၁ ရာဇဝင် Chapter 10

For English

Read ၁ ရာဇဝင် Chapter 10 Online

Read ၁ ရာဇဝင် Chapter 10 online from the Holy Bible. This chapter is part of the Book of ၁ ရာဇဝင် in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ၁ ရာဇဝင် and the Holy Bible online.

Choose a Chapter

၁ ရာဇဝင် 10

အခန်း 10

1. ရှေဘပြည်ကို အစိုးရသော မိဖုရားသည် ရှောလမုန်၏ ဂုဏ်အသရေနှင့် ထာဝရဘုရား၏ နာမတော် သိတင်းကိုကြားလျှင်၊ နက်နဲခက်ခဲသော ပြဿနာအားဖြင့် သူ့ကို စုံစမ်းခြင်းငှါ လာ၏။

2. နံ့သာမျိုးနှင့် များစွာသောရွှေ၊ အဘိုးထိုက်သော ကျောက်တို့ကိုဆောင်သော ကုလားအုပ်များ၊ လိုက်သော သူများနှင့်တကွ ယေရုရှလင်မြို့သို့ရောက်၍၊ ရှောလမုန်မင်းကြီးထံတော်သို့ ဝင်သောအခါ၊ မိမိအလိုဆန္ဒရှိသမျှကို ဆွေးနွေးမေးမြန်းလေ၏။

3. သူမေးမြန်းသော ပြဿနာရှိသမျှတို့ကို ရှောလမုန်မင်းကြီးသည် ဖြေလေ၏။ နားမလည်၍ မဖြေနိုင် သောအရာ တစုံတခုမျှမရှိ။

4. ရှေဘမိဖုရားသည် ရှောလမုန်၏ ပညာအလုံးစုံကို၎င်း၊ တည်ဆောက်သောအိမ်တော်ကို၎င်း၊

5. စားပွဲတော်တန်ဆာကို၎င်း၊ အမှုတော်စောင့်တို့နေရာထိုင်ရာကို၎င်း၊ လုလင်တို့ ခစားသည် အခြင်းအရာ ကို၎င်း၊ သူတို့ဝတ်သောအဝတ်တန်ဆာကို၎င်း၊ ဝန်စာရေးများကို၎င်း၊ ထာဝရဘုရား၏ အိမ်တော်၌ မီးရှို့ရာ ယဇ်ပူဇော်ခြင်းကို၎င်း မြင်သောအခါ မိန်းမောတွေဝေလျက်ရှိ၍၊

6. ကိုယ်တော်၏ အခြင်းအရာနှင့်ကိုယ်တော်၏ပညာကို အကျွန်ုပ်သည် ကိုယ်ပြည်၌ကြားရသော သိတင်းစကားမှန်ပါ၏။

7. သို့သော်လည်း၊ ကိုယ်တိုင်ရောက်၍မမြင်မှီ ထိုစကားကိုမယုံ။ ယခုမူကား၊ အရင်ကြားသော စကား သည် တဝက်ကိုမျှမမှီ။ ကိုယ်တော်၏ ပညာနှင့်ကိုယ်တော်၏စည်းစိမ်သည် အကျွန်ုပ်ကြားရသော သိတင်းကို လွန်ကဲ ပါ၏။

8. ရှေ့တော်၌ အစဉ်နေ၍ ပညာတော်ကိုကြားရသော ကိုယ်တော်၏လူ၊ ကိုယ်တော်၏ကျွန်တို့သည် မင်္ဂလာရှိကြပါ၏။

9. ကိုယ်တော်ကို နှစ်သက်၍၊ ဣသရေလနိုင်ငံ၏ ရာဇပလ္လင်ပေါ်မှာ တင်တော်မူသော ကိုယ်တော်၏ ဘုရားသခင်ထာဝရဘုရားသည် မင်္ဂလာရှိတော်မူစေသတည်း။ ထာဝရဘုရားသည် ဣသရေလအမျိုးကို အစဉ်ချစ်သောကြောင့်၊ ဖြောင့်မတ်စွာတရားစီရင်စေခြင်းငှါ ကိုယ်တော်ကို ရှင်ဘုရင်အရာ၌ ခန့်ထားတော်မူ ပြီဟု ရှင်ဘုရင်အား ပြောဆို၍၊

10. ရွှေအခွက်တရာနှစ်ဆယ်၊ နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သော နံ့သာမျိုးအများ၊ ကျောက်မြတ်တို့ကို ဆက်လေ၏။ ရှေဘမိဖုရားသည် ရှောလမုန်မင်းကြီးအား ဆက်သောနံ့သာမျိုးနှင့်အမျှ များပြားသော နံ့သာမျိုးသည် နောက်တဖန်မရောက်။

11. ဩဖိရမြို့မှ ရွှေကိုဆောင်ခဲ့သော ဟိရံသင်္ဘောတို့သည် အာလဂုံသစ်သားများ၊ ကျောက်မြတ်များကို လည်း ဆောင်ခဲ့ကြ၏။

12. ထိုအာလဂုံသစ်သားဖြင့် ရှင်ဘုရင်သည် ဗိမာန်တော်ပွတ်လုံးတန်းနှင့် နန်းတော်ပွတ်လုံးတန်းကို၎င်း၊ သီချင်းဆိုသော သူတို့စောင်းနှင့် တယောတို့ကို၎င်း လုပ်လေ၏။ ထိုသို့သော အာလဂုံသစ်သားသည်နောက် တဖန်မရောက်၊ ယနေ့တိုင်အောင် မပေါ်လာ။

13. ရှောလမုန်မင်းကြီးသည် အလိုလိုပေးသော လက်ဆောင်မှတပါး၊ ရှေဘမိဖုရား၏ အလိုဆန္ဒပြည့်စုံစေ ခြင်းငှါ၊ သူတောင်းသမျှကိုလည်း ပေးတော်မူ၏။ ထိုနောက်မှ မိဖုရားသည် မိမိကျွန်တို့နှင့်တကွ မိမိပြည်သို့ ပြန်သွားလေ၏။

14. ရှောလမုန်ထံသို့ တနှစ်တနှစ်လျှင် ရောက်သော ရွှေအချိန်ကား အခွက်ခြောက်ရာခြောက်ဆယ်ခြောက် ပိဿာဖြစ်သတည်း။

15. ထိုမှတပါးကုန်သည်များ၊ လှည်းသမားများ၊ အာရပ်မင်းကြီးရှိသမျှ၊ မြို့ဝန်များဆက်သော ရွှေရှိသေး ၏။

16. ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။

17. ရှောလမုန်မင်းကြီးသည် ရွှေခြောက်ပိဿာစီဖြင့် ဒိုင်းကြီးနှစ်ရာ၊ သုံးပိဿာစီဖြင့် ဒိုင်းငယ်သုံးရာတို့ကို ထုတ်လုပ်၍ လေဗနုန်တောသစ်သားနှင့် တည်ဆောက်သောနန်းတော်၌ ထားတော်မူ၏။

18. ရှင်ဘုရင်သည်လည်း၊ ဆင်စွယ်ရာဇပလ္လင်ကြီး ကို လုပ်၍ရွှေစင်နှင့်မွမ်းမံလေ၏။

19. ရာဇပလ္လင်တော်သည် လှေကားခြောက်ထစ် ရှိ၏။ နောက်ဖေးဝိုင်း၏။ ထိုင်ရာတဘက်တချက်၌ မှီစရာလက်ရုံးတန်းနှင့်ပြည့်စုံ၍၊ လက်ရုံးတန်းအနားမှာ ခြင်္သေ့နှစ်ကောင်ရပ်နေ၏။

20. လှေကားခြောက်ထစ်အပေါ်တွင် တဘက်တချက်၌လည်း ခြင်္သေ့တဆယ်နှစ်ကောင်ရပ်နေ၏။ ထိုသို့သော ရာဇပလ္လင်သည် အဘယ်တိုင်းနိုင်ငံ၌မျှမရှိ။

21. ရှောလမုန်မင်းကြီးသောက်သော ဖလားတော် ရှိသမျှနှင့် လေဗနုန်နန်းတော်၌ သုံးသောဖလားတော် ရှိသမျှတို့သည် ငွေဖလားမဟုတ် ရွှေဖလားသက်သက် ဖြစ်၏။ ရှောလမုန်လက်ထက်၌ ငွေကို အလျှင်းပမာဏ မပြုတတ်ကြ။

22. ရှင်ဘုရင်သည် တာရှုသင်္ဘောကို ဟိရံမင်း သင်္ဘောနှင့်အတူ စေလွှတ်သဖြင့်၊ သုံးနှစ်တခါ တာရှု သင်္ဘောသည် ပြန်လာ၍ ရွှေ၊ ငွေ၊ ဆင်စွယ်၊ မျောက်များ၊ ဒေါင်းများကို ဆောင်ခဲ့တတ်၏။

23. ထိုသို့ရှောလမုန်သည် မြေကြီးပေါ်မှာ ရှိသမျှသော ရှင်ဘုရင်တို့ထက် ပညာနှင့် စည်းစိမ်အားဖြင့် လွန်ကဲ၏။

24. ရှောလမုန်၏ နှလုံး၌ ဘုရားသခင် သွင်းပေးတော်မူသော ပညာကို မြေကြီးသားအပေါင်းတို့သည် ကြားရအံ့သောငှါ၊ မျက်နှာတော်ကို ဖူးလာကြ၏။

25. လာသောသူအသီးအသီးတို့သည် ရွှေဖလား၊ ငွေဖလား၊ အဝတ်တန်ဆာ၊ စစ်တိုက်လက်နက်၊ နံ့သာမျိုး၊ မြင်း၊ လားတို့ကို နှစ်တိုင်းအခွန် ဆက်ရကြ၏။

26. ရှောလမုန်သည်လည်း၊ ရထားများ၊ မြင်းစီးသူရဲ များကို ဆည်းဖူး၍၊ ရထားတထောင်နှင့် လေးရာ၊ မြင်းစီးသူရဲတသောင်းနှစ်ထောင်ရှိ၏။ ရထားထိန်း မြို့တို့၌ ၎င်း၊ ယေရုရှလင်မြို့ အထံတော်၌၎င်းထား၏။

27. ရှင်ဘုရင်သည် ယေရုရှလင်မြို့၌ ငွေကို ကျောက်ခဲကဲ့သို့၎င်း၊ အာရဇ်ပင်တို့ကို လွင်ပြင်၌ ပေါက် သော သဖန်းပင်ကဲ့သို့၎င်း များပြားစေ၏။

28. ရှောလမုန်ထံသို့ မြင်းများကို အဲဂုတ္တုပြည်၊ ကောမြို့မှဆောင်ခဲ့ရ၏။ ရှင်ဘုရင်၏ ကုန်သည်တို့သည် အဘိုးပေးလျက် ကောမြို့၌ ခံယူရကြ၏။

29. အဲဂုတ္တုပြည်မှ ရထားတခုကို ငွေခြောက်ပိဿာ နှင့်၎င်း၊ မြင်းတစီးကို တပိဿာငါးဆယ်နှင့်၎င်း ရောင်းမြဲ ရှိ၏။ ထိုသို့ဟိတ္တိမင်းကြီးနှင့် ရှုရိမင်းကြီးအပေါင်းတို့သည် အဲဂုတ္တုရထားနှင့် မြင်းတို့ကို ရတတ်ကြ၏။

About ၁ ရာဇဝင် Chapter 10

Read ၁ ရာဇဝင် Chapter 10 online from the Holy Bible. This chapter is part of the Book of ၁ ရာဇဝင် in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ၁ ရာဇဝင်
Chapter: 10
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ၁ ရာဇဝင်. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ၁ ရာဇဝင် Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ၁ ရာဇဝင် Chapter 10?

၁ ရာဇဝင် Chapter 10 is part of the Book of ၁ ရာဇဝင် in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ၁ ရာဇဝင် Chapter 10 online for free with easy chapter navigation.

More Chapters from ၁-ရာဇဝင်

  1. ၁ ရာဇဝင် Chapter 1
  2. ၁ ရာဇဝင် Chapter 7
  3. ၁ ရာဇဝင် Chapter 3
  4. ၁ ရာဇဝင် Chapter 2
  5. ၁ ရာဇဝင် Chapter 18
  6. ၁ ရာဇဝင် Chapter 17
  7. ၁ ရာဇဝင် Chapter 16

Explore More from ဓမ္မဟောင်း‌ကျမ်း

  1. ဆာလံ Chapter 75
  2. ယေဇကျေလ Chapter 35
  3. တောလည်ရာ Chapter 8
  4. ယေရမိ Chapter 5
  5. ဝတ်ပြုရာ Chapter 10
  6. ၂ ရာဇဝင် Chapter 5
  7. ဆာလံ Chapter 56

Related Chapters & Readings

  1. ရုသ Chapter 2
  2. မာကု Chapter 13
  3. သုတ္တံ Chapter 17
  4. ဟဂ္ဂဲ Chapter 2
  5. ဝတ်ပြုရာ Chapter 22
  6. ၂ ရာဇဝင်ချုပ် Chapter 27
  7. ဟေရှာယ Chapter 9
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *