မဿဲ Chapter 2

For English

Read မဿဲ Chapter 2 Online

Read မဿဲ Chapter 2 online from the Holy Bible. This chapter is part of the Book of မဿဲ in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of မဿဲ and the Holy Bible online.

Choose a Chapter

မဿဲ 2

အခန်း 2

1. ယုဒပြည်ဗက်လင်မြို့၌ ဟေရုဒ်မင်းကြီးလက်ထက်၊ ယေရှုသည် ဘွားမြင်ခြင်းကိုခံတော်မူပြီးမှ၊ မာဂု ပညာရှိတို့သည် အရှေ့ပြည်က ယေရုရှလင်မြို့သို့ ရောက်လာကြလျှင်။

2. ယခု ဘွားမြင်သောယုဒရှင်ဘုရင်သည်၊ အဘယ်မှာရှိတော်မူသနည်း။ အရှေ့ပြည်၌ သူ၏ကြယ်ကို ငါ တို့မြင်ရသည်ဖြစ်၍ ဖူးတွေ့ပူဇော်ခြင်းငှါ ရောက်လာပြီဟု မေးမြန်းပြောဆိုကြ၏။

3. ထိုစကားကိုကြားလျှင် ဟေရုဒ်မင်းကြီးသည် ယေရုရှလင်မြို့သူမြို့သားအပေါင်းတို့နှင့်တကွ စိတ်ပူပန် ခြင်းသို့ ရောက်သဖြင့်၊

4. ယဇ်ပုရောဟိတ်အကြီးတို့နှင့်လူတို့တွင် ကျမ်းပြုဆရာရှိသမျှတို့ကို စုဝေးစေ၍ ခရစ်တော်ကို အဘယ် အရပ်မှာ ဘွားမြင်လိမ့်မည်နည်းဟု မေးမြန်းတော်မူ၏။

5. ထိုဆရာတို့ကလည်း၊ ပရောဖက်တဦး ရေးထားသောအချက်ဟူမူကား၊

6. အိုယုဒပြည်ဗက်လင်မြို့၊ အစိုးရသောယုဒမြို့တို့တွင်သင်သည် မြို့ငယ်မြို့ယုတ်မဟုတ်။ အကြောင်း မူကား၊ ငါ၏လူစုဣသရေလအမျိုးကို အုပ်စိုးရသောသခင်သည် သင်၏အထဲမှာပေါ်ထွန်းလတံ့ဟု ကျမ်းလာ ရှိပါ၏။ ထို့ကြောင့် ယုဒပြည်ဗက်လင်မြို့၌ ခရစ်တော်ကိုဘွားမြင်ရပါမည်ဟု မင်းကြီးအား ပြန်ကြားလျှောက် ထားကြ၏။

7. ထိုအခါ ဟေရုဒ်မင်းကြီးသည်၊ မာဂုပညာရှိတို့ကိုမထင်မရှားခေါ်၍ ကြယ်ပေါ်ထွန်းသောအချိန် ကာလကို စေ့စေ့မေးမြန်းပြီးမှ၊

8. သင်တို့သွား၍ ထိုသူငယ်ကိုကြိုးစားရှာကြပါ။ တွေ့လျှင် ငါ့ထံသို့ပြန်လာ၍ ငါလည်း ထိုသူငယ်ကို ဖူးတွေ့ပူဇော်ရအောင် ကြားပြောကြပါဟု မှာထားတော်မူလျက်၊ ဗက်လျင်မြို့သို့ စေလွှတ်လေ၏။

9. ထိုသူတို့သည် မင်းကြီးစကားကိုနာခံပြီးလျှင်ထွက်သွားကြ၍ အရှေ့ပြည်၌မြင်ရသောကြယ်သည် သူတို့ ရှေ့ကသွားသဖြင့် သူငယ်တော်ရှိရာအရပ်အပေါ်သို့ရောက်၍ တည်လျက်နေ၏။

10. ထိုကြယ်ကိုမြင်ပြန်သောအခါ အလွန်ဝမ်းမြောက်ဝမ်းသာခြင်းရှိ၍၊

11. အိမ်သို့ဝင်လေသော်၊ မယ်တော်မာရိနှင့်တကွ သူငယ်တော်ကိုတွေ့မြင်လျှင် ပြပ်ဝပ်ကိုးကွယ်၍၊ မိမိတို့ ဘဏ္ဍာဥစ္စာတို့ကိုဖွင့်ပြီးမှ လောဗန်နှင့်မုရန် တည်းဟူသောနံ့သာမျိုးကို၎င်း၊ ရွှေကို၎င်း ဆက်ကပ်ပူဇော်ကြ၏။

12. နောက်မှ ဟေရုဒ်မင်းကြီးထံသို့ မပြန်ရမည်အကြောင်းကိုအိပ်မက်တွင် ဗျာဒိတ်တော်ကိုရ၍ မိမိတို့ ပြည်သို့ အခြားသောလမ်းဖြင့်ပြန်သွားကြ၏။

13. ထိုသူတို့ သွားကြသည်နောက်၊ ယောသပ်သည်အိပ်မက်ကိုမြင်သည်မှာ၊ ထာဝရဘုရား၏ ကောင်းကင် တမန်သည်ထင်ရှား၍၊ သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင်၊ အဲဂုတ္တုပြည်သို့ပြေး၍၊ တဖန် ငါပြောဆိုသည်တိုင်အောင် ထိုပြည်၌နေလော့။ ဟေရုဒ်မင်းကြီးသည် သူငယ်တော်ကို သတ်အံ့သောငှာ ရှာလိမ့်မည်ဟုဆိုလေ၏။

14. ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ညဉ့်အချိန်၌ ဆောင်ယူပြီးလျှင် အဲဂုတ္တု ပြည်သို့ ထွက်သွား၍၊

15. ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်တိုင်အောင် ထိုပြည်၌နေလေ၏။ ဤအကြောင်းအရာကား၊ ငါ့သား ကို အဲဂုတ္တုပြည်မှငါခေါ်ခဲ့ပြီဟု ထာဝရဘုရားသည် ပရောဖက်ဖြင့်ထားတော်မူသောဗျာဒိတ်တော် ပြည့်စုံမည် အကြောင်းတည်း။

16. ထိုအခါ ဟေရုဒ်မင်းကြီးသည် မာဂုပညာရှိတို့ လှည့်ဖြားသည်ကိုသိလျှင်၊ ပြင်းစွာအမျက်ထွက်၍ လူကို စေလွှတ်သဖြင့်၊ မာဂုပညာရှိတို့၌ စေ့စေ့မေးမြန်းပြီးသော ကြယ်၏အချိန်ကာလကိုထောက်၍၊ ဗက်လင်မြို့မှ စသော ကျေးလက်ရှိသမျှတို့၌ နှစ်နှစ်အရွယ်မှစ၍ ထိုအရွယ်အောက်ယုတ်သော သူငယ်ယောက်ျားအပေါင်း တို့ကို သတ်စေ၏။

17. ပရောဖက်ယေရမိဟောဘူးသည်ကား၊

18. ရာမအရပ်၌ သည်းစွာသောညည်းတွားငိုကြွေး၊ မြည်တမ်းခြင်းအသံကိုကြားရ၍၊ ရာခေလသည် မိမိ သားတို့ မရှိသောကြောင့်ငို၍ စိတ်မပြေနိုင်ဟူသောစကားသည် ထိုအခါ၌အမှန်ကျသတည်း။

19. ဟေရုဒ်မင်းကြီး အနိစ္စရောက်သည်နောက်၊ ယောသပ်သည် အဲဂုတ္တုပြည်၌ အိပ်မက်ကိုမြင်ပြန်သည် မှာ၊ ထာဝရဘုရား၏ ကောင်းကင်တမန်သည်ထင်ရှား၍၊

20. သင်ထလော့။ မယ်တော်နှင့် သူငယ်တော်ကိုဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့သွားလော့။ သူငယ် တော်ကိုသတ်အံ့သောငှါ ရှာသောသူတို့သည် သေကြပြီဟုဆိုလေ၏။

21. ထိုအခါ ယောသပ်သည် ထ၍ မယ်တော်နှင့်သူငယ်တော်ကို ဆောင်ယူပြီးလျှင် ဣသရေလတိုင်းသို့ သွား၍ ရောက်သည်ရှိသော်၊

22. ဟေရုဒ်မင်းကြီး၏ အရာ၌ သားတော်အာခေလသည် ယုဒပြည်တွင်မင်းပြုကြောင်းကို ကြားရလျှင်၊ ထိုပြည်သို့ မသွားဝံ့၍ အိပ်မက်၌ ဗျာဒိတ်တော်ကိုရပြန်ပြီးမှ ဂါလိလဲပြည်သို့သွား၍၊

23. ခရစ်တော်ကို နာဇရက်လူဟုခေါ်ဝေါ်ကြလတံ့ဟူသော ပရောဖက်တို့၏ နှုတ်ထွက်နှင့်အညီ၊ နာဇရက် အမည်ရှိသောမြို့သို့ရောက်၍ အမြဲနေလေ၏။

About မဿဲ Chapter 2

Read မဿဲ Chapter 2 online from the Holy Bible. This chapter is part of the Book of မဿဲ in the New Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: မဿဲ
Chapter: 2
Testament: New Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading မဿဲ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading မဿဲ Chapter 2 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is မဿဲ Chapter 2?

မဿဲ Chapter 2 is part of the Book of မဿဲ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete မဿဲ Chapter 2 online for free with easy chapter navigation.

More Chapters from ဓမ္မသစ်ကျမ်း

  1. ဗျာဒိတ် Chapter 19
  2. ၁ ကောရိန္သု Chapter 1
  3. ဗျာဒိတ် Chapter 17
  4. ဗျာဒိတ် Chapter 13
  5. ၂ တိမောသေ Chapter 4
  6. ၂ ကောရိန္သု Chapter 5
  7. ၁ ကောရိန္သု Chapter 15

Explore More from မဿဲ

  1. မဿဲ Chapter 13
  2. မဿဲ Chapter 25
  3. မဿဲ Chapter 4
  4. မဿဲ Chapter 10
  5. မဿဲ Chapter 23
  6. မဿဲ Chapter 28
  7. မဿဲ Chapter 9

Related Chapters & Readings

  1. ဆာလံ Chapter 2
  2. မာကု Chapter 6
  3. လုကာ Chapter 23
  4. သုတ္တံ Chapter 2
  5. ကမ္ဘာဦး Chapter 48
  6. ဟေရှာယ Chapter 45
  7. ယောဘ Chapter 37
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *