Read တရားဟောရာ Chapter 3 Online
Read တရားဟောရာ Chapter 3 online from the Holy Bible. This chapter is part of the Book of တရားဟောရာ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of တရားဟောရာ and the Holy Bible online.
Choose a Chapter
တရားဟောရာ 3
အခန်း 3
1. ထိုအခါ ငါတို့သည်လှည့်၍၊ ဗာရှန်ပြည်သို့ ခရီးသွားကြ၏။ ဗာရှန်ရှင် ဘုရင် ဩဃသည်လည်း မိမိလူအပေါင်းတို့နှင့်တကွ ဧဒြိအရပ်မှာ စစ်တိုက်ခြင်းငှါ ချီလာ၏။
2. ထာဝရဘုရားကလည်း၊ သူ့ကိုမကြောက်နှင့်။ သူနှင့်တကွ သူ၏ လူအပေါင်းတို့ကို၎င်း၊ သူ့မြေကို၎င်း၊ သင့်လက်၌ ငါအပ်ပေးမည်။ ဟေရှဘုန်မြို့နေ အာမောရိ ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့ ဤမင်းကိုလည်း ပြုရ မည်ဟု ငါ့အား မိန့်တော်မူ၏။
3. ထိုသို့ ငါတို့ဘုရားသခင် ထာဝရဘုရားသည်၊ ဗာရှန်ရှင်ဘုရင် ဩဃနှင့် သူ၏လူအပေါင်းတို့ကို ငါတို့လက်၌ အပ်တော်မူသဖြင့်၊ တယောက်မျှ မကြွင်း စေခြင်းငှါ လုပ်ကြံကြ၏။
4. ထိုအခါ ငါတို့သည် မြို့ခြောက်ဆယ်နှင့် ပြည့်စုံ သော အာဂေါဘတိုင်း၊ ဗာရှန်ရှင်ဘုရင် ဩဃမင်း၏ နိုင်ငံကို၊ တမြို့မျှ မကြွင်းစေခြင်းငှါ တိုက်ယူကြ၏။
5. ထိုမြို့ရှိသမျှတို့သည် မြင့်သောမြို့ရိုး၊ မြို့တံခါး များ၊ ကန့်လန့်ကျင်များနှင့် ခိုင်ခံ့သော မြို့ဖြစ်သတည်း။ ထိုမှတပါး များစွာသော ရွာတို့ကိုလည်း တိုက်ယူ၍ ရှင်းရှင်းဖျက်ဆီးကြ၏။
6. ဟေရှဘုန်ရှင်ဘုရင် ရှိဟုန်ကို ပြုသကဲ့သို့၊ အရပ်ရပ်၌ ယောက်ျား မိန်းမ သူငယ်တို့ကို သုတ်သင် ပယ်ရှင်းကြ၏။
7. တိရစ္ဆာန်များ၊ မြို့ရွာ၌ လက်ရဥစ္စာများ ရှိသမျှ တို့ကို ကိုယ်ဘို့ သိမ်းယူကြ၏။
8. ထိုအခါ အာနုန်မြစ်မှစ၍ ဟေရမုန်တောင် တိုင်အောင်၊ ယော်ဒန်မြစ်အရှေ့ဘက်၌ ရှိသောမြေကို ငါတို့သည် သိမ်းယူကြ၏။
9. ဟေရမုန်တောင်ကို ဇိဒုန်လူတို့သည် စိရုန်ဟူ၍ ၎င်း၊ အာမောရိလူတို့သည် ရှုနိရဟူ၍၎င်း ခေါ်ဝေါ်ကြ၏။
10. ချိုင့်၌ ရှိသမျှသောမြို့တို့နှင့် ဂိလဒ်ပြည် တရှောက်လုံး၊ ဩဃမင်း၏ နိုင်ငံအဝင်၊ သာလကမြို့၊ ဧဒြမြို့တိုင်အောင် ဗာရှန်ပြည်တရှောက်လုံးကို သိမ်းယူ ကြ၏။
11. အလွန်ကြီးမားသော လူမျိုးမှ ဆင်းသက်သော ဗာရှန်ရှင်ဘုရင် ဩဃတယောက်တည်းသာ ကျန်ကြွင်း ၏။ လူအတောင်အားဖြင့် အလျားကိုးတောင်၊ အနံလေး တောင်ရှိသော သူ၏ သံခုတင်သည် အမ္မုန်ပြည် ရဗ္ဗတ်မြို့ ၌ ရှိသည်မဟုတ်လော။
12. ထိုအခါ ငါတို့သိမ်းယူသောမြေကို၊ အာနုန်မြစ် နားတွင်ရှိသော အာရော်မြို့မှစ၍ ဂိလဒ်တောင် တဝက် တိုင်အောင်၊ မြို့များနှင့်တကွ ရုဗင်အမျိုးသား၊ ဂဒ်အမျိုး သားတို့အား ငါပေး၏။
13. ဂိလဒ်တောင်တဝက်နှင့် ဩဃမင်းအစိုးရသော နိုင်ငံအဝင်၊ အလွန်ကြီးမားသော လူမျိုးနေရာဟူ၍ ခေါ်ဝေါ်သော အာဂေါဘတိုင်း၊ ဗာရှန်ပြည်တပြည် လုံးကို မနာရှေအမျိုးသားတဝက်အား ငါပေး၏။
14. မနာရှေအမျိုးသား ယာဣရသည်၊ အာဂေါဘ တိုင်း တတိုင်းလုံးကို ဂေရှုရရွာ၊ မာခါရွာအထိ သိမ်းယူ ပြီးမှ၊ ယနေ့တိုင်အောင် မိမိအမည်ကို လိုက်၍ ဗာရှန် ဟာဝုတ်ယာဣရပြည်ဟု သမုတ်လေ၏။
15. ဂိလဒ်မြို့ကိုကား၊ မာခိရအမျိုးသားတို့အား ငါပေး၏။
16. ရုဗင်အမျိုးသား၊ ဂဒ်အမျိုးသားတို့အားလည်း၊ ဂိလဒ်မြို့မှ အာနုန်မြစ်တိုင်အောင်၊ မြစ်ကွေ့သော မြေနှင့် တကွ၊ အမ္မုန်ပြည်အပိုင်းအခြားဖြစ်သော ယဗ္ဗုတ်မြစ် တိုင်အောင် မြေတရှောက်လုံးကို၎င်း၊
17. လွင်ပြင်နှင့်တကွ ယော်ဒန်မြစ်နား၊ ဂနေသရက် အရပ်မှ လွင်ပြင်နှင့်ဆိုင်သော သောဒုံအိုင်အရှေ့၊ အာဇုတ်ဝိသဂါမြို့တိုင်အောင်၊ မြေတရှောက်လုံးကို၎င်း ငါပေး၏။
18. ထိုအခါ ငါက၊ သင်တို့၏ဘုရားသခင် ထာဝရ ဘုရားသည် ဤမြေကို သင်တို့အား အပိုင်ပေးတော်မူပြီ။ သို့ရာတွင် စစ်တိုက်တတ်သော သူအပေါင်းတို့သည် လက်နက်ကိုကိုင်၍၊ သင်တို့ညီအစ်ကို ဣသရေလအမျိုး သားတို့ရှေ့မှာ ကူးသွားရကြမည်။
19. ထာဝရဘုရားသည် သင်တို့အား ချမ်းသာပေး တော်မူသည်နည်းတူ၊ ညီအစ်ကိုတို့အား ပေးတော်မမူမှီတိုင်အောင် ၎င်း၊ ယော်ဒန်မြစ်တဘက်၌ သင်တို့၏ ဘုရား သခင် ထာဝရဘုရားပေးတော်မူသောမြေကို သူတို့သည် မသိမ်းမယူမှီတိုင်အောင်၎င်း၊ သင်တို့မယား၊ သားသူငယ် များ၊ တိရစ္ဆာန်များတို့သည် ငါပေးသောမြို့တို့၌ နေရကြ မည်။
20. သင်တို့တွင် တိရစ္ဆာန်များစွာရှိသည်ကို ငါသိ၏။ အမှုပြီးမှငါပေးနှင့်သည်အ တိုင်း၊ သင်တို့ရှိသမျှသည် အသီးအသီး ပိုင်ထိုက်သောမြေသို့ ပြန်လာရကြမည်ဟု သင်တို့အား ငါမှာထား၏။
21. ထိုအခါ ယောရှုကိုလည်း၊ သင်၏ဘုရားသခင် ထာဝရဘုရားသည် ဤရှင်နှစ်ပါး၌ ပြုတော်မူသောအမှု အလုံးစုံကို သင်သည် ကိုယ်တိုင်မြင်ရပြီ။ ထိုအတူ၊ ထာဝရဘုရားသည် သင်ရောက်သမျှသော တိုင်းနိုင်ငံတို့၌ ပြုတော်မူလိမ့်မည်။
22. ထိုသူတို့ကို မကြောက်နှင့်။ ငါ၏ဘုရားသခင် ထာဝရဘုရားသည် သင့်ဘက်၌ စစ်ကူတော်မူမည်ဟု ငါမှာထားလေ၏။
23. ထိုအခါ ထာဝရဘုရားကို ငါတောင်းပန်သည် ကား၊
24. အိုအရှင်ထာဝရဘုရား၊ ကိုယ်တော်သည် ကိုယ် တော်ကျွန်အား တန်ခိုးအာနုဘော်တော်ကို၎င်း၊ အားကြီး သော လက်တော်ကို၎င်း ပြစပြုတော်မူပြီ။ ကိုယ်တော် စီရင်၍ တန်ခိုးတော်ကို ပြသည်အတိုင်း၊ ကောင်းကင် မြေကြီးပေါ်မှာ အဘယ်မည်သော ဘုရားပြုနိုင်ပါ သနည်း။
25. အကျွန်ုပ်သည် ယော်ဒန်မြစ်တဘက်သို့ကူး၍၊ ထိုကောင်းမွန်သောပြည်နှင့် လေဗနုန်တောင်မှစ၍ တင့်တယ်သော တောင်များကို မြင်ရမည်အကြောင်း အခွင့်ပေးတော်မူပါဟု တောင်းပန်သော်လည်း၊
26. ထာဝရဘုရားသည် သင်တို့အတွက် ငါ့ကို အမျက်ထွက်တော်မူသောကြောင့်၊ ငါ့စကားကို နား ထောင်တော်မမူ။ ထာဝရဘုရားကလည်း၊ တန်တော့၊ ဤအမှုနှင့်ဆိုင်သော စကားကို နောက်တဖန် မလျှောက် နှင့်။
27. ပိသဂါတောင်ထိပ်ပေါ်သို့ တက်ပြီးလျှင်၊ အရှေ့၊ အနောက်၊ တောင်၊ မြောက် လေးမျက်နှာသို့မြော်၍ ထိုပြည်ကို ကြည့်ရှုလော့။ ယော်ဒန်မြစ်ကို မကူးရ။
28. သို့ရာတွင် ယောရှုကိုမှာခဲ့၍ အားပေးလော့။ မစထောက်ပင့်လော့။ သူသည် ဤလူမျိုးရှေ့မှာသွား၍၊ သင်မြင်ရသောပြည်ကို အမွေခံစေရမည်ဟု ငါ့အား မိန့်တော်မူ၏။
29. ထိုသို့ ငါတို့သည် ဗက်ပေဂုရမြို့တဘက်၌ ရှိသော ချိုင့်တွင် နေရကြ၏။
About တရားဟောရာ Chapter 3
Read တရားဟောရာ Chapter 3 online from the Holy Bible. This chapter is part of the Book of တရားဟောရာ in the Old Testament. Continue reading with the chapter navigation above or explore the complete book.
Book Information
Book: တရားဟောရာ
Chapter: 3
Testament: Old Testament
How to Read this Chapter
Use the Previous and Next Chapter buttons to continue reading တရားဟောရာ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.
More Resources
Continue Reading the Bible
Continue reading တရားဟောရာ Chapter 3 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.
Frequently Asked Questions
What is တရားဟောရာ Chapter 3?
တရားဟောရာ Chapter 3 is part of the Book of တရားဟောရာ in the Holy Bible.
Can I read this chapter online?
Yes. You can read the complete တရားဟောရာ Chapter 3 online for free with easy chapter navigation.
More Chapters from တရားဟောရာ
- တရားဟောရာ Chapter 29
- တရားဟောရာ Chapter 10
- တရားဟောရာ Chapter 28
- တရားဟောရာ Chapter 12
- တရားဟောရာ Chapter 31
- တရားဟောရာ Chapter 21
- တရားဟောရာ Chapter 33
Explore More from ဓမ္မဟောင်းကျမ်း
- ဆာလံ Chapter 2
- ကမ္ဘာဦး Chapter 24
- ယေရမိ Chapter 30
- ယေဇကျေလ Chapter 28
- မြည်တမ်း Chapter 2
- ဟေရှာယ Chapter 10
- ယောဘ Chapter 28