ဝတ်ပြုရာ Chapter 18

For English

Read ဝတ်ပြုရာ Chapter 18 Online

Read ဝတ်ပြုရာ Chapter 18 online from the Holy Bible. This chapter is part of the Book of ဝတ်ပြုရာ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ဝတ်ပြုရာ and the Holy Bible online.

Choose a Chapter

ဝတ်ပြုရာ 18

အခန်း 18

1. တဖန်မောရှေအား ထာဝရဘုရားက၊-

2. သင်သည် ဣသရေလအမျိုးသားတို့အား ဆင့်ဆိုရမည်မှာ၊ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရား ဖြစ်၏။

3. သင်တို့ နေဘူးသော အဲဂုတ္တုပြည်၏ အကျင့်ကို၎င်း၊ သင်တို့ကို ငါပို့ဆောင်လတံ့သော ခါနာန်ပြည်၏ အကျင့်ကို၎င်း၊ သင်တို့သည် မကျင့်၊ သူတို့ တရားလမ်းသို့ မလိုက်ရကြ။

4. ငါစီရင်ချက်ရှိသည်အတိုင်း ကျင့်၍၊ ငါ့ပညတ်တရားလမ်းသို့ လိုက်ခြင်းငှါ စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏။

5. ထိုကြောင့် ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုအကျင့်ကို ကျင့်သောသူသည် ထိုအကျင့်အားဖြင့် အသက်ရှင်လိမ့်မည်။ ငါသည် ထာဝရဘုရားဖြစ်၏။

6. သင်တို့တွင် အဘယ်သူမျှ ကိုယ်ပေါက်ဘော်တော်သောသူကို ချဉ်း၍ သံဝါသမပြုရ။ ငါသည် ထာဝရဘုရားဖြစ်၏။

7. သင်၏ အဘနှင့်သာဆိုင်သော သင်၏ အမိကို မချဉ်းရ။ ကိုယ်အမိ ဖြစ်သောကြောင့် သံဝါသမပြုရ။

8. ကိုယ်အဘ၏ မယားမည်သည်ကို မချဉ်းရ။ အဘနှင့်သာဆိုင်၏။

9. တအိမ်တည်း၌ မွေးဘွားသည်ဖြစ်စေ၊ အခြားသော အရပ်၌ မွေးဘွားသည်ဖြစ်စေ၊ သင်၏ နှမကို မချဉ်းရ။

10. ကိုယ်ရင်သွေးဖြစ်သော သင်၏မြေးကို မချဉ်းရ။

11. အမိခြားသော်လည်း တဘတည်းဖြစ်သော နှမကို မချဉ်းရ။

12. သင့်အဘ၏ ပေါက်ဘော်ရင်းဖြစ်သော အဘ၏ နှမကို၎င်း၊

13. သင့်အမိ၏ ပေါက်ဘော်ရင်းဖြစ်သော အမိ၏ ညီအစ်မကို၎င်း၊

14. အဘ၏ ညီအစ်ကိုနှင့်သာဆိုင်သော မိကြီး မိထွေးဖြစ်သော အဘ၏ ညီအစ်ကို မယားကို၎င်း၊

15. သား၏မယားတည်းဟူသော ချွေးမကို၎င်း၊

16. ညီအစ်ကိုနှင့်သာဆိုင်သော ညီအစ်ကို၏ မယားကို၎င်း၊ မချဉ်းရ။

17. ကိုယ်မယား၏ ပေါက်ဘော်ရင်းဖြစ်သော မယား၏သမီး၊ မယား၏ မြေးကို မချဉ်းရ။ မတရားသောအမှုဖြစ်၏။

18. ကိုယ်မယားကို နှောင့်ရှက်ခြင်းငှါ သူအသက်ရှင်စဉ်တွင် သူ၏ ညီအစ်မကို မသိမ်းရ။

19. ဥတုရောက်၍ မစင်ကြယ်သော မိန်းမကိုလည်း မချဉ်းရ။

20. ကိုယ်ကို ညစ်ညူးစေလျက်၊ သူ့မယားကို မပြစ်မှားရ။

21. သင်၏ သားသမီးတို့ကို၊ မောလုတ်ဘုရားအား မီးဖြင့် ပူဇော်ရ။ သင်၏ ဘုရားသခင် နာမတော်ကို မရှုတ်မချရ။ ငါသည် ထာဝရဘုရားဖြစ်၏။

22. မိန်းမနှင့် ပေါင်းဘော်သကဲ့သို့ ယောက်ျားချင်း မပေါင်းဘော်ရ။ ရွံရှာဘွယ်အမှုဖြစ်၏။

23. ကိုယ့်ကိုကိုယ် ညစ်ညူးစေ၍ တိရစ္ဆာန်နှင့်မပေါင်းဘော်ရ။ မိန်းမသည်လည်း မိမိနှင့် တိရစ္ဆာန်၏ ပေါင်းဘော်ခြင်းကို မခံရ။ ရွံရှာဘွယ်သော ရောနှောခြင်းဖြစ်၏။

24. ထိုသို့သော အမှုအားဖြင့် ကိုယ်ကို ကိုယ် မညစ်ညူးစေရ။ သင်တို့ရှေ့မှာ ငါနှင်ထုတ်သော လူအမျိုး မျိုးတို့သည်၊ ထိုသို့သောအမှုကို ပြု၍ ညစ်ညူးကြ၏။

25. သူတို့ ပြည်သည်လည်း ညစ်ညူး၏။ ညစ်ညူးသော အပြစ်ကြောင့် ငါဆုံးမ၍၊ ထိုပြည်သည် မိမိ သားတို့ကို အော့အန်လိမ့်မည်။

26. သင်တို့မူကား၊ ငါ့စီရင်ထုံးဖွဲ့ချက်တို့ကို စောင့်ရှောက်ရကြမည်။ ထိုပြည်သည် သင်တို့ရှေ့၌ရှိသော လူအမျိုးမျိုးတို့ကို အော့အန်သကဲ့သို့ တဖန် ညစ်ညူးခြင်းကိုခံ၍၊ သင်တို့ကို မအော့အန်စေခြင်းငှါ၊ ကိုယ်အမျိုးသားဖြစ်စေ၊

27. သင်တို့တွင် တည်းနေသော တပါးအမျိုးသားဖြစ်စေ၊ ထိုသို့သော ရွံ့ရှာဘွယ် အမှုတို့ကို မပြုရ။

28. သင်တို့ရှေ့၌ရှိသော ပြည်သားတို့သည် ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသော အားဖြင့် သူတို့ပြည်သည် ညစ်ညူးခြင်းရှိ၏။

29. ထိုသို့သော ရွံ့ရှာဘွယ်အမှုတို့ကို ပြုသောသူ မည်သည်ကား၊ သူ၏အမျိုးမှ ပယ်ရှင်းခြင်း ခံရမည်။

30. သို့ဖြစ်၍ သင်တို့ရှေ့၌ ပြူဘူးသော ထိုရွံ့ရှာဘွယ် ထုံးစံဓလေ့သို့ သင်တို့သည် လိုက်၍၊ ကိုယ့်ကိုကိုယ် မညစ်ညူးစေခြင်းငှါ၊ ငါ့ပညတ်တရားကို စောင့်ရှောက်ရကြမည်။ ငါသည် သင်တို့၏ ဘုရားသခင် ထာဝရဘုရားဖြစ်၏ဟု မိန့်တော်မူ၏။

About ဝတ်ပြုရာ Chapter 18

Read ဝတ်ပြုရာ Chapter 18 online from the Holy Bible. This chapter is part of the Book of ဝတ်ပြုရာ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ဝတ်ပြုရာ
Chapter: 18
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ဝတ်ပြုရာ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ဝတ်ပြုရာ Chapter 18 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ဝတ်ပြုရာ Chapter 18?

ဝတ်ပြုရာ Chapter 18 is part of the Book of ဝတ်ပြုရာ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ဝတ်ပြုရာ Chapter 18 online for free with easy chapter navigation.

More Chapters from ဓမ္မဟောင်း‌ကျမ်း

  1. ၂ ရာဇဝင်ချုပ် Chapter 35
  2. ယောဘ Chapter 16
  3. ဧဇရ Chapter 5
  4. ၂ ရာဇဝင်ချုပ် Chapter 9
  5. ၂ ရာဇဝင်ချုပ် Chapter 15
  6. ၂ ရာဇဝင်ချုပ် Chapter 28
  7. ၂ ရာဇဝင်ချုပ် Chapter 7

Explore More from ဝတ်ပြုရာ

  1. ဝတ်ပြုရာ Chapter 1
  2. ဝတ်ပြုရာ Chapter 17
  3. ဝတ်ပြုရာ Chapter 5
  4. ဝတ်ပြုရာ Chapter 16
  5. ဝတ်ပြုရာ Chapter 25
  6. ဝတ်ပြုရာ Chapter 15
  7. ဝတ်ပြုရာ Chapter 3

Related Chapters & Readings

  1. ၂ ရာမူ Chapter 3
  2. မာကု Chapter 5
  3. ယေရမိ Chapter 36
  4. ဝတ်ပြုရာ Chapter 7
  5. တမန်တော် Chapter 21
  6. ဟေရှာယ Chapter 32
  7. ဟေရှာယ Chapter 23
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *