ယောန Chapter 1

For English

Read ယောန Chapter 1 Online

Read ယောန Chapter 1 online from the Holy Bible. This chapter is part of the Book of ယောန in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ယောန and the Holy Bible online.

Choose a Chapter

ယောန 1

အခန်း 1

1. အမိတ္တဲ၏သား ယောနသို့ရောက်လာသော ထာဝရဘုရား၏ နှုတ်ကပတ်တော်ဟူမူကား၊

2. သင်ထ၍ နိနေဝေမြို့ကြီးသို့ သွားပြီးလျှင်၊ ခြိမ်း ချောက်သောစကားနှင့် ကြွေးကြော်လော့။ ထိုမြို့ပြုသော ဒုစရိုက်အပြစ်သည် ငါ့ရှေ့သို့ တက်လာပြီဟု မိန့်တော်မူ ၏။

3. သို့သော်လည်း၊ ယောနသည် ထာဝရဘုရားထံ တော်မှ တာရှုမြို့သို့ပြေးမည့် အကြံရှိသည်နှင့် ထလျက် ယုပ္ပေမြို့သို့သွား၍ ရောက်သဖြင့်၊ တာရှုမြို့သို့သွားသော သင်္ဘောကို တွေ့ကြုံ၍ သင်္ဘောခကို ပေးပြီးလျှင်၊ ထာဝရ ဘုရားထံတော်မှ သင်္ဘောသားတို့နှင့်အတူ တာရှုမြို့သို့ လိုက်ခြင်းငှါ သင်္ဘောကို စီးလေ၏။

4. ထာဝရဘုရားသည်လည်း ပြင်းစွာသောလေကို ပင်လယ်ပေါ်သို့ စေလွှတ်တော်မူသဖြင့်၊ ပင်လယ်၌ ကြီး စွာသော မိုဃ်းသက်မုန်တိုင်းဖြစ်၍၊ သင်္ဘောသည် ပျက် လုသောလက္ခဏာရှိ၏။

5. ထိုအခါ သင်္ဘောသားတို့သည် ကြောက်ရွံ့၍ အသီးအသီး မိမိတို့ဘုရားကို အော်ဟစ်ကြ၏။ သင်္ဘော ပေါ့စေခြင်းငှါ ဝန်များကိုလည်း ပင်လယ်ထဲသို့ ပစ်ချကြ ၏။ ယောနမူကား၊ သင်္ဘောဝမ်းထဲသို့ ဆင်း၍ အိပ်ပျော် လျက်နေ၏။

6. သင်္ဘောသူကြီးသည် လာ၍၊ အိုအိပ်ပျော်သော သူ၊ အဘယ်သို့နည်း။ ထလော့။ သင်၏ဘုရားကို ဆုတောင်း လော့။ ငါတို့အသက်လွတ်စေခြင်းငှါ ထိုဘုရားသည် ငါတို့ ကို အောက်မေ့ကောင်း အောက်မေ့လိမ့်မည်ဟု ဆို၏။

7. နောက်တဖန် သူတို့က၊ လာကြ။ အဘယ်သူ၏ အပြစ်ကြောင့် ဤအမှုရောက်သည်ကို ငါတို့သိရမည်အ ကြောင်း စာရေးတံချကြကုန်အံ့ဟု တိုင်ပင်၍၊ စာရေးတံ ချလျှင် ယောန၌ စာရေးတံကျ၏။

8. တဖန် သူတို့က၊ အဘယ်အပြစ်ကြောင့် ဤအမှု ရောက်သည်ကို ပြောပါလော့။ သင်ဆောင်ရွက်သောအမှု ကား၊ အဘယ်အမှုနည်း။ သင်သည် အဘယ်အရပ်က လာသနည်း။ အဘယ်ပြည်၊ အဘယ်အမျိုးသားဖြစ်သနည်း ဟု မေးမြန်းကြသော်၊

9. ငါသည် ဟေဗြဲအမျိုးသားဖြစ်၏။ ရေမြေကို ဖန်ဆင်းတော်မူသော ကောင်းကင်ဘုံ၏အရှင်ဘုရားသခင် ထာဝရဘုရားကို ကိုးကွယ်သောသူဖြစ်၏ဟု ဆိုလျှင်၊

10. ထိုသူတို့သည် အလွန်ကြောက်ရွံ့၍၊ သင်သည် အဘယ်ကြောင့် ဤသို့ပြုသနည်းဟု မေးကြ၏။ ယောန သည် ထာဝရဘုရားထံတော်မှ မိမိပြေးကြောင်းကို ဘော် ပြသောကြောင့် သူတို့သိကြ၏။

11. ထိုအခါ ပင်လယ်၌ လှိုင်းတံပိုးသည် တိုး၍ထ သောကြောင့် သူတို့က၊ ငါတို့၌ လှိုင်းတံပိုးငြိမ်းစေခြင်းငှါ သင့်ကို အဘယ်သို့ပြုရပါမည်နည်းဟု မေးကြသော်၊

12. ငါ့ကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြလော့။ သို့ပြု လျှင်၊ လှိုင်းတံပိုးသည် သင်တို့၌ ငြိမ်းလိမ့်မည်။ ဤပြင်းစွာ သော မိုဃ်းသက်မုန်တိုင်းသည် ငါ့ကြောင့်သာ သင်တို့ အပေါ်သို့ ရောက်သည်ကို ငါသိ၏ဟု ပြန်ပြောသော် လည်း၊

13. သင်္ဘောသားတို့သည် ကမ်းသို့ရောက်အံ့သောငှါ ပင်ပန်းစွာ တက်ခတ်ကြ၏။ သို့ရာတွင်၊ သူတို့တဘက်၌ လှိုင်းတံပိုးတိုး၍ ထသောကြောင့်၊ သူတို့သည် မတတ်နိုင် သောအခါ၊

14. အို ထာဝရဘုရား၊ အကျွန်ုပ်တို့သည် တောင်း ပန်ပါ၏။ ဤသူ၏အသက်ကြောင့် အကျွန်ုပ်တို့သည် အကျိုးနည်းမဖြစ်ပါစေနှင့်။ အပြစ်မရှိသောသူ၏အသက် သတ်သောအပြစ်ကို အကျွန်ုပ်တို့၌ တင်တော်မမူပါနှင့်။ အိုထာဝရဘုရား၊ ကိုယ်တော်သည် အလိုရှိတော်မူသည် အတိုင်း ပြုတော်မူ၏ဟု ထာဝရဘုရားအား ကြွေးကြော် တောင်းပန်ပြီးမှ၊

15. ယောနကိုချီ၍ ပင်လယ်ထဲသို့ ချပစ်ကြ၏။ ထို အခါ ပင်လယ်လှိုင်းတံပိုးသည် ငြိမ်းလေ၏။

16. သင်္ဘောသားတို့သည်လည်း ထာဝရဘုရားကို အလွန်ကြောက်ရွံ့သဖြင့် ယဇ်ပူဇော်၍ သစ္စာဂတိထားကြ ၏။

17. ယောနကို မျိုစေခြင်းငှါ ငါးကြီးကို ထာဝရဘုရား ခန့်ထားတော်မူသည်နှင့်အညီ၊ ယောနသည် ငါး၏ဝမ်းထဲ မှာ သုံးရက်ပတ်လုံးနေရ၏။

About ယောန Chapter 1

Read ယောန Chapter 1 online from the Holy Bible. This chapter is part of the Book of ယောန in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ယောန
Chapter: 1
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ယောန. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ယောန Chapter 1 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ယောန Chapter 1?

ယောန Chapter 1 is part of the Book of ယောန in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ယောန Chapter 1 online for free with easy chapter navigation.

More Chapters from ဓမ္မဟောင်း‌ကျမ်း

  1. ယောဘ Chapter 16
  2. ဧဇရ Chapter 5
  3. ၂ ရာဇဝင်ချုပ် Chapter 35
  4. ၂ ရာဇဝင်ချုပ် Chapter 15
  5. ၂ ရာဇဝင်ချုပ် Chapter 28
  6. ၂ ရာဇဝင်ချုပ် Chapter 9
  7. ၂ ရာဇဝင်ချုပ် Chapter 27

Explore More from ယောန

  1. ယောန Chapter 4
  2. ယောန Chapter 2
  3. ယောန Chapter 3

Related Chapters & Readings

  1. ၂ ရာဇဝင်ချုပ် Chapter 11
  2. ယေဇကျေလ Chapter 35
  3. ဝတ်ပြုရာ Chapter 24
  4. တမန်တော် Chapter 22
  5. ဆာလံ Chapter 41
  6. ယောဘ Chapter 16
  7. ၁ ရာမူ Chapter 19
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *