ယေဇကျေလ Chapter 19

For English

Read ယေဇကျေလ Chapter 19 Online

Read ယေဇကျေလ Chapter 19 online from the Holy Bible. This chapter is part of the Book of ယေဇကျေလ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ယေဇကျေလ and the Holy Bible online.

Choose a Chapter

ယေဇကျေလ 19

အခန်း 19

1. ထိုမှတပါး၊ ဣသရေလမင်းသားတို့အတွက် ငိုကြွေးမြည်တမ်းလျက်ပြောရမည်မှာ၊

2. သင်၏အမိကားအဘယ်သူနည်း။ ခြင်္သေ့မ ဖြစ်၏။ ခြင်္သေ့တို့တွင် အိပ်လျက်နေ၍၊ ခြင်္သေ့ပျိုတို့တွင် မိမိသားတို့ကို ကျွေးမွေး၏။

3. ကျွေးမွေးသောသားတကောင်သည် ခြင်္သေ့ပျို ဖြစ်၍၊ တောတိရစ္ဆာန်တို့ကိုဘမ်းဆီးခြင်းငှါ၊ သင်၏ လူတို့ကိုလည်း ကိုက်စားတတ်၏။

4. လူမျိုးတို့သည် ကြား၍မြေတွင်း၌ ထိုခြင်္သေ့ပျို ကို ဘမ်းပြီးလျှင်၊ သံကြိုးနှင့် ချည်နှောင်၍ အဲဂုတ္တုပြည်သို့ ယူသွားကြ၏။

5. သားဆုံးရှုံးကြောင်းကို အမိသည် မြင်၍ စိတ် ပျက်သောအခါ၊ သားတကောင်ကို ယူပြန်၍ ခြင်္သေ့ပျို ဖြစ်စေခြင်းငှါ ပြုသဖြင့်၊

6. သူသည်လည်း၊ ခြင်္သေ့တို့နှင့်ပေါင်းဘော်၍ ခြင်္သေ့ပျိုဖြစ်လျက်၊ တောတိရစ္ဆာန်တို့ကို ဘမ်းဆီးခြင်းငှါ၊ သင်၏လူတို့ကိုလည်း ကိုက်စား၏။

7. သူတို့ မုဆိုးများကိုသိ၍၊ သူတို့မြို့များကို သုတ်သင် ပယ်ရှင်းလေ၏။ ဟောက်သောအသံကြောင့် ပြည်နှင့်ပြည် ၌ ရှိသမျှတို့သည် ဆိတ်ညံလျက်ရှိကြ၏။

8. ထိုအခါ လူမျိုးတို့သည် ကျေးလက်အရပ်ရပ်တို့ က တိုက်လာ၍ ပိုက်ကွန်နှင့်ဝိုင်းပြီးလျှင်၊ မြေတွင်း၌ ဘမ်းကြ၏။

9. သံကြိုးနှင့် ချည်လျက်ဗာဗုလုန် ရှင်ဘုရင်ထံသို့ ဆောင်သွား၍၊ သူ၏အသံသည် ဣသရေလတောင် ပေါ်မှာ နောက်တဖန်မမြည်စေခြင်းငှါ နှောင်အိမ်၌ လှောင်ထားကြ၏။

10. သင်၏အမိသည် သင်နှင့်တူလျက်၊ ရေနားမှာ စိုက်သော စပျစ်နွယ်ပင်ကဲ့သို့ ဖြစ်၏။ ရေများသော ကြောင့် အခက်အလက်နှင့် ပြည့်စုံ၍၊ များစွာသောအသီး ကို သီးတတ်၏။

11. မင်းတို့အသုံးအဆောင် ရာဇလှံတံဘို့ ခိုင်ခံ့သော တံဖျာတို့နှင့် ပြည့်စုံ၏။ ထူထပ်၍များပြားသော အခက် အလက်တို့နှင့် အရပ်မြင့်၍ ထင်ရှားလေ၏။

12. သို့ရာတွင်၊ ဒေါသအရှိန်အားဖြင့် နှုတ်၍ မြေပေါ်မှာ လှဲချလေပြီ။ အရှေ့လေသည် တိုက်၍အသီး ကို ပိတ်ခြောက်စေ၏။ ခိုင်ခံ့သောတံဖျာတို့သည် ကျိုး၍ သွေ့ခြောက်သဖြင့်၊ မီးလောင်ခြင်းကို ခံရကြပြီ။

13. ယခုမူကား ရေမရှိ၊ သွေ့ခြောက်သောလွင်ပြင် အရပ်၌ စိုက်လျက်ရှိ၏။

14. အခက်အလက်တံဖျာတခုထဲက မီးထွက်၍ အသီးကို ကျွမ်းလောင်ပြီး။ အစိုးရသော ရာဇလှံတံဘို့ ခိုင်ခံ့သောတံဖျာတစုံ တခုမျှမကျန်ကြွင်း။ ဤရွှေကား၊ ငိုကြွေးမြည်တမ်းခြင်း အကြောင်းဖြစ်၏။ ငိုကြွေးမည် တမ်းစရာ အကြောင်းလည်း ဖြစ်လိမ့်မည်။

About ယေဇကျေလ Chapter 19

Read ယေဇကျေလ Chapter 19 online from the Holy Bible. This chapter is part of the Book of ယေဇကျေလ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ယေဇကျေလ
Chapter: 19
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ယေဇကျေလ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ယေဇကျေလ Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ယေဇကျေလ Chapter 19?

ယေဇကျေလ Chapter 19 is part of the Book of ယေဇကျေလ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ယေဇကျေလ Chapter 19 online for free with easy chapter navigation.

More Chapters from ဓမ္မဟောင်း‌ကျမ်း

  1. ၂ ရာဇဝင်ချုပ် Chapter 15
  2. ယောဘ Chapter 16
  3. ၂ ရာဇဝင်ချုပ် Chapter 35
  4. ဧဇရ Chapter 5
  5. ၂ ရာဇဝင်ချုပ် Chapter 28
  6. ၂ ရာဇဝင်ချုပ် Chapter 27
  7. ၂ ရာဇဝင်ချုပ် Chapter 9

Explore More from ယေဇကျေလ

  1. ယေဇကျေလ Chapter 33
  2. ယေဇကျေလ Chapter 15
  3. ယေဇကျေလ Chapter 42
  4. ယေဇကျေလ Chapter 47
  5. ယေဇကျေလ Chapter 14
  6. ယေဇကျေလ Chapter 25
  7. ယေဇကျေလ Chapter 29

Related Chapters & Readings

  1. ယေဇကျေလ Chapter 35
  2. ယောဘ Chapter 5
  3. ၂ ရာဇဝင် Chapter 1
  4. ဟေရှာယ Chapter 26
  5. ၂ ရာဇဝင်ချုပ် Chapter 9
  6. ဆာလံ Chapter 141
  7. ဆာလံ Chapter 66
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *