Read ၁ ရာဇဝင် Chapter 11 Online
Read ၁ ရာဇဝင် Chapter 11 online from the Holy Bible. This chapter is part of the Book of ၁ ရာဇဝင် in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ၁ ရာဇဝင် and the Holy Bible online.
Choose a Chapter
၁ ရာဇဝင် 11
အခန်း 11
1. ရှောလမုန်မင်းကြီးသည် ဖာရောဘုရင်၏ သမီးမှတပါး၊ ဣသရေလအမျိုးသားမဟုတ်သော မောဘအမျိုး၊ အမ္မုန်အမျိုး၊ ဧဒုံအမျိုး၊ ဇိဒုန်အမျိုး၊ ဟိတ္တိအမျိုးသား မိန်းမအများတို့ကို ချစ်တတ်၏။
2. ထာဝရဘုရားက၊ သင်တို့သည် တပါးအမျိုးသားတို့နှင့်စုံဘက်ခြင်းကိုမပြုရ။ အကယ်စင်စစ်သူတို့သည် မိမိတို့ဘုရားများနောက်သို့ သင်တို့၏ စိတ်နှလုံးကို လွဲစေကြလိမ့်မည်ဟု ဣသရေလအမျိုးသားတို့အား မိန့်တော် မူသော်လည်း၊ ရှောလမုန်သည် တပါးအမျိုးသား မိန်းမတို့ကို တပ်မက်သောစိတ်ရှိ၏။
3. မင်းသမီးဖြစ်သော ခင်ပွန်းခုနစ်ရာ၊ မောင်းမ မိဿံသုံးရာရှိ၍၊ သူတို့သည် စိတ်နှလုံးတော်ကို လွဲစေ ကြ၏။
4. ရှောလမုန်သည် အသက်ကြီးသောအခါ၊ မိန်းမများတို့သည် စိတ်နှလုံးတော်ကို အခြားတပါးသော ဘုရား နောက်သို့ လွဲစေသဖြင့်၊ စိတ်နှလုံးတော်သည် ခမည်းတော် ဒါဝိဒ်၏ စိတ်နှလုံးကဲ့သို့ မိမိဘုရားသခင် ထာဝရဘုရား ရှေ့တော်၌ စုံလင်ခြင်းမရှိ။
5. ဇိဒုန်နတ်သမီးအာရှတရက်၊ ရွံရှာဘွယ်သော အမ္မုန်ဘုရား မိလကုံနောက်သို့ လိုက်၍၊
6. ခမည်းတော်ဒါဝိဒ်ကဲ့သို့ ထာဝရဘုရား၌ လုံးလုံး မဆည်းကပ်၊ ရှေ့တော်၌ဒုစရိုက်ကိုပြုလေ၏။
7. ထိုအခါရှောလမုန်သည် ရွံရှာဘွယ်သောမောဘဘုရားခေမုရှနှင့် ရွံရှာဘွယ်သော အမ္မုန်ဘုရားမောလုတ်အဘို့၊ ယေရုရှလင်မြို့ ရှေ့တော်၌ရှိသော တောင်ပေါ်တွင် ကုန်းတို့ကို တည်လေ၏။
8. မိမိတို့ဘုရားအား နံ့သာပေါင်းကိုမီးရှို့၍၊ ယဇ် ပူဇော်သော တပါးအမျိုးသားခင်ပွန်းအပေါင်းတို့အဘို့ ထိုသို့ပြု၏။
9. အခြားတပါးသော ဘုရားနောက်သို့ မလိုက်ရ မည်အကြောင်း ပညတ်တော်မူသောဘုရား၊နှစ်ကြိမ် ထင်ရှားတော်မူသော ဣသရေလအမျိုး၏ ဘုရားသခင်ထာဝရဘုရားထံတော်မှ၊
10. ရှောလမုန်သည် စိတ်နှလုံးလွှဲသွား၍၊ မှာထားတော်မူသော စကားကိုနားမထောင်သောကြောင့်၊ ထာဝရ ဘုရားအမျက်ထွက်တော်မူလျက်၊
11. သင်သည်ဤသို့ပြု၍ ငါဖွဲ့သော ပဋိညာဉ်နှင့် ငါမှာထားသော တရားကိုမစောင့်ဘဲနေသောကြောင့်၊ နိုင်ငံတော်ကို သင့်လက်မှ ငါဆက်ဆက်နှုတ်၍ သင့်ကျွန် အား ပေးမည်။
12. သို့ရာတွင် သင့်အဘဒါဝိဒ်၏မျက်နှာကို ထောက်၍၊ သင့်လက်ထက်၌ ငါသည်းခံဦးမည်။ သင်၏ သားလက်မှ နိုင်ငံတော်ကို နှုတ်မည်။
13. သို့သော်လည်း တနိုင်ငံလုံးကိုမနှုတ်။ ငါ့ကျွန် ဒါဝိဒ်နှင့်ငါ ရွေးကောက်သော ယေရုရှလင်မြို့ကို ထောက်၍၊ သင့်သားအား ခရိုင်တခရိုင်ကို ငါပေးမည်ဟု ရှောလမုန်အား မိန့်တော်မူ၏။
14. ထိုနောက် ထာဝရဘုရားသည် ရှောလမုန်၌ ရန်ဘက်ပြုသောသူ ဧဒုံအမျိုးသားဟာဒဒ်ကို နှိုးဆော် တော်မူ၏။ ထိုသူသည် ဧဒုံရှင်ဘုရင်အမျိုးဖြစ်၏။
15. အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ ရှိ၍၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ၊
16. အထက်က ဒါဝိဒ်သည် ဧဒုံပြည်၌ ရှိ၍၊ ဗိုလ် ချုပ်ယွာဘသည် ဧဒုံအမျိုးသားယောက်ျားအပေါင်းတို့ကို ပယ်ဖြတ်မည်ဟု ဣသရေလလူအပေါင်းတို့နှင့် ဧဒုံပြည်၌ ခြောက်လနေပြီးမှ၊ အသေကောင်များကို မြေ၌မြှုပ်စေ ခြင်းငှါ သွားစဉ်အခါ၊
17. ဟာဒဒ်သည် အသက်ငယ်လျက်ပင် အဘ၏ကျွန်ဧဒုံအမျိုးသားအချို့တို့နှင့်အတူ အဲဂုတ္တုပြည်သို့ ရောက်အောင်ပြေး၏။
18. မိဒျန်ပြည်မှထွက်၍ မါရန်ပြည်သို့ ရောက်လေ၏။ တဖန်ပါရန်ပြည်သားအချို့တို့ကို ခေါ်၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုဖာရောဘုရင်ထံသို့ ရောက်လေသော်၊ ထိုမင်း သည် အိမ်နှင့်မြေကိုပေး၍ ကျွေးမွေးလေ၏။
19. ဖာရောဘုရင်သည် ဟာဒဒ်ကို အလွန်ချစ်၍ မိမိခင်ပွန်းမိဖုရားတာပနက်၏ညီမကို ပေးစား၏။
20. တာပနက်၏ ညီမသည်သား ဂေနုဗက်ကို ဘွားမြင်၍၊ တာပနက်သည်နန်းတော်၌နို့ခွါသဖြင့်၊ ဂေနုဗတ်သည် နန်းတော်၌ ဖာရောဘုရင်၏ သားများနှင့်အတူနေ၏။
21. ဒါဝိဒ်သည် ဘိုးဘေးတို့နှင့်အိပ်ပျော်ကြောင်းနှင့် ဗိုလ်ချုပ်မင်းယွာဘသေကြောင်းကို ဟာဒဒ်သည် အဲဂုတ္တုပြည်၌ ကြားသောအခါ၊ အကျွန်ုပ်သည် ကိုယ်ပြည်သို့ပြန်သွားရသော အခွင့်ကို ပေးတော်မူပါဟု ဖာရောဘုရင်အား တောင်းပန်လေ၏။
22. ဖာရောဘုရင်က၊ သင်သည်ကိုယ်ပြည်သို့ ပြန်ချင်သောစိတ်ရှိမည်အကြောင်း ငါ့ထံမှာအဘယ်အရာ လိုသေးသနည်းဟုမေးသော်၊ အဘယ်အရာမျှမလိုပါ။ သို့သော်လည်း သွားရသောအခွင့်ကို ပေးတော်မူပါဟု လျှောက်ပြန်လေ၏။
23. ရှောလမုန်၌ ရန်ဘက်ပြုသောသူတခြား၊ ဧလျာဒသားရေဇုန်ကို ဘုရားသခင် နှိုးဆော်တော်မူ၏။ ထိုသူ သည် မိမိသခင်ဇောဘမင်းကြီး ဟာဒဒေဇာထံမှပြေး၍၊
24. လူများကိုစုဝေးစေသဖြင့်၊ ဒါဝိဒ်မင်းလုပ်ကြံ သောအခါ ဗိုလ်ချုပ် လုပ်လေ၏။
25. ဟာဒဒ်နှောင့်ရှက်သောအမှုမှတပါး ထိုသူသည် ရှောလမုန်လက်ထက်ကာလပတ်လုံး ဣသရေလအမျိုးကို ရန်ဘက်ပြု၏။ ရှုရိပြည်ကို အစိုးရ၍ ဣသရေလအမျိုးကို စက်ဆုပ်ရွံရှာ၏။
26. ထိုမှတပါးရှောလမုန်၏ ကျွန်တယောက်၊ ဧဖရိမ်အမျိုး၊ ဇေရဒရွာသား၊ နေဗတ်၏သား ယေရောဗောင် သည်လည်း ရှင်ဘုရင်ကို ပုန်ကန်၏။ သူ၏အမိကား၊ ဇေရွာအမည်ရှိသော မုတ်ဆိုးမတည်း။
27. ရှင်ဘုရင်ကို ပုန်ကန်သော အကြောင်းဟူမူကား၊ ရှောလမုန်သည် မိလ္လောမြို့ကိုတည်၍၊ ခမည်းတော်ဒါဝိဒ် ၏မြို့ရိုးပျက်ကို ပြုပြင်သောအခါ၊
28. ယေရောဗောင်သည် ခွန်အားကြီးသော သူရဲ ဖြစ်၏။ ကြိုးစားအားထုတ်တတ်သော လုလင်ဖြစ်ကြောင်း ကို ရှောလမုန်သည်မြင်လျှင်၊ ယောသပ်အမျိုးဆောင်ရွက် ရသောအမှုရှိသမျှကို အုပ်စေခြင်းငှါ ခန့်ထားတော်မူ၏။
29. တရံရောအခါ ယေရောဗောင်သည် ယေရုရှလင်မြို့ပြင်သို့ ထွက်သွားသည်ရှိသော်၊ ရှိလောမြို့သား အဟိယသည် ဝတ်လုံသစ်နှင့် ကိုယ်ကိုခြုံလျက်၊ ယေရော ဗောင်ကိုကြိုဆို၍ လယ်ပြင်၌ ထိုသူနှစ်ယောက်တည်း ရှိစဉ်အခါ၊
30. အဟိယသည် မိမိဝတ်သော ဝတ်လုံသစ်ကို ကိုင်၍ ဆယ်နှစ်ပိုင်းဆုတ်ဖြတ်ပြီးလျှင်၊
31. ယေရောဗောင်အား၊ ဤဆယ်ပိုင်းကိုယူလော့။ ဣသရေလအမျိုး၏ဘုရားသခင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ နိုင်ငံတော်ကို ရှောလမုန်လက်မှ ငါနှုတ်၍ ခရိုင်ဆယ်ခရိုင်ကို သင့်အားပေးမည်။
32. ငါ့ကျွန်ဒါဝိဒ်အတွက် ဣသရေလခရိုင်များတို့တွင်၊ ငါရွေးကောက်သော ယေရုရှလင်မြို့အတွက် ရှောလမုန်သည် တခရိုင်ကို ယူရ၏။
33. ဆယ်ခရိုင်ကို နှုတ်ရသော အကြောင်းဟူမူကား၊ ငါ့ကိုစွန့်၍ ဇိဒုန်နတ်သမီး အာရှတရက်၊ မောဘဘုရား ခေမုရှ၊ အမ္မုန်ဘုရားမိလကုံတို့ကို ကိုးကွယ်သဖြင့်၊ အဘ ဒါဝိဒ်ကဲ့သို့ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ထုံးဖွဲ့ချက် တို့ကို စောင့်ရှောက်ခြင်းငှါ ငါ့လမ်းတို့သို့ မလိုက်။
34. သို့ရာတွင် နိုင်ငံတော်ကို သူ၏လက်မှ ငါမနှုတ်သေး။ ငါရွေးကောက်၍ ငါ့ပညတ်တရားတို့ကို စောင့် ရှောက်သော ငါ့ကျွန်ဒါဝိဒ်အတွက်၊ သားရှောလမုန်သည် တသက်လုံးစိုးစံစေခြင်းငှါ ငါအခွင့်ပေး၏။
35. ရှောလမုန်၏သားလက်မှ နိုင်ငံတော်ကို နှုတ်၍ ဆယ်ခရိုင်ကို သင့်အား ငါပေးမည်။
36. ငါ့နာမတည်ရာဘို့ ငါရွေးကောက်သော ယေရုရှလင်မြို့တွင်၊ ငါ့ရှေ့မှာ ငါ့ကျွန်ဒါဝိဒ်၏ မီးခွက်သည် အစဉ်ထွန်းလင်းလျက်ရှိစေခြင်းငှါ၊ ရှောလမုန်သားအား တခရိုင်ကို ငါပေး၏။
37. သင့်ကိုငါရွေးယူ၍၊ သင်သည် ကိုယ်အလိုဆန္ဒ ပြည့်စုံစေခြင်းငှါ၊ စိုးစံလျက်ဣသရေလအမျိုးတွင် မင်းပြု ရ၏။
38. သင်သည် ငါမှာထားသမျှကို နားထောင်၍၊ ငါ့ကျွန်ဒါဝိဒ်ပြုသကဲ့သို့ ငါ၏လမ်းတို့သို့ လိုက်လျက်၊ ငါ့ရှေ့၌ မှန်သောတရား၊ ငါစီရင်ချက်ပညတ်များကို စောင့်ရှောက်လျှင်၊ သင်နှင့်အတူငါရှိ၍ ဒါဝိဒ်အဘို့ မြဲမြံ သောအိမ်ကို ဆောက်သည်နည်းတူ၊ သင့်အဘို့ဆောက်၍ ဣသရေလနိုင်ငံကို ငါပေးမည်။
39. ဤအကြောင်းကြောင့် ဒါဝိဒ်မင်းမျိုးကို ငါနှောင့်ရှက်မည်။ သို့ရာတွင် အစဉ်နှောင့်ရှက်မည်မဟုတ်ဟု မိန့်တော်မူကြောင်းကို ဆင့်ဆို၏။
40. ရှောလမုန်သည် ယေရောဗောင်ကိုသတ်မည်ဟု အားထုတ်သည်ရှိသော်၊ ယေရောဗောင်သည် ထ၍ အဲဂုတ္တုပြည်၊ အဲဂုတ္တုရှင်ဘုရင် ရှိရက်ထံသို့ပြေးသဖြင့်၊ ရှောလမုန်သေသည်တိုင်အောင် အဲဂုတ္တုပြည်၌ နေလေ ၏။
41. ရှောလမုန်ပြုမူသော အမှုအရာကြွင်းလေသမျှနှင့်၊ သူ၏ပညာစကားသည် ရှောလမုန်ဝတ္ထု၌ ရေးထား လျက်ရှိ၏။
42. ရှောလမုန်သည် ယေရုရှလင်မြို့၌နေ၍ ဣသရေလနိုင်ငံလုံးကို အနှစ်လေးဆယ်စိုးစံပြီးမှ၊
43. ဘိုးဘေးတို့နှင့် အိပ်ပျော်၍ ခမည်းတော် ဒါဝိဒ်မြို့၌သင်္ဂြိုဟ်ခြင်းကို ခံလေ၏။ သားတော်ရောဗောင် သည် ခမည်းတော်အရာ၌ နန်းထိုင်၏။
About ၁ ရာဇဝင် Chapter 11
Read ၁ ရာဇဝင် Chapter 11 online from the Holy Bible. This chapter is part of the Book of ၁ ရာဇဝင် in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ၁ ရာဇဝင်
Chapter: 11
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ၁ ရာဇဝင်. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ၁ ရာဇဝင် Chapter 11 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ၁ ရာဇဝင် Chapter 11?
၁ ရာဇဝင် Chapter 11 is part of the Book of ၁ ရာဇဝင် in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ၁ ရာဇဝင် Chapter 11 online for free with easy chapter navigation.
More Chapters from ၁-ရာဇဝင်
- ၁ ရာဇဝင် Chapter 1
- ၁ ရာဇဝင် Chapter 2
- ၁ ရာဇဝင် Chapter 18
- ၁ ရာဇဝင် Chapter 12
- ၁ ရာဇဝင် Chapter 7
- ၁ ရာဇဝင် Chapter 6
- ၁ ရာဇဝင် Chapter 4
Explore More from ဓမ္မဟောင်းကျမ်း
- ၁ ရာဇဝင် Chapter 4
- ထွက်မြောက်ရာ Chapter 16
- ဆာလံ Chapter 39
- သုတ္တံ Chapter 10
- တောလည်ရာ Chapter 28
- ဆာလံ Chapter 2
- ၂ ရာဇဝင်ချုပ် Chapter 36