Read ၁ ရာဇဝင် Chapter 12 Online
Read ၁ ရာဇဝင် Chapter 12 online from the Holy Bible. This chapter is part of the Book of ၁ ရာဇဝင် in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ၁ ရာဇဝင် and the Holy Bible online.
Choose a Chapter
၁ ရာဇဝင် 12
အခန်း 12
1. ဣသရေလအမျိုးသားအပေါင်းတို့သည် ရောဗောင်ကို ရှင်ဘုရင်အရာ၌ ချီးမြှောက်ခြင်းငှါ၊ ရှေခင်မြို့သို့သွားကြ၍ သူသည်လည်း သွား၏။
2. ရှောလမုန်မင်းကြီးထံမှ အဲဂုတ္တုပြည်သို့ ပြေးသော နေဗတ်၏သား ယေရောဗောင်သည် ထိုသိတင်း ကိုကြား၍ အဲဂုတ္တုပြည်မှ ပြန်လာ၏။
3. ဣသရေလလူတို့သည် သူ့ထံသို့လူကိုစေလွှတ်၍ ခေါ်သဖြင့်၊ စည်းဝေးသော ပရိသတ်အပေါင်းတို့သည် သူနှင့်အတူ ရောဗောင်ထံသို့ ဝင်လျက်၊
4. ခမည်းတော်သည် ကျွန်တော်တို့၌ လေးသောထမ်းဘိုးကိုတင်ပါပြီ။ ခမည်းတော်ထံမှာ ပင်ပန်းစွာ ဆောင်ရွက်ရသောအမှု၊ တင်တော်မူသော ထမ်းဘိုးလေး ကို ပေါ့စေတော်မူပါ။ ထိုသို့ပြုတော်မူလျှင်၊ ကျွန်တော် တို့သည် အမှုတော်ကို ထမ်းပါမည်ဟု လျှောက်ဆိုကြ၏။
5. ရောဗောင်ကလည်း၊ သင်တို့သွားကြဦးလော့။ သုံးရက်လွန်မှ တဖန်လာကြဦးလော့ဟု မိန့်တော်မူလျှင်၊ သူတို့သည် သွားကြ၏။
6. ထိုအခါ ရောဗောင်မင်းကြီးသည် ခမည်းတော်ရှောလမုန် အသက်ရှင်စဉ်အခါ၊ အထံတော်၌ ခစားသော အသက်ကြီးသူတို့နှင့် တိုင်ပင်၍၊ ဤသူတို့အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့အကြံပေး ကြမည်နည်းဟု မေးသော်၊
7. သူတို့က၊ ကိုယ်တော်သည် ယနေ့ဤသူတို့၏ ကျွန်ခံလျက်၊ သူတို့အမှုကို စောင့်၍ ကောင်းသော စကား နှင့်ပြန်ပြောတော်မူလျှင်၊ သူတို့သည် အစဉ်ကိုယ်တော်၏ ကျွန်ခံကြပါလိမ့်မည်ဟု လျှောက်ထားကြ၏။
8. အသက်ကြီးသူတို့ပေးသော အကြံကို ရောဗောင်သည်မလိုက်။ ခစားမြဲခစားသော မိမိသူငယ်ချင်း တို့နှင့် တိုင်ပင်လျက်၊
9. ပြည်သားတို့က၊ ခမည်းတော်တင်သောထမ်းဘိုးကို ပေါ့စေတော်မူပါဟု လျှောက်ဆိုကြသည်ဖြစ်၍၊ သူတို့ အား ငါပြန်ပြောရမည်အကြောင်း အဘယ်သို့ အကြံပေး ကြမည်နည်းဟု မေးသော်၊
10. ထိုသူငယ်ချင်းလုလင်တို့က၊ ခမည်းတော်သည် ကျွန်တော်တို့၌ ထမ်းဘိုးကို လေးစေပါပြီ။ ပေါ့စေတော် မူပါဟု လျှောက်သောပြည်သားတို့အား၊ ကိုယ်တော်က၊ ငါ့လက်သန်းသည် ငါ့ခမည်းတော်ခါးထက်သာ၍ ကြီးလိမ့် မည်။
11. ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသောထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦး မည်ဟု ပြန်ပြောတော်မူပါဟု လျှောက်ထားကြ၏။
12. ရှင်ဘုရင်က၊ သုံးရက်မြောက်သောနေ့၌ တဖန် လာကြဦးလော့ဟု နေ့ရက်ကို ချိန်းချက်သည်အတိုင်း၊ သုံးရက်မြောက်သောနေ့၌ ယေရောဗောင်နှင့် လူအပေါင်းတို့သည် ရောဗောင်ထံသို့ ရောက်လာကြ၏။
13. ရှင်ဘုရင်သည် အသက်ကြီးသူတို့ပေးသော အကြံကိုမလိုက်။ လူပျိုတို့ပေးသောအကြံကို လိုက်လျက်၊
14. ငါ့ခမည်းတော်သည် သင်တို့အပေါ်မှာ လေးသော ထမ်းဘိုးကိုတင်လေပြီ။ ငါသည်လည်းထပ်၍ တင်ဦးမည်။ ငါ့ခမည်းတော်သည် သင်တို့ကို ကြိမ်လုံးနှင့် ရိုက်လေပြီ။ ငါသည်လည်း ကင်းမြီးကောက်နှင့် ရိုက်ဦးမည်ဟု ကြမ်းတမ်းစွာ ပြန်ပြောတော်မူ၏။
15. ရှင်ဘုရင်သည် ပြည်သားတို့၏ စကားကိုနားမထောင်ရသည်အကြောင်းကား၊ ထာဝရဘုရားသည် ရှိလောမြို့သား အဟိယအားဖြင့် နေဗတ်၏သား ယေရောဗောင်အား မိန့်တော်မူသောစကားကို ပြည့်စုံစေ တော်မူမည်အကြောင်းတည်း။
16. ဣသရေလအမျိုးသားအပေါင်းတို့သည် ရှင်ဘုရင် နားမထောင်ကြောင်းကို သိမြင်လျှင်၊ ငါတို့သည် ဒါဝိဒ်နှင့်အဘယ်သို့ဆက်ဆံသနည်း။ ယေရှဲ၏သားနှင့် အဘယ်သို့ အမွေခံရသေးသနည်း။ အိုဣသ ရေလအမျိုး၊ သင်တို့နေရာသို့ သွားကြ။ အိုဒါဝိဒ်၊ သင်၏ အိမ်ကို ကြည့်ရှုလော့ဟု ရှင်ဘုရင်အားပြန်ပြောလျက်၊ ဣသရေလလူတို့သည် မိမိတို့နေရာသို့ပြန်သွားကြ၏။
17. သို့ရာတွင် ယုဒမြို့ရွာတို့၌နေသော ဣသရေလ လူတို့ကို ရောဗောင်သည် အုပ်စိုးရသေး၏။
18. ထိုအခါ ရောဗောင်မင်းကြီးသည် အခွန်တော်ဝန် အဒေါနိရံကို စေလွှတ်၍ ဣသရေလလူအပေါင်းတို့ သည် သူ့ကိုသေအောင် ကျောက်ခဲနှင့် ပစ်ကြ၏။
19. ရောဗောင်မင်းကြီးသည် ရထားတော်ကို အလျင်အမြန်တက်၍ ယေရုရှလင်မြို့သို့ ပြေးလေ၏။ ထိုသို့ ဣသရေလအမျိုးသည် ယနေ့တိုင်အောင် ဒါဝိဒ် မင်းမျိုးကို ပုန်ကန်ကြ၏။
20. ယေရောဗောင်ပြန်လာကြောင်းကို ဣသရေလ အမျိုးသားအပေါင်းတို့သည် ကြားသောအခါ၊ လူကို စေလွှတ်၍၊ ယေရောဗောင်ကို စည်းဝေးရာ ပရိသတ်ထံသို့ ခေါ်ပြီးလျှင်၊ ဣသရေလအမျိုးကို အုပ်စိုးသော ရှင်ဘုရင်အရာ၌ ချီးမြှောက်ကြ၏။ ယုဒအမျိုးမှတပါး အဘယ်အမျိုးမျှ ဒါဝိဒ်မင်းမျိုးသို့ မဆည်းကျပ်။
21. ရောဗောင်သည် ယေရုရှလင်မြို့သို့ ရောက်သောအခါ၊ ဣသရေလအမျိုးကို စစ်တိုက်၍ နိုင်ငံတော်ကို ရှောလမုန်သား ရောဗောင်လက်သို့ရောက်ပြန်စေခြင်းငှါ၊ ဗင်္ယာမိန်အမျိုးနှင့်တကွ ယုဒအမျိုးသားအပေါင်းတို့နှင့် ရွေးချယ်သော စစ်သူရဲတသိန်းရှစ်သောင်းတို့ကို စုဝေး စေ၏။
22. သို့ရာတွင် ဘုရားသခင်၏ နှုတ်ကပတ်တော်သည် ဘုရားသခင်၏လူရှေမာယသို့ ရောက်၍၊
23. သင်သည် ရှောလမုန်သား၊ ယုဒရှင်ဘုရင် ရောဗောင်နှင့် ယုဒအမျိုး၊ ဗင်္ယာမိန်အမျိုးသားများ၊ ကျန်ကြွင်းသော သူများတို့အား ထာဝရဘုရား၏ အမိန့် တော်ကို ဆင့်ဆိုရမည်မှာ၊
24. သင်တို့ညီအစ်ကိုဖြစ်သော ဣသရေလ အမျိုးသားတို့ကို စစ်တိုက်ခြင်းငှါ ချီ၍မသွားကြနှင့်။ လူအပေါင်းတို့၊ ကိုယ်နေရာသို့ ပြန်သွားကြလော့။ ဤအမှုသည် ငါအခွင့်ပေးကြောင့် ဖြစ်၏ဟု မိန့်တော်မူသော ထာဝရဘုရား၏စကားတော်ကို နားထောင်၍ စကား တော်အတိုင်း ပြန်သွားကြ၏။
25. ထိုနောက် ယေရောဗောင်သည် ဧဖရိမ်တောင်ပေါ်မှာ ရှေခင်မြို့ကို တည်၍ နေရာချ၏။ ထိုမြို့မှသွား၍ ပေနွေလမြို့ကိုလည်း တည်၏။
26. ယေရောဗောင်က၊ ဤနိုင်ငံသည် ဒါဝိဒ်မင်းမျိုး လက်သို့ ပြန်ကောင်းပြန်လိမ့်မည်။
27. ပြည်သားတို့သည် ထာဝရဘုရား၏ ဗိမာန်တော်၌ ယဇ်ပူဇော်ခြင်းငှါ ယေရုရှလင်မြို့သို့သွားလျှင်၊ သူတို့ စိတ်နှလုံးသည် မိမိတို့သခင် ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ပြောင်းလဲ၍၊ ငါ့ကိုသတ်ပြီးမှ ယုဒရှင်ဘုရင် ရောဗောင်ဘက်သို့ တဖန် ဝင်စားကြလိမ့်မည်ဟု အောက် မေ့သောကြောင့်၊
28. သူတပါးနှင့်တိုင်ပင်၍ ရွှေနွားသငယ်နှစ်ကောင် ကို လုပ်ပြီးလျှင်၊ သင်တို့သည် ယေရုရှလင်မြို့သို့ သွားရ သော အမှုခက်လှ၏။ အို ဣသရေလအမျိုး၊ သင်တို့ကို အဲဂုတ္တုပြည်မှ နှုတ်ဆောင်သော ဘုရားတို့ကို ကြည့်ရှုကြ လော့ဟု ဆိုလျက်၊
29. ဗေသလမြို့၌တကောင်၊ ဒန်မြို့၌တကောင်ကို ထားသဖြင့်၊
30. ပြစ်မှားစရာအကြောင်းကို ပြုလေ၏။ ပြည်သားတို့သည် နွားသငယ်ကို ကိုးကွယ်ခြင်းငှါ၊ ဒန်မြို့တိုင်အောင် သွားတတ်ကြ၏။
31. ယေရောဗောင်သည်လည်း၊ မြင့်သောအရပ်ပေါ်မှာ အိမ်ကိုဆောက်၍၊ လေဝိသားမဟုတ်သော သာမညလူတို့ကို ယဇ်ပုရောဟိတ်အရာ၌ ခန့်ထားလေ၏။
32. ယုဒပြည်၌ခံသော ပွဲကဲ့သို့ အဋ္ဌမလတဆယ် ငါးရက်နေ့တွင် ပွဲကိုစီရင်၍၊ ယဇ်ပလ္လင်ပေါ်မှာ ပူဇော်၏။ ထိုသို့ဗေသလမြို့၌စီရင်၍၊ မိမိလုပ်သောနွားသငယ်တို့အား ယဇ်ပူဇော်၏။ မြင့်သောအရပ်၌ ခန့်ထားသော ယဇ်ပုရောဟိတ်တို့ကိုလည်း ဗေသလမြို့မှာနေရာချ၏။
33. ထိုသို့ကိုယ်အလိုအလျောက် ချိန်းချက်သော အဋ္ဌမလတဆယ်ငါးရက်နေ့တွင် ဗေသလမြို့၌ မိမိလုပ် သော ယဇ်ပလ္လင်ပေါ်မှာပူဇော်၏ ဣသရေလအမျိုးသားတို့အား ပွဲကိုလည်းစီရင်၏ ယဇ်ပလ္လင်ပေါ်မှာ ယဇ်ပူဇော်၍ နံ့သာပေါင်းကို မီးရှို့၏။
About ၁ ရာဇဝင် Chapter 12
Read ၁ ရာဇဝင် Chapter 12 online from the Holy Bible. This chapter is part of the Book of ၁ ရာဇဝင် in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: ၁ ရာဇဝင်
Chapter: 12
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading ၁ ရာဇဝင်. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading ၁ ရာဇဝင် Chapter 12 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is ၁ ရာဇဝင် Chapter 12?
၁ ရာဇဝင် Chapter 12 is part of the Book of ၁ ရာဇဝင် in the Holy Bible.
Can I read this chapter online?
Yes. You can read the complete ၁ ရာဇဝင် Chapter 12 online for free with easy chapter navigation.
More Chapters from ၁-ရာဇဝင်
- ၁ ရာဇဝင် Chapter 1
- ၁ ရာဇဝင် Chapter 18
- ၁ ရာဇဝင် Chapter 2
- ၁ ရာဇဝင် Chapter 13
- ၁ ရာဇဝင် Chapter 7
- ၁ ရာဇဝင် Chapter 5
- ၁ ရာဇဝင် Chapter 4
Explore More from ဓမ္မဟောင်းကျမ်း
- တရားဟောရာ Chapter 18
- ၂ ရာဇဝင် Chapter 22
- ၁ ရာမူ Chapter 31
- ၁ ရာမူ Chapter 25
- ကမ္ဘာဦး Chapter 48
- တောလည်ရာ Chapter 10
- ၂ ရာဇဝင်ချုပ် Chapter 35