ဗျာဒိတ် Chapter 19

For English

Read ဗျာဒိတ် Chapter 19 Online

Read ဗျာဒိတ် Chapter 19 online from the Holy Bible. This chapter is part of the Book of ဗျာဒိတ် in the New Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ဗျာဒိတ် and the Holy Bible online.

Choose a Chapter

ဗျာဒိတ် 19

အခန်း 19

1. ထိုနောက်မှ ကောင်းကင်ဘုံ၌ စည်းဝေးသော သူအများတို့၏ အသံကြီးကား၊ ဟာလေ လုယ၊ ငါတို့ဘုရားသခင်၏ ကယ်တင်တော်မူခြင်း ချမ်းသာ၊ ဘုန်းအသရေတန်ခိုးတော်ပေတည်း။

2. စီရင်တော်မူခြင်းအရာတို့သည် ဟုတ်မှန် ဖြောင့်မတ်ကြ၏။ မိမိမတရားသော မေထုန်အားဖြင့် မြေကြီးကို ပုပ်ပျက်စေသော ပြည်တန်ဆာကြီးကို စစ်ကြောစီရင်တော်မူပြီ။ ကိုယ်တော် ကျွန်တို့၏ အသွေး ကို သူ၏ လက်ဖြင့်သွန်းသော အပြစ်နှင့်အလျောက် ဒဏ်ပေးတော်မူပြီဟု ပြောဆိုကြသည်ကို ငါကြား၏။

3. တဖန်တုံ၊ ဟာလေလုယဟူ၍၎င်း၊ သူ၏ မီးခိုးသည် ကမ္ဘာအဆက်ဆက် တက်သည်ဟူ၍၎င်း ပြောဆိုကြ၏။

4. အသက်ကြီးသူ နှစ်ဆယ်လေးပါးနှင့် သတ္တဝါ လေးပါးတို့သည် ပြင်ဝပ်၍၊ ပလ္လင်တော်ပေါ်မှာ ထိုင်တော် မူသော ဘုရားသခင်ကို ကိုးကွယ်လျက်၊ အာမင်၊ ဟာလေလုယဟု လျှောက်ဆိုကြ၏။

5. ပလ္လင်တော်ပေါ်က ထွက်သောအသံကား၊ ဘုရားသခင်၏ ကျွန်အပေါင်းတို့နှင့် ဘုရားသခင်ကို ကြောက်ရွံ့သောသူ အကြီးအငယ်အပေါင်းတို့၊ ငါတို့ ဘုရားသခင်ကို ချီးမွမ်းကြလော့ဟု ဆိုသတည်း။

6. တဖန်တုံ၊ ဟာလေလုယ၊ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ထာဝရအရှင်၊ ငါတို့ဘုရားသခင် သည် စိုးစံတော်မူ၏။

7. ငါတို့သည် ဝမ်းမြောက်ရွှင်လန်းကြကုန်အံ့၊ ဂုဏ်တော်ကို ချီးမွမ်းကြကုန်အံ့၊ အကြောင်းမူကား၊ သိုးသငယ်၏ မင်္ဂလာတောင်ပွဲကို ခံချိန်ရှိပြီ။ သူ၏ မိန်းမသည် ကိုယ်ကို တန်ဆာဆင်ပြီဟု စည်းဝေးသော သူအများတို့၏ အသံ၊ သမုဒ္ဒရာသံ၊ ပြင်းစွာသော မိုဃ်းကြိုးသံကဲ့သို့ ငါကြား၏။

8. ထိုမိန်းမသည် စင်ကြယ်ပြောင်လက်သော ပိတ်ချောကို ဝတ်ဆင်ရသောအခွင့်ကို ရ၏။ ထိုပိတ်ချော မူကား၊ သန့်ရှင်းသူတို့၏ ဖြောင့်မတ်ခြင်း ဖြစ်သတည်း။

9. ကောင်းကင်တမန်ကလည်း၊ သိုးသငယ်၏ မင်္ဂလာဆောင်ပွဲသို့ ခေါ်ဘိတ်ခြင်းကို ခံရသောသူတို့သည် မင်္ဂလာရှိကြ၏ဟု ရေးထားလော့ဟူ၍၎င်း၊ ဤစကား သည် ဘုရားသခင်၏ နှုတ်တော်ထွက်စင်စစ်ဖြစ်၏ ဟူ၍၎င်း ငါ့အားပြောဆို၏။

10. ငါသည် ထိုသူကို ကိုးကွယ်ခြင်းငှါ သူ၏ ခြေရင်း၌ ပြပ်ဝပ်၏ သူကလည်း၊ မပြုပါနှင့်၊ ငါကား သင်၏ လုပ်ဘော်ဆောင်ဘက်ဖြစ်၏။ ယေရှု၏ သက်သေခံတော်မူချက်ကို ဆောင်သော သင်၏ ညီအစ်ကိုတို့၏ လုပ်ဘော်ဆောင်ဘက်လည်းဖြစ်၏။ ဘုရားသခင်ကို ကိုးကွယ်လော့။ အကြောင်းမူကား၊ ပရောဖက်ဟောသော စကားချက်သဘောသည် ယေရှု၏ သက်သေဖြစ်သတည်းဟု ငါ့အားပြောဆို၏။

11. ထိုအခါ ကောင်းကင်ဘုံ ဖွင့်လှစ်လျက်ရှိသည်ကို ငါမြင်လျှင်၊ မြင်းဖြူရှိ၏။ မြင်းစီးသော သူသည် သစ္စာ ဟူသောမည်၊ သမ္မာဟူသော အမည်ရှိသတည်း။ ထိုသူ သည် တရားသဖြင့် စီရင်တတ်၏။ တရားသဖြင့် စစ်တိုက်တတ်၏။

12. မျက်စိတော်သည် မီးလျှံကဲ့သို့ဖြစ်၏။ ခေါင်း တော်ပေါ်၌ သရဖူများကို ဆောင်း၏။ ကိုယ်တိုင်မှတပါး၊ အဘယ်သူမျှမသိသော နာမတော်သည် ရေးထားလျက် ရှိ၏။

13. အသွေး၌နှစ်ပြီးသောအဝတ်ကို ဝတ်၏။ ဘုရားသခင်၏ နှုတ်ကပတ်တော်ဟူသော အမည်ရှိ၏။

14. ကောင်းကင်ဗိုလ်ခြေတို့သည် မြင်းဖြူကို စီးလျက်၊ စင်ကြယ်သော ပတ်ချောဖြူကို ဝတ်လျက်၊ နောက်တော်သို့ လိုက်ကြ၏။

15. လူမျိုးတို့ကို ဒဏ်ခတ်စရာဘို့၊ ထက်သော သန်လျင်သည် ခံတွင်းတော်ထဲကထွက်၏။ သူတို့ကို သံလှံတံနှင့် အုပ်စိုးတော်မူမည်။ အနန္တတန်ခိုးနှင့် ပြည့်စုံတော်မူသော ဘုရားသခင်၏ ဒေါသအမျက်တော် ၏ စပျစ်သီးနယ်ရာ တန်ဆာကို ဖိနင်းတော်မူမည်။

16. ဘုရင်တို့၏ဘုရင်၊ သခင်တို့၏သခင်ဟု ဘွဲ့နာမ တော်သည် အဝတ်တော်၌၎င်း၊ ပေါင်တော်၌၎င်း ရေးထားလျက်ရှိ၏။

17. ကောင်းကင်တမန်တပါးသည် နေထဲမှာ ရပ် လျက်ရှိသည်ကို ငါမြင်၏။

18. သူသည် မိုဃ်းကောင်းကင်အလယ်၌ ပျံတတ် သော ငှက်အပေါင်းတို့ကို ကြီးသောအသံနှင့်ခေါ်၍၊ လာကြလော့။ ရှင်ဘုရင်အသား၊ စစ်သူကြီးအသား၊ သူရဲအသား၊ မြင်းအသား၊ မြင်းစီးသောသူ အသား၊ အစေခံကျွန်၊ လူလွှတ်၊ အကြီးအငယ် အမျိုးမျိုးသော လူတို့၏ အသားကို စားအံ့သောငှါ ၊ ကြီးမြတ်တော်မူသော ဘုရားသခင်၏ ပွဲတော်သို့ စည်းဝေးကြလော့ဟု ဟစ်ကြော်၏။

19. သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။ သားရဲကို ဘမ်းမိကြ၏။ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို ကန်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။

20. သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။ သားရဲကို ဘမ်းမိကြ၏။ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို ကန်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။

21. သားရဲမှစ၍ လောကီရှင်ဘုရင်တို့နှင့် သူတို့၏ ဗိုလ်ခြေများတို့သည်၊ မြင်းစီးတော်မူသောသူနှင့် ဗိုလ်ခြေတော်ကို စစ်တိုက်ခြင်းငှါ စည်းဝေးကြသည်ကို ငါမြင်၏။ သားရဲကို ဘမ်းမိကြ၏။ သားရဲ၏တံဆိပ် လက်မှတ်ကိုခံ၍၊ သူ၏ရုပ်တုကို ကိုးကွယ်သောသူတို့ကို လှည့်ဖြား၍ သားရဲရှေ့၌ နိမိတ်များကို ပြတတ်သော မိစ္ဆာပရောဖက်ကိုလည်း ဘမ်းမိကြ၏။ အသက်ရှင် လျက်ရှိသော ထိုသူနှစ်ဦးကို ကန်နှင့်လောင်သော မီးအိုင်ထဲသို့ ချပစ်ကြ၏။ ကြွင်းသောသူတို့သည်၊ မြင်းစီးတော်မူသော သူ၏ခံတွင်းတော်ထဲက ထွက်သော သန်လျက်နှင့် ကွပ်မျက်ခြင်းကို ခံရကြ၏။ သူတို့၏ အသားကို ငှက်အပေါင်းတို့သည် ဝစွာစားရကြ၏။

About ဗျာဒိတ် Chapter 19

Read ဗျာဒိတ် Chapter 19 online from the Holy Bible. This chapter is part of the Book of ဗျာဒိတ် in the New Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ဗျာဒိတ်
Chapter: 19
Testament: New Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ဗျာဒိတ်. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ဗျာဒိတ် Chapter 19 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ဗျာဒိတ် Chapter 19?

ဗျာဒိတ် Chapter 19 is part of the Book of ဗျာဒိတ် in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ဗျာဒိတ် Chapter 19 online for free with easy chapter navigation.

More Chapters from ဓမ္မသစ်ကျမ်း

  1. ၁ ကောရိန္သု Chapter 15
  2. ၁ ကောရိန္သု Chapter 1
  3. ၂ ကောရိန္သု Chapter 5
  4. ဧဖက် Chapter 4
  5. ၁ ကောရိန္သု Chapter 3
  6. ၁ သက်သာလောနိတ် Chapter 1
  7. တမန်တော် Chapter 5

Explore More from ဗျာဒိတ်

  1. ဗျာဒိတ် Chapter 7
  2. ဗျာဒိတ် Chapter 20
  3. ဗျာဒိတ် Chapter 1
  4. ဗျာဒိတ် Chapter 9
  5. ဗျာဒိတ် Chapter 16
  6. ဗျာဒိတ် Chapter 2
  7. ဗျာဒိတ် Chapter 8

Related Chapters & Readings

  1. ဟေရှာယ Chapter 25
  2. ဆာလံ Chapter 97
  3. တရားဟောရာ Chapter 26
  4. ယေဇကျေလ Chapter 13
  5. ထွက်မြောက်ရာ Chapter 26
  6. ဆာလံ Chapter 20
  7. ဧဖက် Chapter 4
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *