သုတ္တံ Chapter 10

For English

Read သုတ္တံ Chapter 10 Online

Read သုတ္တံ Chapter 10 online from the Holy Bible. This chapter is part of the Book of သုတ္တံ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of သုတ္တံ and the Holy Bible online.

Choose a Chapter

သုတ္တံ 10

အခန်း 10

1. ရှောလမုန်မင်း၏ သုတ္တံစကားဟူမူကား၊ ပညာ ရှိသောသားသည် အဘဝမ်းမြောက်ခြင်းအကြောင်း၊ မိုက် သောသားမူကား၊ အမိဝမ်းနည်းခြင်းအကြောင်းကို ဖြစ်စေတတ်၏။

2. မတရားသောဥစ္စာဘဏ္ဍာသည် အကျိုးမရှိ။ ဖြောင့်မတ်ခြင်းပါရမီမူကား၊ သေခြင်းမှ ကယ်တင်တတ် ၏။

3. ဖြောင့်မတ်သော သူကိုငတ်၍ သေစေခြင်းငှါ၊ ထာဝရဘုရားသည် အခွင့်ပေးတော်မမူ။ မတရားသော သူတို့၏ အဓမ္မအမှုကိုကား ဖျက်ဆီးတော်မူ၏။

4. ပျင်းရိသောသူသည် ဆင်းရဲခြင်း၊ လုံ့လဝိရိယ ရှိသောသူသည် ကြွယ်ဝခြင်းသို့ ရောက်တတ်၏။

5. အသီးသီးသောအချိန်၌ သိမ်းယူသောသူသည် ပညာရှိသောသား ဖြစ်၏။ စပါးရိတ်ရာကာလ၌ အိပ် တတ်သောသူမူကား၊ အရှက်ခွဲတတ်သောသားဖြစ်၏။

6. တရားသောသူ၏ခေါင်းပေါ်မှာ မင်္ဂလာ သက် ရောက်တတ်၏။ မတရားသောသူ၏နှုတ်ကိုကား ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။

7. တရားသောသူကို အောက်မေ့သောအခါ ကောင်းကြီးပေးတတ်၏။ မတရားသောသူ၏နာမမူကား ပုပ်ပျက်တတ်၏။

8. လိမ္မာသောသူသည် ပညတ်တရားကို ခံတတ်၏။

9. ဖြောင့်မတ်ခြင်းလမ်းသို့ လိုက်သောသူသည် အနင်းမှန်လိမ့်မည်။ ကောက်သောလမ်းသို့လိုက်သော သူမူကား၊ သဘောထင်ရှားလိမ့်မည်။

10. မျက်စိမှိတ်သောသူသည် စိတ်ကိုပူစေတတ်၏။ စကားများသော လူမိုက်မူကားဆုံးရှုံးတတ်၏။

11. ဖြောင့်မတ်သောသူ၏နှုတ်သည် အသက်ရေ တွင်းဖြစ်၏။ မတရားသောသူ၏ နှုတ်ကိုကား၊ ညှဉ်းဆဲ ခြင်းအပြစ်သည် ပိတ်လိမ့်မည်။

12. မုန်းသောစိတ်သည် ရန်တွေ့ရာသို့ တိုက်တွန်း တတ်၏။ ချစ်သော စိတ်မူကား၊ ခပ်သိမ်းသော အပြစ် တို့ကို ဖုံးအုပ်တတ်၏။

13. ဥာဏ်ကောင်းသောသူသည် ပညာစကားကို ပြောတတ်၏။ ဥာဏ်မဲ့သောသူ၏ကျောအဘို့မူကား ကြိမ်လုံးရှိ၏။

14. ပညာရှိသောသူတို့သည် ကြားသိသောအရာကို သိမ်းထားတတ်၏။ မိုက်သောသူ၏နှုတ်မူကား၊ အကျိုး နည်းခြင်းနှင့်နီးစပ်၏။

15. ငွေရတတ်သောသူ၏ စည်းစိမ်သည် သူ၏ခိုင်ခံ့ သောမြို့ဖြစ်၏။ ဆင်းရဲသားတို့၏ဆင်းရဲခြင်းမူကား၊ သူတို့၏ အကျိုးနည်းကြောင်းဖြစ်၏။

16. ဖြောင့်မတ်သောသူ၏အလုပ်အကိုင်သည် အသက်နှင့်၎င်း၊ မတရားသောသူ၏ အကျိုးစီးပွါးသည် အပြစ်နှင့်၎င်း ယှဉ်၏။

17. နည်းဥပဒေသကို စောင့်ရှောက်သောသူသည် အသက်လမ်းသို့ လိုက်တတ်၏။ ဆုံးမခြင်းကို ငြင်းပယ် သောသူမူကား လမ်းလွဲတတ်၏။

18. အငြိုးဖွဲ့သောသဘောကို မုသာနှုတ်ခမ်းဖြင့် ဖုံးထားသောသူ၊ သူ့အသရေပျက်အောင် ပြောတတ်သော သူသည် မိုက်သောသဘောရှိ၏။

19. စကားများသောအားဖြင့် အပြစ်ပါတတ်၏။ မိမိနှုတ်ကို ချုပ်တည်းသော သူမူကား ပညာရှိ၏။

20. ဖြောင့်မတ်သောသူ၏လျှာသည် ငွေစင်နှင့်တူ ၏။ ဆိုးသောသူ ၏ နှလုံးမူကား အဘိုးမထိုက်။

21. ဖြောင့်မတ်သော သူ၏နှုတ်ခမ်းတို့သည် လူအ များကို ကျွေးတတ်၏။ မိုက်သောသူတို့မူကား၊ ဥာဏ်မ ရှိသောကြောင့် သေကြလိမ့် မည်။

22. ထာဝရဘုရား၏ ကောင်းကြီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေ တတ်၏။ ထိုစည်းစိမ်နှင့်လည်း၊ ဝမ်း နည်းခြင်းအကြောင်းကို ရောနှော တော်မမူ။

23. မိုက်သောသူသည် အပြစ်ပြုရာ၌ ပျော်မွေ့ တတ်၏။ ဥာဏ်ကောင်းသောသူမူကား ဆင်ခြင်တတ်၏။

24. မတရားသောသူကြောက်တတ်သော အမှုသည် သူ့အပေါ်သို့ ရောက်လိမ့်မည်။ ဖြောင့်မတ်သောသူ တောင့်တသော အကျိုးကိုကား၊ ဘုရားသခင် ပေးတော်မူ မည်။

25. မတရားသောသူသည် လွန်သွားသော လေဘွေ ကဲ့သို့ ပျောက်တတ်၏။ ဖြောင့်မတ်သောသူမူကား၊ မြဲမြံ သော တိုက်မြစ်ဖြစ်၏။

26. ပုံးရည်သည်သွား၌၎င်း၊ မီးခိုးသည် မျက်စိ၌ ၎င်း ဖြစ်သကဲ့သို့၊ ပျင်းရိသောသူသည် စေလွှတ်သော သူ၌ဖြစ်၏။

27. ထာဝရဘုရားကိုကြောက်ရွံ့သော သဘောသည် အသက်တာကို ရှည်စေတတ်၏။ မတရားသော သူ၏ နှစ်ပေါင်းကာလမူကား တိုတတ်၏။

28. ဖြောင့်မတ်သောသူ၏ မြော်လင့်ခြင်းသည် ဝမ်းမြောက်စရာအကြောင်းဖြစ်၏။ ဆိုးသောသူ၏ မြော်လင့်ခြင်းမူကား ပျောက်ပျက်လိမ့်မည်။

29. ထာဝရဘုရား၏ တရားလမ်းသည် ဖြောင့်မတ် သောသူ ခိုင်ခံ့ခြင်းအကြောင်း ဖြစ်၏။ မတရားသဖြင့် ကျင့်သောသူတို့မူကား၊ ပျက်စီးခြင်းသို့ ရောက်ရကြ လိမ့်မည်။

30. ဖြောင့်မတ်သောသူသည် အစဉ်မပြတ်နေရာမှ မရွေ့ရ။ မတရားသောသူမူကား၊ မြေပေါ်မှာ အတည် မကျရ။

31. ဖြောင့်မတ်သောသူ၏ နှုတ်မှပညာစကား ထွက် တတ်၏။ ကောက်လိမ်သော လျှာမူကား၊ အဖြတ်ခံရ လိမ့်မည်။

32. ဖြောင့်မတ်သောသူ၏ နှုတ်ခမ်းတို့သည် နှစ်သက်ဘွယ်သော အရာကို သိကျွမ်းတတ်၏။ မတရား သော သူတို့မူကား၊ ဆန့်ကျင်သော စကားကို ပြောတတ် ကြ၏။

About သုတ္တံ Chapter 10

Read သုတ္တံ Chapter 10 online from the Holy Bible. This chapter is part of the Book of သုတ္တံ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: သုတ္တံ
Chapter: 10
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading သုတ္တံ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading သုတ္တံ Chapter 10 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is သုတ္တံ Chapter 10?

သုတ္တံ Chapter 10 is part of the Book of သုတ္တံ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete သုတ္တံ Chapter 10 online for free with easy chapter navigation.

More Chapters from ဓမ္မဟောင်း‌ကျမ်း

  1. ဧဇရ Chapter 5
  2. ၂ ရာဇဝင်ချုပ် Chapter 15
  3. ယောဘ Chapter 16
  4. ၂ ရာဇဝင်ချုပ် Chapter 35
  5. ၂ ရာဇဝင်ချုပ် Chapter 28
  6. ၂ ရာဇဝင်ချုပ် Chapter 27
  7. ၂ ရာဇဝင်ချုပ် Chapter 9

Explore More from သုတ္တံ

  1. သုတ္တံ Chapter 22
  2. သုတ္တံ Chapter 4
  3. သုတ္တံ Chapter 25
  4. သုတ္တံ Chapter 8
  5. သုတ္တံ Chapter 19
  6. သုတ္တံ Chapter 31
  7. သုတ္တံ Chapter 15

Related Chapters & Readings

  1. တရားဟောရာ Chapter 17
  2. ၁ ရာဇဝင် Chapter 10
  3. ၁ ရာဇဝင် Chapter 18
  4. ဒေသနာ Chapter 11
  5. ဟေရှာယ Chapter 23
  6. ယောဘ Chapter 14
  7. ဗျာဒိတ် Chapter 16
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *