ယေရမိ Chapter 28

For English

Read ယေရမိ Chapter 28 Online

Read ယေရမိ Chapter 28 online from the Holy Bible. This chapter is part of the Book of ယေရမိ in the Old Testament. Browse every verse with easy chapter navigation, continue to the next chapter, or explore the complete Book of ယေရမိ and the Holy Bible online.

Choose a Chapter

ယေရမိ 28

အခန်း 28

1. ထိုနှစ်တည်းဟူသော ယုဒရှင်ဘုရင် ဇေဒကိ နန်းစံ စတုတ္ထနှစ်၊ ပဥ္စမလတွင်၊ ဂိဗောင်မြို့နေ၊ အာဇု ရသားဟာနနိက၊

2. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်။

3. ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာသည် ဤအရပ်မှ ဗာဗုလုန်မြို့သို့ ယူသွားသောဗိမာန်တော် တန်ဆာအလုံးစုံတို့ကို နှစ်နှစ်အတွင်းတွင်၊ ဤအရပ်သို့ ငါဆောင်ခဲ့ဦးမည်။

4. ဗာဗုလုန်မြို့သို့ သိမ်းသွားသော ယုဒပြည်သား အပေါင်းတို့နှင့်တကွ၊ ယုဒရှင်ဘုရင် ယောယကိမ်သား ယေခေါနိမင်းကိုလည်း၊ ဤအရပ် သို့ငါဆောင်ခဲ့ဦးမည်။ ဗာဗုလုန်ရှင်ဘုရင်၏ ထမ်းဘိုးကို ငါချိုးမည်ဟု ထာဝရ ဘုရားမိန့်တော်မူကြောင်းကို၊ ဗိမာန်တော်၌ ယဇ် ပုရောဟိတ်များ၊ လူများအပေါင်းတို့ ရှေ့မှာ ငါ့အား ပြောဆို၏။

5. ထိုအခါ ပရောဖက် ယေရမိသည် ဗိမာန်တော်၌ ရပ်နေသော ယဇ်ပုရောဟိတ်များနှင့် လူများအပေါင်းတို့ ရှေ့မှာ၊ ပရောဖက်ဟာနနိအား ပြန်ပြောသည်ကား၊

6. အာမင်၊ ထာဝရဘုရား ပြုတော်မူပါစေသော။ ဗိမာန်တော်တန်ဆာများနှင့်တကွ၊ ဤအရပ်မှ ဗာဗုလုန် မြို့သို့ သိမ်းသွားသော သူများအပေါင်းတို့ကို၊ ထာဝရ ဘုရားသည် တဖန်ဆောင်ခဲ့၍၊ သင်ဟောပြောသော စကားမှန် ကြောင်းကို ပြတော်မူပါစေသော။

7. သို့ရာတွင်၊ သင်နှင့်တကွ လူအပေါင်းတို့အား ငါယခု ဟောပြောသော စကားကို နားထောင်လော့။

8. ငါတို့မဖြစ်မှီ ရှေးကာလ၌ဖြစ်ဘူးသော ပရော ဖက်တို့သည်၊ များပြားသော ပြည်၊ အားကြီးသော တိုင်း နိုင်ငံတို့ကို ရည်မှတ်၍၊ စစ်တိုက်မည်အကြောင်း၊ ဘေး ရောက်မည်အကြောင်း၊ ကာလနာပေါ်မည်အကြောင်း တို့ကို ဟောပြောတတ်ကြ၏။

9. ငြိမ်ဝပ်မည်အကြောင်းကို ဟောပြောသော ပရောဖက်ရှိလျှင်၊ သူ၏ စကားပြည့်စုံသောအခါ စင်စစ် ထာဝရဘုရား စေလွှတ်တော်မူသော ပရောဖက်ဖြစ် ကြောင်း ထင်ရှားလိမ့်မည်ဟု ပြောဆို၏။

10. ထိုအခါ ပရောဖက် ဟာနနိသည် ပရောဖက် ယေရမိလည်ပင်း မှ ထမ်းဘိုးကို ယူ၍ချိုးလျက်၊

11. ထာဝရဘုရား မိန့်တော်မူသည်ကား၊ ထိုသို့ လူအမျိုးမျိုးတို့၏ လည်ပင်းပေါ်မှာ ဗာဗုလုန် ရှင်ဘုရင် နေဗုခဒ်နေဇာ တင်သောထမ်းဘိုး ကိုနှစ်နှစ်အတွင်းတွင် ငါချိုးပယ်မည်ဟု မိန့်တော်မူကြောင်းကို၊ လူအပေါင်း တို့ရှေ့မှာ ပြောဆို၏။ ထိုအခါ ပရောဖက်ယေရမိသည် ထွက်သွားလေ၏။

12. ပရောဖက်ဟာ နနိသည် ပရောဖက် ယေရမိ၏ လည်ပင်းမှ ထမ်းဘိုးကို ချိုးပယ်သောနောက်၊ တဖန် ထာဝရဘုရား၏ နှုတ်ကပတ်တော်သည် ယေရမိသို့ ရောက်လာသည်ကား၊

13. သင်သွား၍ ထာဝရဘုရား၏ အမိန့်တော်ကို ဟာနနိအား ဆင့်ဆိုရမည်မှာ၊ သင်ချိုးသော သစ်သား ထမ်းဘိုးအစား၊ သံထမ်းဘိုးကို လုပ်ရမည်။

14. ဣသရေလအမျိုး၏ ဘုရားသခင်၊ ကောင်းကင် ဗိုလ်ခြေအရှင် ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဤလူမျိုးရှိသမျှတို့သည် ဗာဗုလုန်ရှင်ဘုရင် နေဗုခဒ် နေဇာ၏ အစေကို ခံစေခြင်းငှါ၊ သူတို့လည်ပင်းပေါ်မှာ သံထမ်းဘိုးကို ငါတင်ပြီ။ ထိုသူတို့သည် ထိုမင်း၏ အစေ ကို ခံရကြမည်။ တောတိရစ္ဆာန်များကိုလည်း၊ သူ၌ ငါအပ်ပေးပြီဟု မိန့်တော်မူ၏။

15. ပရောဖက် ယေရမိကလည်း၊ ဟာနနိ၊ နား ထောင်လော့။ ထာဝရဘုရားသည် သင့်ကို စေလွှတ် တော်မမူ။ ဤလူမျိုးသည် မုသာ၌ ခိုလှုံမည်အကြောင်းကို သင်ပြုတတ်၏။

16. ထိုကြောင့်၊ ထာဝရဘုရား မိန့်တော်မူသည်ကား၊ ဥင်သည်ထာဝရ ဘုရားကို ပုန်ကန်စေခြင်းငှါ သွန်သင်သော ကြောင့်၊ သင့်ကို မြေပြင်မှ ငါပယ်ရှင်းမည်။ ယခုနှစ်တွင် သင်သည် သေရမည်ဟု ပရောဖက်ဟာနနိ အား ပြောဆို၏။

17. ထိုသို့နှင့်အညီ ပရောဖက်ဟာနနိသည် ထိုနှစ် တွင်၊ သတ္တမလ၌ သေလေ၏။

About ယေရမိ Chapter 28

Read ယေရမိ Chapter 28 online from the Holy Bible. This chapter is part of the Book of ယေရမိ in the Old Testament. Continue reading with the chapter navigation above or explore the complete book.

Book Information

Book: ယေရမိ
Chapter: 28
Testament: Old Testament

How to Read this Chapter

Use the Previous and Next Chapter buttons to continue reading ယေရမိ. You can also adjust the font size for comfortable reading and browse other books of the Bible using the navigation links.

https://www.youtube.com/watch?v=rzsT_Q3KLzE

More Resources

Continue Reading the Bible

Continue reading ယေရမိ Chapter 28 and explore every book, chapter and verse of the Holy Bible. Use the navigation links above and below to move through the Scriptures with ease.

Frequently Asked Questions

What is ယေရမိ Chapter 28?

ယေရမိ Chapter 28 is part of the Book of ယေရမိ in the Holy Bible.

Can I read this chapter online?

Yes. You can read the complete ယေရမိ Chapter 28 online for free with easy chapter navigation.

More Chapters from ဓမ္မဟောင်း‌ကျမ်း

  1. ၂ ရာဇဝင်ချုပ် Chapter 35
  2. ယောဘ Chapter 16
  3. ဧဇရ Chapter 5
  4. ၂ ရာဇဝင်ချုပ် Chapter 15
  5. ၂ ရာဇဝင်ချုပ် Chapter 9
  6. ၂ ရာဇဝင်ချုပ် Chapter 28
  7. ၂ ရာဇဝင်ချုပ် Chapter 7

Explore More from ယေရမိ

  1. ယေရမိ Chapter 11
  2. ယေရမိ Chapter 38
  3. ယေရမိ Chapter 26
  4. ယေရမိ Chapter 9
  5. ယေရမိ Chapter 49
  6. ယေရမိ Chapter 45
  7. ယေရမိ Chapter 15

Related Chapters & Readings

  1. ဆာလံ Chapter 124
  2. ဆာလံ Chapter 49
  3. ၂ ရာဇဝင်ချုပ် Chapter 21
  4. တောလည်ရာ Chapter 28
  5. ၁ ရာဇဝင်ချုပ် Chapter 17
  6. ဆာလံ Chapter 30
  7. ယောဘ Chapter 3
Share Your Love

Leave a Reply

Your email address will not be published. Required fields are marked *