရှိ၏။ ကျွန်ုပ်သွားလာလုပ် ကိုင်သောအားဖြင့်၊ ထာဝရဘုရားသည် အဘအား ကောင်းကြီးပေးတော်မူပြီ။ ယခုမှာ၊ ကျွန်ုပ်သည် ကိုယ် အိမ်သူ အိမ်သားတို့ကို အဘယ်သောအခါ ကျွန်ုပ်ပြုစု ရပါအံ့နည်းဟု ဆိုလေ၏။

31. လာဗန်ကလည်း၊ အဘယ်အခကို ပေးရမည် နည်းဟု မေးပြန်လျှင်၊ ယာကုပ်က၊ ဘာကိုမျှမပေးပါနှင့်၊ ကျွန်ုပ်၌ကျေးဇူးတခု ပြုလိုလျှင်၊ အဘ၏သိုးစု၊ ဆိတ်စုကို တဖန်ကျွေးမွေးစောင့်ထိန်းပါဦးမည်။

32. ယနေ့သိုးစု၊ ဆိတ်စုတရှောက်လုံးကို ကျွန်ုပ် သွား၍၊ ပြောက်ကျား သောဆိတ်များ ညိုသော သိုးများ၊ ရှိသမျှတို့ကိုရွေးနှုတ်ခွဲထားပါမည်။ နောက်မှ ပြောက်ကျားသောဆိတ်၊ ညိုသောသိုးတို့သည် ကျွန်ုပ်၏ အခ ဖြစ်စေလော့။

33. သို့ဖြစ်၍၊ နောင်ကာလ၌ ကျွန်ုပ်၏အခသည်၊ အဘရှေ့သို့ ရောက်သောအခါ၊ ကျွန်ုပ်၏ဖြောင့်မတ်ခြင်း သည် ကျွန်ုပ်ကို စောင့်ရှောက်ပါလိမ့်မည်။ မပြောက် မကျားသော ဆိတ်၊ မညိုသောသိုး ရှိသမျှတို့ကို၊ ကျွန်ုပ်ခိုး သော အကောင်ဟူ၍ မှတ်စေလော့ဟု ဆိုလေ၏။

34. လာဗန်ကလည်း၊ သင်ပြောတိုင်းဖြစ်လော့ဟု ဝန်ခံ၍၊ ထိုနေ့၌ပင်၊ ပြောက်ကျားသော ဆိတ်ထီး၊ ပြောက်ကျားသောဆိတ်မ၊

35. အဖြူပါသော ဆိတ်ရှိသမျှတို့နှင့်၊ အဆင်းညို သော သိုးရှိသမျှတို့ကိုရွေး၍၊ မိမိသားတို့လက်သို့ အပ်ပေး လေ၏။

36. ကိုယ်နေရာ အရပ်နှင့်၊ ယာကုပ်နေရာအရပ်ကို သုံးရက်ခရီး ကွာစေခြင်းငှါ စီရင်သေး၏။ ယာကုပ်သည် ကြွင်းသော လာဗန်၏သိုးဆိတ်များကို ထိန်းလျက် နေရ လေ၏။

37. ထိုအခါ ယာကုပ်သည်၊ စိမ်းသောလိဗနာပင်၊ လုဇပင်၊ အာရမုန်ပင်တို့၏ အခက်တံဖျားများကိုယူ၍၊ အဖြူ၊ အစိမ်း၊ အတန့်တန့်ပေါ်အောင် အခွံကို လှီးခွာ ပြီးလျှင်၊

38. ရေသောက်လာသောသိုး၊ ဆိတ်အထီးအမ ရှက်တင်စေမည်အကြံရှိ၍၊ ရေသောက်လာသောအခါ၊ အခွံခွာပြီးသော တံဖျာတို့ကို ရေသောက်ကျင်း၊ သောက် ခွက်တို့၌ သိုးဆိတ်တို့ ရှေ့မှာစိုက်ထားလေ၏။

39. သိုးဆိတ်တို့သည် တံဖျာများရှေ့မှာ ရှက်တင်၍၊ အပြောက်အကျား စသည်တို့ကို ဘွားကြ၏။

40. ယာကုပ်သည် သိုး၊ ဆိတ်သငယ်တို့ကိုလည်း ခွဲထား၍၊ လာဗန်၏သိုးစု၊ ဆိတ်စုတွင် အဆင်းပြောက် ကျားသော အကောင်၊ အဆင်းညိုသော အကောင်ရှိသမျှ တို့ ရှေ့မှာ သိုးဆိတ်များကိုမျက်နှာပြုစေ၏။ မိမိတိရစ္ဆာန် များနှင့်လာဗန်၏ တိရစ္ဆာန်များကိုလည်း မရောမနှော စေဘဲ၊ တစုစီခွဲထားလေ၏။

41. အားကြီးသောအကောင်တို့သည် ရှက်တင် သောအခါ၊ တံဖျာတို့တွင် ရှက်တင်စေခြင်းငှါ၊ ယာကုပ် သည် တံဖျာများကို ရေကျင်း၌၊ သူတို့ မျက်မှောက်တွင် ထားတတ်၏။

42. အားနည်းသောအကောင်တို့ရှေမှာ တံဖျာတို့ကို မပြမထား။ ထိုကြောင့် အားနည်းသောအကောင်တို့သည် လာဗန်၏ဥစ္စာဖြစ်လေ၏။ အားကြီးသော အကောင်တို့မူ ကား၊ ယာကုပ်၏ ဥစ္စာဖြစ်လေ၏။

43. ထိုသို့ယာကုပ်၌ စည်းစိမ်တိုးပွား၍၊ သိုး၊ဆိတ်၊ ကျွန်ယောက်ျား၊ ကျွန်မိန်းမ၊ ကုလားအုပ်၊ မြည်းအများ ရှိကြ၏။

About ကမ္ဘာဦး Chapter 30

Read ကမ္ဘာဦး Chapter 30 online from the Holy Bible. This chapter is part of the Book of ကမ္ဘာဦး in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ကမ္ဘာဦး
Chapter: 30
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ကမ္ဘာဦး. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ကမ္ဘာဦး Chapter 30 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ကမ္ဘာဦး Chapter 30?

ကမ္ဘာဦး Chapter 30 is part of the Book of ကမ္ဘာဦး in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ကမ္ဘာဦး Chapter 30 online for free with easy chapter navigation.

More Chapters from ကမ္ဘာဦး

  1. ကမ္ဘာဦး Chapter 7
  2. ကမ္ဘာဦး Chapter 39
  3. ကမ္ဘာဦး Chapter 10
  4. ကမ္ဘာဦး Chapter 16
  5. ကမ္ဘာဦး Chapter 44
  6. ကမ္ဘာဦး Chapter 29
  7. ကမ္ဘာဦး Chapter 22

Explore More from ဓမ္မဟောင်း‌ကျမ်း

  1. ၂ ရာဇဝင်ချုပ် Chapter 11
  2. သုတ္တံ Chapter 13
  3. ယေဇကျေလ Chapter 47
  4. ၁ ရာမူ Chapter 22
  5. ဧဇရ Chapter 4
  6. ၂ ရာမူ Chapter 6
  7. တရားသူကြီး Chapter 11

Related Chapters & Readings

  1. ဆာလံ Chapter 23
  2. ၁ ကောရိန္သု Chapter 4
  3. ဟောရှေ Chapter 12
  4. ထွက်မြောက်ရာ Chapter 16
  5. သုတ္တံ Chapter 4
  6. ယေရမိ Chapter 12
  7. ရောမ Chapter 3
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *