ဟေရှာယ Chapter 39

For English

Read ဟေရှာယ Chapter 39 Online

Read ဟေရှာယ Chapter 39 online from the Holy Bible. This chapter is part of the Book of ဟေရှာယ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ဟေရှာယ and the Holy Bible online.

Choose a Chapter

ဟေရှာယ 39

အခန်း 39

1. ထိုကာလအခါ ဗာလဒန်သား၊ ဗာဗုလုန်မင်းကြီး မေရောဒပ္ဗါလဒန်သည် ဟေဇကိမင်း နာ၍၊ အနာ ပျောက်သည်ကို ကြားသောကြောင့်၊ မေတ္တာစာနှင့် လက် ဆောင်ပါလျက်၊ တမန်တို့ကို စေလွှတ်လေ၏။

2. ဟေဇကိမင်းသည် သူတို့ရောက်သောကြောင့် ဝမ်းမြောက်၍၊ ရွှေတိုက်မှစသော ရွှေတိုက်မှစသော ရွှေ၊ ငွေ၊ နံ့သာမျိုး၊ အဘိုးထိုက်သော နံ့သာဆီ၊ လက်နက် တိုက်နှင့် ဘဏ္ဍာတော်အလုံးစုံတို့ကို ပြလေ၏။ နန်းတော်မှစ၍ နိုင်ငံတော်အရပ်ရပ်၌ မပြသောအရာ တစုံတခုမျှ မရှိ။

3. ထိုအခါ ပရောဖက် ဟေရှာယသည် ဟေဇကိ မင်းကြီးထံတော်သို့သွား၍၊ ထိုသူတို့သည် အဘယ်သို့ ပြောကြပါသနည်း။ အဘယ်ပြည်မှ အထံတော်သို့ လာကြပါသနည်းဟု မေးလျှောက်သော်၊ ဟေဇကိမင်းက၊ ဝေးသောအရပ်၊ ဗာဗုလုန်ပြည်မှ ရောက်လာကြသည်ဟု ပြန်ပြော၏။

4. နန်းတော်၌ အဘယ်အရာကို မြင်ကြပြီနည်းဟု မေးပြန်လျှင်၊ ဟေဇကိမင်းက၊ နန်းတော်၌ ရှိသမျှကို မြင်ရကြပြီ။ ဘဏ္ဍာတော်တွင် ငါမပြသောအရာ တစုံတခု မျှ မရှိဟုပြန်ပြော၏။

5. ထိုအခါ ဟေရှာယက၊ ကောင်းကင်ဗိုလ်ခြေ အရှင်ထာဝရဘုရား၏ နှုတ်ကပတ်တော်ကို နားထောင်လော့။

6. နန်းတော်၌ ရှိသမျှကို၎င်း၊ ယနေ့တိုင်အောင် ဘိုးဘေးတို့သည် ဆည်းဖူးသမျှကို၎င်း၊ ဗာဗုလုန်မြို့သို့ ယူသွားရသော ကာလသည် ရောက်လိမ့်မည်။ တစုံတခုမျှ မကျန်ကြွင်းရဟု ထာဝရဘုရား မိန့်တော်မူ၏။

7. သင်နှင့်နွှယ်၍ရသော သင်၏ သားမြေးတို့ကို လည်း ယူသွား၍၊ သူတို့သည် ဗာဗုလုန်ရှင်ဘုရင်၏ နန်းတော်၌၊ လူပျိုတော်လုပ်ရကြလိမ့်မည်ဟု ဟေဇကိ မင်းအား ပြောဆိုလေ၏။

8. ဟေဇကိမင်းကလည်း၊ သင်ပြန်ရသော ထာဝရ ဘုရား၏ နှုတ်ကပတ်တော် ကောင်းပါ၏ဟူ၍၎င်း၊ အကယ်စင်စစ် ငါ့လက်ထက်၌ ငြိမ်သက်ခြင်းနှင့် သစ္စာ စောင့်ခြင်းရှိရလိမ့်မည် ဟူ၍၎င်း၊ ဟေရှာယအား ဆိုလေ ၏။

About ဟေရှာယ Chapter 39

Read ဟေရှာယ Chapter 39 online from the Holy Bible. This chapter is part of the Book of ဟေရှာယ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ဟေရှာယ
Chapter: 39
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ဟေရှာယ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ဟေရှာယ Chapter 39 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ဟေရှာယ Chapter 39?

ဟေရှာယ Chapter 39 is part of the Book of ဟေရှာယ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ဟေရှာယ Chapter 39 online for free with easy chapter navigation.

More Chapters from ဓမ္မဟောင်း‌ကျမ်း

  1. ၂ ရာဇဝင်ချုပ် Chapter 15
  2. ယောဘ Chapter 16
  3. ၂ ရာဇဝင်ချုပ် Chapter 35
  4. ဧဇရ Chapter 5
  5. ၂ ရာဇဝင်ချုပ် Chapter 28
  6. ၂ ရာဇဝင်ချုပ် Chapter 27
  7. ၂ ရာဇဝင်ချုပ် Chapter 9

Explore More from ဟေရှာယ

  1. ဟေရှာယ Chapter 24
  2. ဟေရှာယ Chapter 31
  3. ဟေရှာယ Chapter 43
  4. ဟေရှာယ Chapter 54
  5. ဟေရှာယ Chapter 49
  6. ဟေရှာယ Chapter 7
  7. ဟေရှာယ Chapter 21

Related Chapters & Readings

  1. ဆာလံ Chapter 125
  2. ဧဖက် Chapter 2
  3. ဆာလံ Chapter 10
  4. နေဟမိ Chapter 5
  5. ကမ္ဘာဦး Chapter 31
  6. ယေဇကျေလ Chapter 39
  7. ဆာလံ Chapter 127
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *